2019.08.08ENTERTAINMENT
Suwa Junko Live @ Sky Bistro
အဆိုတော် စုဝဂျွန်ကိုဟာ ဒီတစ်ခါမှာတော့ ပရိတ်သတ်ကို တိုက်ရိုက် Live ဖျော်ဖြေတင်ဆက်ပေးခဲ့တာပါ။ Live ဖျော်ဖြေမှုကို ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Sakura Tower အထပ်(၂၀)မှာရှိတဲ့ Thiripyitsaya Sky Bistro Restaurant & Bar မှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
အဆိုတော် စုဝဂျွန်ကိုရဲ့ သီဆိုဖျော်ဖြေမှုနှင့်ပတ်သက်ပြီး Live ကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တဲ့ တစ်ယောက်ချင်းစီရဲ့ ကြိုက်နှစ်သက်မိတဲ့ ကဏ္ဍလေးတွေကို စကားလက်ဆုံပြောဖြစ်ပုံကို Yangon Style မှ တင်ဆက်ပေးလိုက်ပါတယ်။
ဖျော်ဖြေတင်ဆက်မှု ပထမပိုင်း 😍💓🎤
စုဝစံရဲ့ Live ဖျော်ဖြေတာကို ဟိုအရင်ကတည်းက ကြည့်ချင်နေတာ။ ဒီတစ်ခါ စုဝစံကThiripyitsaya Sky Bistro မှာ လာဖျော်ဖြေပေးတော့ လက်လွတ်မခံဘဲ အစ်မတော့ သွားကြည့်လိုက်တယ်။
ညီမလည်း ကြည့်ချင်နေတာ၊ အစ်မလည်း အဖော်ရှိတော့ အဆင်ပြေသွားတယ်။ စုဝစံက အပြင်မှာ အရမ်းသဘောကောင်းပြီး အရမ်းလည်း ချစ်ဖို့ကောင်းတယ်နော်။
ဟုတ်တယ်။ ပြီးတော့ Live နားထောင်ကြည့်လိုက်တော့ စုဝစံရဲ့ ပင်ကိုအသံကာလာက ကြည်လင်ပြီး ချိုသာတာကလည်း ပိုပြီးပေါ်လွင်တယ်။
Band မပါဘဲ Piano ကို ကိုယ်တိုင်တီးခတ်ပြီး သီချင်းတွေ အများကြီး ဆိုပြသွားတာနော်။ ပထမပိုင်းမှာတင် သီချင်း ၇ ပုဒ်ကို တစ်ဆက်တည်းဆိုပြသွားတာ။
ပထမပိုင်းဖျော်ဖြေမှုတွေထဲက ၁၉၈၀ ဝန်းကျင်က နာမည်ကြီးခဲ့တဲ့ ဂျပန်အဆိုတော် Yutaka Ozaki ရဲ့ I Love You သီချင်းကို သူရဲ့ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်နဲ့ ပြန်ပြီးသီဆိုပေးခဲ့တာက SKY BISTRO Live Performance ညရဲ့ အကောင်းဆုံးတင်ဆက်မှုတစ်ခုလို့ အစ်မတော့ ယူဆတယ်။
အဲ့ဂျပန်သီချင်းလေးက ပထမဆုံးနားထောင်ဖူးတာဆိုပေမဲ့ နားထဲစွဲလွယ်ပြီး တော်တော်ကောင်းတဲ့ သီချင်းလေးနော်။ မဆုံဆည်းခဲ့နိုင်သူများ သီချင်းကို Piano Version နဲ့ ဆိုပြသွားတော့လည်း ငြိမ့်ငြိမ့်လေးနဲ့ တစ်မျိုးကောင်းနေပြန်ရော။
အေး။ အစ်ကိုလည်း သူ့ရဲ့ Mini Album နားထောင်ပြီးကတည်းက အဲ့သီချင်းကို ကြိုက်တာ။

ဘာသာစကားနဲ့ပတ်သက်ပြီး Talent ရှိတဲ့ စုဝစံက မြန်မာသီချင်းတွေအပြင် အင်္ဂလိပ်သီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်ဆိုပြနိုင်တယ်နော်။ You Raise Me Up အင်္ဂလိပ်သီချင်းလေး ဆိုပြသွားတာဆိုရင် အသံကြည်လင်ပြတ်သားပြီးနားထောင်လို့ ကောင်းတယ်။
ဟုတ်တယ်။ ဘာသာစကားကျွမ်းကျင်မှုက တစ်ပန်းသာသွားပြန်ရော။ သူဆိုပြတဲ့ အင်္ဂလိပ်သီချင်းတွေကို foreigner တွေလည်း သေသေချာချာလေး နားထောင်နေကြတာ တွေ့ရတယ်။
သူရဲ့နာမည်ကြီးသီချင်း Arigato ကိုတော့ ဂျပန်-မြန်မာ နှစ်ဘာသာလုံးနဲ့ဆိုပြသွားတာ ဂျပန်ပရိတ်သတ်တွေရော၊ မြန်မာပရိတ်သတ်တွေရော အကြိုက်တွေ့ကြတယ်။
အစ်မတော့ ပထမပိုင်းမှာဆိုပြသွားတဲ့ သီချင်းတွေ အကုန်ကြိုက်တယ်။
ဖျော်ဖြေတင်ဆက်မှု ဒုတိယပိုင်း 💓💯🎹
သူ တော်တော်ဆိုနိုင်တယ်နော်။ ပထမပိုင်းပြီးတော့ ခဏပဲ နားပြီး ဒုတိယပိုင်းမှာလည်း သီချင်းတွေ အများကြီး ထပ်ဆိုပေးသွားတယ်။
အင်း။ ဒုတိယပိုင်းမှာ ဆုန်သင်းပါရ်ရဲ့ တကယ်နောက်ဆုံးမှာ သီချင်းကို ဂျပန်-မြန်မာ နှစ်ဘာသာနဲ့ ဆိုပြသွားတာလည်း ကောင်းတာပဲ။
ကျွန်တော်အရင်က ရှေ့ကိုတိုးသီချင်း ကို မြန်မာလိုဆိုတာပဲ နားထောင်ဖူးတာ။ အခု Live မှာ အဲ့သီချင်းကို ဂျပန်လိုဆိုတာ ပထမဆုံးနားထောင်ဖူးတာ။ ဂျပန်လိုဆိုတာက အသံကိုဖွင့်ပြီးဆိုလို့လားမသိဘူး နားထောင်ရတာ ပိုပြီးခွန်အားဖြစ်စေတယ်။
အဲ့သီချင်းလေးက ဂျပန်လိုဆိုတာပိုကောင်းနေသလိုပဲ။ Cover ပြန်ဆိုပြတဲ့ ချစ်တက်လာပြီ သီချင်းလည်း ကောင်းတယ်။
ပရိတ်သတ်ရဲ့တောင်းဆိုမှု 😍💓🎹
သူက ပရိတ်သတ်ကိုလည်း အလေးထားတယ်။ အားလုံးဆိုပြီးသွားကာမှ ပရိတ်သတ်က ထပ်တောင်းဆိုတာကိုလည်း ဆိုပေးသွားသေးတယ်။ သူ့အသံလေးနဲ့ မောင် သီချင်းကို ဆိုပြသွားတာလည်း ချစ်ဖို့ကောင်းနေပြန်ရော။ အဲ့နေ့က သီချင်းနားထောင်ကောင်းနေလို့ အိမ်ပြန်တော့ တော်တော်နောက်ကျသွားတယ်။
ဟုတ်တယ်နော်။ ညီမလဲ နားထောင်ကောင်းနေလို့ နာရီကြည့်ဖို့တောင် မေ့သွားတယ်။ YBS မစောင့်နိုင်တော့လို့ Taxi နဲ့ ပြန်လိုက်ရတယ်။
သြော်၊ အကိုကတော့ အိမ်နီးလို့ လမ်းလျှောက်ပြန်ရုံပဲ။ August 8 ရက်နေ့ကျ SKY BISTRO မှာ ထပ်ဆိုအုံးမယ်တဲ့။ အဲ့ကျသွားကြည့်ကြအုံးမလား။
ကြည့်မယ်။ အတူတူသွားကြမယ်။
အစ်မလည်းလိုက်မယ်။ SKY BISTRO က Pizza လည်းအရမ်းစားကောင်းလို့ သီချင်းလည်းနားထောင်၊ Pizza လည်း ထပ်စားအုံးမယ်။
စုဝဂျွန်ကိုရဲ့အကောင်းဆုံးသီဆိုဖျော်ဖြေမှု၊ Thiripyitsaya SKY BISTRO Restaurant & Bar ရဲ့ အရသာရှိလှတဲ့ စားသောက်ဖွယ်ရာများ၊ ရန်ကုန်မြို့ရဲ့ညအလှရှုခင်းတွေနဲ့ ပြီးပြည့်စုံတဲ့ ဂီတညလေးတစ်ခုအဖြစ် Yangon Style မှ မှတ်တမ်းတင်အပ်ပါတယ်။
By: Yangon Style
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

