2019.07.25ENTERTAINMENT
Tokyo Oden Boys ဖျော်ဖြေမှုနှင့်ပတ်သက်သည့် EBP Chat Room
ဇူလိုင်လ ၂၁ရက်နေ့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ဗဟိုလမ်းပေါ်ရှိ WaCafe တွင် ကျင်းပခဲ့သော Tokyo Oden Boys LIVE ဖျော်ဖြေမှုနှင့် ပတ်သတ်ပြီး စကားစမြည်းပြောမည့် အစီအစဉ်ပဲဖြစ်ပါတယ်။
Sunday တုန်းက Wa Cafe မှာ Tokyo Oden Boys Live သွားကြည့်ဖြစ်လား။
သွားကြည့်ဖြစ်တာပေါ့။
ငါမသွားဖြစ်ဘူး၊ ဘယ်လိုနေလဲ၊ ရယ်ရလား!
ရယ်ရတာပေါ့၊ ရယ်ရလွန်းလို့ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။
ငါလဲရယ်ချင်လိုက်တာ၊ ငါ့ကိုနည်းနည်းလောက် ပြောပြပါလားဟယ်။
တစ်ခန်းရပ်ဟာသတိုလေးတွေကို သရုပ်ဖော်သွားတာ သဘာဝကျပြီး အရမ်းလဲရယ်ရတယ်။
ဟုတ်ပါ့၊ ငါ့မျက်လုံးထဲမှာ အရယ်ရဆုံးကတော့ ဖက်တီးနင်ဂျာပဲ။
ဟယ်! ဟုတ်လား၊ သူဘယ်လိုဟာသလုပ်ခဲ့သလဲ!
၁၆နှစ်မသီချင်းကို တေးသံ(၃)မျိုးနဲ့ သရုပ်ဖော်သွားတာ တကယ်ရယ်ရတယ်။ ပြီးတော့ Free Beer Show မှာလဲ ပုပုဝဝခန္ဓာကိုယ်ကို အဆီတွေလိမ်းပြီး Under Wear နဲ့ထွက်လာတဲ့ပုံစံက ရယ်လိုက်ရတာဟယ်။
အဘဲစံ(မျက်မှန်ဆူရှီ)ကရော…
အဘဲစံက မြန်မာလိုပြောတာ ချစ်စရာလေး။ Free Beer Show မှာ ဘီယာလိုချင်လို့ မြန်မာဟန်ဆောင်ပြီး ကွမ်းယာစားပြတဲ့ပုံလေးက သနားဖို့လဲကောင်း၊ ရယ်လဲရယ်ရတယ်။
အေး၊ ဟုတ်တယ်နော် ၊ သနားပါတယ်။ သူမှကွမ်းမစားတက်တာနော်။
ဟဲ့၊ ငါ့ရဲ့ ကစ်တီလေးရော ဘယ်လိုဟာသလုပ်လဲ။
မြန်မာစကားသင်ခါက ဂျပန်လူမျိုးတစ်ယောက်ရဲ့ အသံထွက်အမှားတွေကို သရုပ်ဆောင်ပြသွားတာဟ။ တကယ်ရီရတယ်။
ဒါပဲလား။ အရှည်ကြီးရောလာလား။
မလာဘူး။ အရှည်ကြီးဂျပန်ပြန်သွားတယ်ထင်တယ်။ အကီစံတော့လာတယ်။
အကီစံရော ဘယ်လိုနေလဲ၊ ဟာသလုပ်တာ။
သူကမျက်လှည့် ဟာသလည်းလုပ်ပြတယ်။ ဒါပေမယ့် ငါကတော့ Free Beer Show မှာ Promotion ဆင်းတဲ့ပုံ သရုပ်ဆောင်ထားတာ ပိုကြိုက်တယ်။ ဘီယာက မြန်မာလူမျိုးတွေကိုပဲ အလကားပေးတာလေ၊ ဂျပန်လူမျိုးတွေက လာလာယူလို့ ယူလို့မရအောင် ဟာသနှောပြီး တင်ဆက်သွားတာ အရမ်းရယ်ရတယ်။
ငါ့မှာ Video ရိုက်ထားတာရှိတယ်။ နင်တို့ကြည့်ချင်ရင်ပေးမယ်။ ပြီးတော့ (၉)လပိုင်းမှာ နောက်တစ်ပွဲရှိသေးတယ်။ အဲ့ကျ အတူတူသွားကြည့်ကြမယ်။
အေး။ အဲ့ကျ ငါတို့လည်းလိုက်မယ်။
ငါ့ကိုလဲ ခေါ်ကြအုံးနော်။
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

