2019.07.26TRAVEL
🦋 အရှေ့တောင်အာရှရဲ့ အလှဆုံး မြန်မာပြည်က ဟိုက်ပါရေတံခွန် 🦋
သဒ္ဓါရှမ်းပြည်တောင်ပိုင်းရောက်တော့ အရမ်းကို လှတယ်လို့ နာမည်ကြီးနေတဲ့ မိုင်းရှူးမြို့နယ်ထဲမှာရှိတဲ့ ဟိုက်ပါ ရေတံခွန်ဆီသွားလည်ဖြစ်ခဲ့ပါတယ် ☘️
နမ့်စန်ကိုပဲ Base ထားပြီး လည်ပတ်ခဲ့တာပေါ့နော်။ ပထမတစ်ရက် ရှမ်းပုဂံ (ခေါ်) မိုးနဲမြို့ကိုလည်ပတ်ပြီး နောက်နေ့ မနက်စောစောထပြီး ထင်းရှူးမြိုင် ဟော်တည်က စီစဉ်ပေးတဲ့ ကားနဲ့ပဲ ဟိုက်ပါရေတံခွန်ကြီးဆီ ခရီးဆက်ခဲ့ကြပါတယ်။
🦋 မနက် (၇)နာရီမှာ Breakfast စားပြီး နမ့်စန်ကနေထွက်လာပါတယ်။ နမ့်စန် – ဟိုက်ပါက အသွား ၃ နာရီ အပြန် ၃ နာရီ ကားစီးချိန် ၆ နာရီကြာမြင့်အောင် သွားရပါတယ်။ နမ့်စန် – လဲချား – မိုင်းနောင် ကနေ မိုင်းရှူးသွားတဲ့ လမ်းမကြီးအတိုင်းသွားရပါတယ်။
တောင်ကြီးကနေ နေ့ချင်းပြန် သွားမယ်ဆိုရင်တော့ အသွားအပြန်ကြီးပဲ ၁၂ နာရီလောက်ကြာပြီး ပင်ပန်းမှာဆိုတော့ နမ့်စန်မှာပဲနေပြီးသွားရင် ပိုအဆင်ပြေမယ်လို့ထင်ပါ
တယ်။ မိုင်းရှူးမရောက်ခင် လမ်းခွဲကနေ ၆ မိုင်လောက်ဆက်မောင်းရင် ရင်သက်ရှူမောဖွယ် ဟိုက်ပါရေတံခွန်ရှိရာ
ဟိုက်ပါရွာလေးကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အရင်က ကန့်သတ်နယ်မြေဆိုတော့ နေရာတိုင်းမှာ စစ်ဆေးရေးဂိတ်
တွေရှိပါတယ်။
သဒ္ဓါတို့က ဟိုက်ပါကိုတန်းမသွားပဲ မိုင်းရှူးကြိူးတံတားနဲ့လဲ သိပ်မဝေးတော့ ရောက်လက်စနဲ့ မိုင်းရှူးကြိူးတံတားကိုပါ သွားရောက်လည်ပတ်ခဲ့ပါတယ်။😁
🦋 ကြိုးတံတားကနေပြန်လာပြီး ဟိုက်ပါရေတံခွန်ကို
ဆက်လာခဲ့ကြပါတယ်။ ခုချိန်သွားတော့ သွားရလာရအဆင်ပြေပါတယ်။ ရေတံခွန်နား လမ်းနဲနဲကြမ်းတာကလွဲလို့… မိုးတွင်းတော့ မသွားစေချင်ပါတယ် ရေတံခွန်လဲ ရေနောက်ပြီး သွားရလာရလဲ သိပ်အဆင်မပြေလို့ပါ။ ရေတံခွန်နားရောက်ပြီဆိုတာနဲ့ အရင်ဆုံးတွေ့ရမှာက ဟိုက်ပါရွာက
ရှမ်းကလေးတွေပါ😪
ကလေးတွေက ဟိုက်ပါကိုလာသမျှ ဧည့်သည်တွေကို ရှမ်းလိုပြောပီး ပိုက်ဆံတောင်းပါတယ်။ ကလေးတွေကြည့်ရတာလဲ အရမ်းသနားဖို့ကောင်းပါတယ်။ အဆင်ပြေရင်
ရန်ကုန်ကနေ အင်္ကျီဟောင်းလေးတွေ မုန့်လေးတွေ ထည့်သွားပီး လှူစေချင်ပါတယ်။ ၁၀ဝ၊ ၂၀ဝ ပေးတာထက်စာရင် သူတို့အတွက် ပိုပြီး တန်ဖိုးရှိမယ်ထင်ပါတယ်။
🦋 ကဲ..ပြီးရင်တော့ ဟိုက်ပါရေတံခွန်ကိုရောက်ပါပြီ😍 ဟိုက်ပါရေတံခွန်ဆိုတာ ပန်ချောင်းပေါ်မှာတည်ရှိနေတာပါ
လာရကျိူးနပ်ပါတယ် ဝါးလှလိုက်တာပေါ့ လှေစီးမယ်ဆိုပြီး ကားပေါ်က ပြေးဆင်းတော့တာပါပဲ 😆
အရင်ဆုံး လှေစီးပြီး အနီးကပ်ထပ်မြင်ချင်လို့ သဒ္ဓါကတော့ လှေဆိပ်ကိုအရင်သွားတာပါပဲ 🤗🤗 လှေစီးတာက
ရေတံခွန်နဲ့ ချောင်းတစ်ပတ်ပတ်ပေးပါတယ်။
တစ်ယောက်ကိုမှ ၂၀ဝ၀ ကျပ်ပါ။ Life Jacket လေးတွေ
ပေးပါတယ်။ ဝတ်ဖြစ်အောင်ဝတ်ပါနော် 🤨
လှေစီးပြီး ရေတံခွန် ရေကျနေတဲ့အနားထိ အနီးကပ်ကိုပို့ပေးတာနော် ရေမှုန်ရေမွှားလေးတွေကြား အမလေး
ပျော်လိုက်တာဆိုတာ ရေမမြင်ဖူးတဲ့လူကြနေတာပဲ😬
ခုလိုအရမ်းလှတဲ့ရေတံခွန်နဲ့ အနီးကပ် တစ်သားတည်း
ဆိုတော့ 🤩
ပြီးရင် ပန်ချောင်းထဲလှည့်မောင်းပြီး နောက်တစ်ခေါက်
ထပ်ပတ်ပေးပါတယ်။ ရေကြောက်တတ်တဲ့ မိသဒ္ဓါတို့ကတော့လှေဦးထိပ်ကကို မဆင်းဘူး သတိတော့ထားကြပါ ကိုယ်က စပ်စလူး နတ်ပူးမလို့သာ လှေပေါ် ဟိုလျှောက်
ဒီလျှောက်လုပ်နေတာ 😂 ရေတံခွန် ရေကျတဲ့နေရာတွေဆို ကြိူးတွေနဲ့ တားထားပါတယ်။ ဓာတ်ပုံတွေ အဝသာရိုက်ခဲ့ လှေစီးတုန်း…
🦋 လှေစီးပြီးရင် ရေတံခွန်နားက တဲလေးတွေမှာ နားပြီးလဲ သဘာဝအလှအပတွေကိ်ု ခံစားလို့ရပါသေးတယ် 😍 ဘယ်မှဆက်မသွားချင်တော့ဘူး အဲ့မှာပဲထိုင်ကြည့်နေချင်တော့တာ။ ဒါပေမဲ့လဲ မရပါဘူး ဒုတိယအဆင့်ကို ဆက်ချင်လို့ နေရာရှာရင်း ဆက်သွားတော့တာပါပဲ 🙄
ဟိုက်ပါရေတံခွန်က ရေကစားတဲ့နေရာ ရေတံခွန်အသေး
လေးတစ်ခုရှိပါတယ်။ အဲ့ရေတံခွန်နားမှာတော့ ရေကစားတဲ့ လူတွေအများကြီးရှိပါတယ်။ သဒ္ဓါတို့က အဲ့ရေတံခွန်ကိုကျော်ပြီး ဂျောင်ကြို ဂျောင်ကြားကနေ အပေါ်တက်တဲ့ လမ်းလေးတစ်ခုရှိပါတယ်။ တက်သွားတဲ့လူသိပ်မတွေ့ပါဘူး။ အဲ့ဒါနဲ့ ဆက်တက်သွားပြီး ခဏနေ ဒုတိယအဆင့်ကိုရောက်ပါတယ်။
အရမ်း… အရမ်းကို လှပါတယ်🤩🤭 ရေကျချက်ကလဲ
ကြောက်ဖို့ကောင်းလောက်အောင်ကို အရှိန်များပါတယ်။ တခြားကမ္ဘာရောက်သွားသလိုပဲနော် ဘာ Effect မှမလိုဘူး လှချက်ပဲ။ ဓာတ်ပုံတွေ ပိုးစိုးပတ်စက်ရိုက်လို့ရတယ်။
လူလဲမရှိဘူး 😁
ဒုတိယအဆင့်ကနေ အောက်က လှေစီးနေတဲ့နေရာကိုမြင်ရပါတယ်။ မရတော့ဘူး အောက်ကိုပြန်ကြည့်ချင်တာနဲ့ သံဇကာတွေကာထားတဲ့ အောက်ကခွေးတိုးပေါက်ကနေ တွားပီးဝင်သွားပါတော့တယ် 🤫🤫
🤧 တခြားလူတွေမသွားကြပါနဲ့နော် အန္တရယ်များတယ် လမ်းမရှိဘူး သံဇကာကို ကုတ်ဖတ်ပြီးသွားလိုက်တာပဲ ရေနံချေးတွေလဲပေးကျံ 😂😂
အဲ့ဒါနဲ့ တခြားလူတွေလဲ ဒုတိယအဆင့်ကိုတက်လာကြတယ် အပြင်က ကိုယ်တွေကိုကြည့်ပြီး အဲ့လူတွေ ဘယ်အပေါက်ကနေ ဝင်သွားတာလဲဆိုတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေကြပါတယ်။ ကိုယ်တွေလဲ ခဏရိုက်ပြီး ပြန်ထွက်လာခဲ့ကြပါတယ်။
🦋 အစားအသောက်နဲ့ ပတ်သတ်လို့ကတော့ ရေတံခွန်နားမှာ ခေါက်ဆွဲ အကင်နဲ့ ကော်ဖီ, အအေးလောက်ပဲရှိပါတယ်။ လမ်းမှာဝင်စားလာလဲရပါတယ်။ ဟိုက်ပါက အပြန် အချိန်ရတယ်ဆို နမ့်မောင်းရေတံခွန်ဆိုတဲ့ နေရာကိုလဲ ဝင်လို့ရပါတယ်။ သဒ္ဓါတို့က အချိန်မရတာနဲ့မဝင်ဖြစ်ခဲ့ပါဘူး။ ဟိုက်ပါသွားရတာနဲ့တင် ပင်ပန်းရကျိုးနပ်မယ်လို့ထင်ပါတယ်။
🦋 ပြီးတော့ ဟိုက်ပါ လိမ္မော်သီးဆိုတာ နာမည်ကြီးပါတယ်။ လမ်းတစ်လျှောက် အသီးအနှံများလဲ ဝယ်ယူအားပေးသွားလို့ရပါတယ်။ ညနေအပြန်ကျရင် နွားတွေ ထော်လာဂျီတွေတော့ သတိထားပါ လမ်းမပေါ်မှာ အမြဲဖြတ်သွားနေကြလို့ပါ။
ရှောင်ရန်/ ဆောင်ရန်အချက်များ ✔️
•••••••••••••••••••••••••••••••
✔️ ရေတံခွန်မှာ လုံးဝ ❌ လုံးဝ အမှိုက်မပစ်ပါနှင့်။
✔️ လှေစီးလျှင် ရေတံခွန်ရောက်လျှင် ပေါက်ကရမ
ပြောပါနဲ့ နတ်ကြီးတယ်လို့ပြောကြပါတယ်။
✔️ ရွာကကလေးများအတွက် တတ်နိုင်သလောက် မုန့်
နှင့် အဝတ်ဟောင်းများဖြစ်ဖြစ် လှူဒါန်းပေးစေချင်ပါ
တယ်။
✔️ ကားမူးတတ်သူများ ဆေးဆောင်သွားပါ
✔️ ဓာတ်ပုံလှလှလေးထွက်ချင်ရင် အရောင်တောက်
သည့်အဝတ်အထည်များဝတ်သွားပါ 😁
အဆင့်ပေါင်း ၁၁ ဆင့်ရှိတဲ့ အရှေ့တောင်အာရှရဲ့ အလှဆုံးရေတံခွန်ဆိုတဲ့ ဂုဏ်ပုဒ်လေးကို စည်းကမ်းရှိရှိနဲ့ ထိမ်းသိန်းနိုင်ကြပါစေရှင်🦋
သဒ္ဓါသွားတဲ့ လမ်းကြောင်းအတိုင်းရေးထားတာမို့
ဒီစာအရှည်ကြီးကို အဆုံးထိဖတ်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🦋💜

အဲ့ရေမှုန်ရေမွှားလေးတွေ နားထိသွားတာနော် 🦋

ပန်ချောင်းမှာ ☘️

နောက်မှာ ရေတံခွန်ကြီးနဲ့ 🦋

အပြင်မှာပိုလှပါတယ်
ရေအရောင်လဲ ပုံထဲကအတိုင်းပဲ

စက်လှေစီးနေကြသူတွေ

ဒါက ထိုင်နေတဲ့ တဲလေးကတေ လှမ်းရိုက်ထားတာ

ပျော်နေသော မိသဒ္ဓါလေး
အဲ့နေရာကတေ လှေဦးကို သွားလိုက် ပြန်ထိုင်လိုက် 😂

တဲလေးကနေ မထချင်တော့ဘူး

ဒီဘက်အခြမ်းမှာ ရေတံခွန်အသေးလေးနဲ့ ရေဆော့ကြသူတွေ

Woooooooဒုတိယအဆင့်ပါ
အပြင်မှာတော့ ပြောရက်စရာမရှိအောင်လှပါတယ်

ရေသံတွေကလဲ ကြောက်စရာကောင်းလောက်အောင်ပါပဲ
ရေစီးကလဲအရမ်းကြမ်းပါတယ်

အောက်မှာ ခုနက လှေစီးခဲ့တဲ့နေရာကိုပြန်ကြည့်လို့ရတယ်

သံဇကာအောက် သွားထားတာလေး 😝

ဖြစ်နိုင်ရင် နောက်တစ်ဆင့်ရှာပီး သွားချင်တာ

360 photo

ဟိုက်ပါက လှေနဲ့ ဆိုင်ခန်းလေးတွေ

ဈေးဆိုင်ခန်းတွေ💜

နွားအုပ်တွေ ကြည့်ရှောင်ကြပါ

မိုင်းနောင်မြို့မှာ ဓာတ်ပုံဆင်းရိုက်

မိုင်းရှူးရတနာမြေမှ မိုင်းရှူးကြိုးတံတား

ဟိုက်ပါကျေးရွာ

အပေါ်စီးကမြင်ရမယ့် ဟိုက်ပါ ရေတံခွန်
Photo – crd

နမ့်စန်က ၁၅၀ဝ၀ တန်စကောထမင်း
လူ ၄ယောက်စားလို့ရတယ် 😎
အခြား လမ်းခရီးသွားလာရေး၊ တည်းခိုမှုကိစ္စများ သိချင်ရင်လဲ Chat Box မှာ မေးမြန်နိုင်ပါတယ်ရှင့်
တင်ထားတဲ့ပုံများမှာလဲ Effect တွေလုံးဝမပါပါဘူးနော်။ 😁✨
#TDTravelNotes
#Travelholic
#HaiPar #SouthernShanState
#Myanmar #Waterfall
IG – aye_thader_hlaing 🤗
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

