2019.07.31TRAVEL
တိမ်မြှုပ်နေသော အလှတရားများနှင့် ကျိုင်းတောင်း🏔🏞
ကဲ….. လာအချစ်ရေ အနားယူမယ် အပူရှောင်မယ် တိမ်မြှုပ်နေတဲ့ မြို့ပြရဲ့မွန်းကြပ်မှုတွေ၊ ဖုန်းလိုင်းတွေနဲ့ဝေးရာ ကျိုင်းတောင်းရေတံခွန်ကြီးဆီ သွားကြမယ်ကွယ်…….🏃🏼♀️💦
ဒီတစ်ခါတော့ ပုန်းလျှိုးနစ်မြှုပ်နေတဲ့ အလှတရားတွေနဲ့ social media တွေရဲ့အပြင်ဖက်က ကျိုင်းတောင်းရေတံခွန်ကြီးဆီကို TD နဲ့အတူ ခဏလေး ခေါ်သွားမယ်နော် 😍😍😍 ကျိုင်းတောင်းရေတံခွန်ကို ၂ ခေါက်မြောက်ရောက်မှပဲ ဒီစာလေးကိုရေးဖြစ်တော့တယ်။
ကျိုင်းတောင်းမြို့လေးဆိုတာ TD တို့ကြားဖူးခဲဲ့တဲ့ ချစ်ဇာတ်လမ်းပုံပြင်လေးမှာပါတဲ့ ဇာတ်လိုက်မင်းသား
ခွန်ဆမ်လောရဲ့ ဇာတိမြို့လေးပဲဖြစ်ပါတယ်။ ခွန်ဆမ်လောနဲ့ နန်းဦးပြင်ရဲ့ ချစ်ပုံပြင်လေးကတော့ လူတိုင်းကြားဖူးကြမှာပါ။ မကြားဖူးသေးရင်တော့ ဒီ Link မှာဝင်ပြီး ဖတ်လို့ရပါတယ်
💕🔻🔻🔻🔻🔻🔻🔻🔻
https://www.facebook.com/648027725593501/posts/725374901192116?s=100005221459205&v=i&sfns=xmo
အရင်ကဆို ကျိုင်းတောင်းမြို့လေးဟာ နယ်မြေမငြိမ်သက်တဲ့ အတွက် ကန့်သတ်ထားတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလောက်လှတဲ့ရေတံခွန်ကြီး ရှိရက်နဲ့ သွားလို့မရတဲ့နေရာလေးတစ်ခုပေါ့။ အဲ့အချိန်တည်းက သွားချင်ခဲ့တာ ခုတော့ နယ်မြေငြိမ်သက်ပြီး အေးချမ်းသွားပြီဆိုတော့ ဆန္ဒလေးလဲပြည့်သွားပါပြီ။
ခရီးသွားတာဝါသနာပါသူတစ်ယောက် (သို့) အရိုင်းဆန်ပြီး တိမ်မြှုပ်နေတဲ့ အလှတွေကိုမှ ခံစားချင်သာအတွက်ကတော့ ကျိုင်းတောင်းရေတံခွန်က မသွားမဖြစ်နေရာလေးတစ်ခုပါ။✔️
ကျိုင်းတောင်းရေတံခွန်က ရေအားလျှပ်စစ်ထုတ်လုပ်ရာရေတံခွန်ကြီးတစ်ခုလဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ခုနှစ်တန်းသွယ်စီးကျနေသော ရေတံခွန်ကြီး တစ်ခုလဲဖြစ်ပါတယ်။ မိုးတွင်းသွားမယ်ဆိုရင်တော့ ရေတံခွန် ၇ ခုလုံးကိုမြင်နိုင်မှာဖြစ်ပြီး အဲ့အချိန် ရေစီးအရမ်းသန်တဲ့အတွက် ရေတံခွန်ရဲ့အနီးဆုံးအထိတော့ ကပ်လို့ရမှာ မဟုတ်ပါဘူး။ ပြီးတော့ ရေနောက်တဲ့အချိန်လည်း ဖြစ်ပါတယ်။ နွေဦးရာသီနှင့် ဆောင်းရာသီကတော့ သွားလို့အကောင်းဆုံးပါပဲ။ ရေတွေလဲ စိမ်းပြီး ရေစီးအရမ်းမသံတဲ့အတွက်ကြောင့် ရေတံခွန်နားက ကျောက်ဆောင်တွေပေါ်အထိတက်လို့ရပါတယ်။
ဒီထဲမှာမှ ကိုယ်ကဘယ်လိုပုံစံကြိူက်လဲရွေးချယ်ပြီး သွားလို့ရတာပေါ့ 🔷 TD ရဲ့ပုံတွေထဲမှာလဲ ပုံစံ၂ မျိုးကို တွေ့ရမှာပါ တစ်ခုက ရေစီးအရမ်းသန်တဲ့အချိန်နဲ့ တစ်ခုကတော့ ဆောင်းအကုန် သွားထားတာပါ။ ♥️
TD တို့က နမ့်စန်ကို base ထားပြီးဟိုက်ပါတစ်ရက်၊ ကျိုင်းတောင်းတစ်ရက် သွားလည်ခဲ့တာပါ။ ဟိုက်ပါရေတံခွန်အကြောင်းရေးထားတာကိုတော့ အောက်က Link မှာဝင်ဖတ်ကြည့်လို့ရပါတယ် 🌸
https://www.facebook.com/648027725593501/posts/724320951297511?s=100005221459205&v=i&sfns=xmo
☑️ကျိုင်းတောင်းရေတံခွန်ကိုဘယ်လိုသွားမလဲ?
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
ကျိုင်းတောင်းရေတံခွန်ကိုသွားမယ်ဆိုရင် အချိန်တစ်ရက်ပေးရပါတယ်။ တောင်ကြီးကနေသွားရင် အသွားတင် ၅နာရီခွဲလောက်အချိန်ပေးရပါတယ်။
သဒ္ဓါတို့ကတော့ နမ့်စန်ကို Base ထားပြီးနေလိုက်တာဆိုတော့ နမ့်စန်ကနေပဲ ကားငှားပြီး ထွက်လာခဲ့ပါတယ်။ အသွားအပြန် ၆ နာရီလောက်အချိန်ပေးရပါတယ်။
ထင်းရှူးမြိုင် (Pine Land Hotel) မှာတည်းတော့ ကားကိုသူတို့ကိုပဲ စီစဉ်ခိုင်းလိုက်ပါတယ်။ ကျိုင်းတောင်းတစ်ရက်ကို ၁ သိန်းပေးရပါတယ်။
နမ့်စန် – ခိုလမ် – ကျိုင်းတောင်း လမ်းကြောင်းအတိုင်းလာတာပါ။
လွိုင်လင် – နမ့်စန် – ဟက်ပက် လမ်းကြောင်းအတိုင်းလဲ သွားလို့ရတယ်လို့ပြောပါတယ်။ ပိုပြီးနီးတယ်တဲ့ ဒါပေမယ့် ကားဆရာပြောပြတာတော့ တစ်ခါတစ်လေ ဆက်ကြေးကောက်တာတွေရှိနေသေးတော့ ဧည့်သည်တွေ အဆင်မပြေမှာစိုးလို့ ခိုလမ် လမ်းကြောင်းအတိုင်းပဲ လာခဲ့ပါတယ်😬😬 (ကြောက်တယ်လေ)
ကိုယ်ငှားတဲ့ ကားသမားက ရှမ်းစကားတက်ရင်တော့ အရမ်းအဆင်ပြေပါတယ်။ ကျိုင်းတောင်းမြို့ရောက်ရင် ခွန်ဆမ်လောရဲ့ နတ်နန်း၊ ကျိုင်းတောင်းဈေး စတာတွေကိုပါ တစ်လမ်းကြောင်းထဲဝင်လို့ရပါတယ်။ ကျိုင်းတောင်းရေတံခွန်သို့ ဆိုတဲ့ ဆိုင်းဘုတ်မြင်တာနဲ့ ၁၉ မိုင်လောက်မောင်းပြီးရင် ရေတံခွန်ကိုရောက်ပါပြီ 😍TD တို့သွားတဲ့ ကားလမ်းကတော့ ကြမ်းလဲမကြမ်း အရမ်းလဲအကောင်းကြီး မဟုတ်တဲ့ ကားလမ်းအနေအထားပါ ✅
☑️အစားအသောက် 🍱
🔻🔻🔻🔻🔻🔻🔻🔻
😂 ဘာဆိုဘာမှမရှိပါဘူးရှင်။ အရမ်းပျော်သွားလား😝 သဒ္ဓါတို့ကတော့ ဟော်တည်က အစားအသောက်တွေ တစ်ခါတည်းထည့်လာပါတယ်။ ဟိုမှာ ကော်ဖီသောက်လို့ရမယ့် ဆိုင်လေးတစ်ဆိုင်ပဲရှိပါတယ်။ အစားအသောက် ချေးများတဲ့သူအတွက်တော့ လာမယ့်နေရာကနေ တစ်ခါတည်းထည့်လာတာအကောင်းဆုံးပါ။ ကျိုင်းတောင်းမြို့ရောက်ရင် ကျိုင်းတောင်းဈေးထဲဝင်ပြီး လိမ္မော်သီးတွေဘာတွေ ဝယ်လို့ရပါတယ်။
(❌ စားပြီးကျန်တဲ့အမှိုက်တွေတော့ လုံးဝ လုံးဝ မပစ်ချခဲ့ပါနဲ့ ❌) ရေတံခွန်အထိတောင်အဝေးကြီးလာပြီးပြီလေနော် အမှိုက်လေးတွေတော့ ပြန်သိမ်းသွားကြပါ 😘😘
သဘာဝအလှကို သင့်ကြောင့် မညှိုးနွမ်းပါစေနဲ့နာ်✅✅✅
☑️ရေတံခွန်နားမှာ Camping မယ် ⛺️
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
တကယ်လို့ မပြန်ချင်သေးဘူး ညအိပ်ချင်တယ်ဆိုရင်တော့ Tent တွေယူလာပြီး ချောင်းစပ်နားက မြက်ခင်းပြင်မှာ အိပ်လို့ရပါတယ်။ ရေတံခွန်နဲ့အနီးကပ်မှာတော့မရပါဘူး။ ရေမှုန်တွေအရမ်းစင်ပါတယ်။ ရေတံခွန်နားမှာတော့ ခုတည်လက်စ စေတီနဲ့ လက်နက်ကိုင်အဖွဲ့ဝင်တစ်ချို့လဲ နေပါတယ် 😬😬 သေနတ်ကြီးတွေကိုင်ပြီး လျှောက်သွားနေတာ 😫
Tent ထိုးပြီး ညအိပ်ရင်တော့ သဘာဝနဲ့အနီးစပ်ဆုံးခံစားမှုကိ်ု ရရှိမှာပါ။ လျှပ်စစ်မီးလဲမရှိတဲ့နေရာမှာ ရေစီးသံလေးနဲ့အိပ်မယ်။ ကြယ်တွေကိုကြည့်မယ်။Phone line တွေ Social Media တွေနဲ့ဝေးရာကို တစ်ရက်လောက်ဖြစ်ဖြစ် အချိန်ပေးပြီး ထွက်ကြည့်ပါ။ ပြန်လာရင် အတွေးသစ်အမြင်သစ်တစ်တစ်ခုတော့ ရလာမှာ သေချာတယ် 😊😊
☑️ဘာတွေလေ့လာလို့ရလဲ ? 💡🔎
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
ရေတံခွန်မရောက်ခင်မှာတော့ ရေအားလျှပ်စစ်ထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်ကို အနီးကပ်လေ့လာလို့ရပါတယ်။ ရေတံခွန်ကနေ ကားလမ်းအတိုင်း အပေါ်ကို ဆက်တက်သွားမယ်ဆိုရင်တော့ ရေအားလျှပ်စစ်ထုတ်လုပ်ရန်လိုအပ်တဲ့ ရေပမဏကို သိုလှောင်ထားတဲ့ ရေထိန်းတံခါး၊ ရေလှောင်ခံ၊ ရေယူအဆောက်အအုံ၊ အရမ်းကိုကြီးမားတဲ့ ရေပိုက်လုံးကြီးတွေကိုပါ တွေ့ရမှာဖြစ်ပါတယ်။ ကိုယ့်အတွက်တော့ မြင်နေရသမျှ အရာအားလုံးက စိတ်ဝင်စားစရာတွေကြီးပါပဲ 😍
နောက်တစ်ခု ရေတံခွန်ရောက်ရင် မသွားမဖြစ် သွားရမယ့်နေရာကတော့ ဟက်စကီးကွင်းရှိရာ တောင်ကုန်းပေါ်က View Point ဖြစ်ပါတယ်။ မိုးတွင်းဆိုရင်တော့ အဲ့ကနေ ရေတံခွန် ၇ ခုလုံးကျနေတာကိုမြင်ရမှာပါ။ အရမ်းလှတဲ့နေရာပါ 💯💯💯
_______________________________
💯 ယူသွားသင့်တဲ့ပစ္စည်းများ 💯
_______________________________
✔️ ရေသန့် နှင့် စားသောက်စရာများ
✔️ ကျွမ်းကျင်တဲ့ ဒေသခံတစ်ဦးဦး
✔️ ဓာတ်ပုံရိုက်ရင်ဖုန်းအားကုန်မှာဖြစ်တဲ့အတွက်ကြောင့် Power Bank (😬TD ကအရိုက်သမားဆိုတော့ အဲ့ဒါအဓိကပဲ)
✔️ အဝတ်အစားအပိုတစ်စုံ
❌ အမှိုက်လုံးဝမပစ်ချကြပါနှင့် ❌
ကဲ စာလဲအရမ်းရှည်သွားပြီမို့ ဒီလောက်ဆိုရင် ရေတံခွန်ကြီးဆီသွားဖို့ အဆင်ပြေလောက်မှာပါနော် 😘
သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိသားစုနဲ့ ဖြစ်ဖြစ် ချစ်ရသူကို လက်ဆွဲပြီးတော့ ဖြစ်ဖြစ် ခုပဲသွားလိုက်တော့နော်။ လူအရောက်အပေါက်သိပ်မများသေးလို့ အလန်းဇား ဓာတ်ပုံတွေသွားရိုက်ကြမယ်။
တခြား သိချင်တာရှိရင် Page Msg box ကနေ အချိန်မရွေး မေးမြန်းထားလို့ရပါတယ်ရှင့် 💕
အဆုံးထိ စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ် 🙏🏻🙏🏻🙏🏻
#TDTravelNotes
#kenngTaung
#Waterfall #Travelholic #MoreExplore
#Myanmar #SouthernShanState
Instagram – aye_ thader_hlaing

ပထမဆုံး ရေတံခွန်
ဒါကပထမတစ်ခေါက် ရေကျနဲသေးတယ် အနားကပ်လို့ရတယ်

ရေကျနဲရင် ဒီလိုတွေသွားရိုက်လို့ရတယ် အရမ်းလှ😍

ဒါက View point ဒုတိယ တစ်ခေါက်ရောက်တော့ ရေကျများပီး ရေတံခွန် ၆ ခုလောက်တွေ့ရတယ်

ဒါက ဘယ်သူမှသိပ်သွားလေ့မရှိတဲ့ ကျိုင်းတောင်းရေတံခွန်က ကျလာတဲ့ရေတွေ အောက်မှာ ရေတံခွန်အသေးလေးထပ်ဖြစ်သွားတာ

Wooo ပါပဲ ပထမတစ်ခေါက်သွားတုန်းက အဲ့နားထိကပ်လို့ရပါတယ်

ရေတံခွန်ကြီးက ကျလာတဲ့ရေတွေ နဲနဲတော့နက်တယ်

ဒါက ရေဆော့လို့ရတဲ့ချောင်း

ခိုလမ် လမ်းအတိုင်းသွားလို့ရပါတယ်

ကျိုင်းတောင်းမြို့အဝင်

ကျိုင်းတောင်းမြို့အဝင်တစ်နေရာ ဓာတ်ပုံဆင်းရိုက်

ကျိုင်းတောင်းဈေးထဲ

လိမ္မော်သီးတွေ ဝင်ဝယ်လို့ရတယ်

ကျိုင်းတောင်းရေအားလျှပ်စစ်ထုတ်လုပ်ရာ လုပ်ငန်းခွင်

ရေအကုန်ကျရင် ဘေးနားက ကျောက်ကသားတွေပါပြည့်တယ်

ကျိုင်းတောင်းရေတံခွန်ကြီးနဲ့

ဒီနားလေးက Tent ထိုးပီး မနက် ပြတင်းပေါက်လေးဖွင့်ကြည့်ရင် view ကတော့ ရှယ်ပဲ 😍😍😍

ရေကျနဲသေးတယ်ပြောရမယ် 💕

ရေထိန်းတံခါးရှိရာနေရာ

ရေလွှဲဆည်တွေ

ရေယူအဆောက်အအုံ

ရေထိန်းတံခါးတွေရော

ဒါက ဒုတိယတစ်ခေါက် 😱😱😱 လုံးဝမတူတော့ဘူး အနားတောင်မနဲကပ်ခဲ့ရတယ် ရေတွေကိုရွှဲရော

Omg ကိုယ်ဟာ ရေတံခွန် ပုံစံနှစ်မျိုးလုံးကိုမြင်ခဲ့ရတယ်

ဒါက View point က

ကျောက်တုံးတွေပေါ်တက်ပီးရိုက်ချင်တာတောင် ရိုက်လို့မရတော့ဘူး

အဆုံးထိ ဖတ်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့် 💕🙏🏻
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

