2019.08.21TECH
တစ်လ ၉.၉၉ ဒေါ်လာ ကျသင့်မယ့် Apple TV Plus ကို နိုဝင်ဘာလအတွင်း မိတ်ဆက်နိုင်
Apple ရဲ့အသစ်ထွက်ရှိလာမယ့် ဗီဒီယို streaming ဝန်ဆောင်မှုကို နိုဝင်ဘာလအတွင်း မိတ်ဆက်ဖို့ စီစဉ်ထားပြီး တစ်လကို ၉.၉၉ ဒေါ်လာ ကျသင့်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။
Apple အနေနဲ့ ဝန်ဆောင်မှု ထွက်ရှိမယ့်ရက် ဒါမှမဟုတ် ဈေးနှုန်းကို မပြောသေးပေမယ့် ဒီနှစ် မတ်လမှာတော့ ဗီဒီယိုဝန်ဆောင်မှုတစ်ခု လာမယ်လို့ မိတ်ဆက်ထားပါတယ်။ Apple ရဲ့ထုတ်ကုန်က Disney+ ကို ပြိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ Disney+ ဟာ Disney စတူဒီယိုက ပိုင်ဆိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပြီး Disney ကပိုင်တဲ့ ရုပ်ရှင်တွေ၊ Marvel ဇာတ်ကားတွေ၊ Star Wars ဇာတ်ကားတွေနဲ့ ကုမ္ပဏီကပိုင်ဆိုင်တဲ့ ကွန်ရက်က ရုပ်ရှင်တွေအားလုံး ပါဝင်လာမှာ ဖြစ်ပါတယ်။
Apple ဟာ၂၀၂၀ ခုနှစ်အရောက် နှစ်စဉ်ဝန်ဆောင်မှုတွေကနေ ဝင်ငွေ ဒေါ်လာ ၅၀ ဘီလျံ အထိ ရောက်ရှိဖို့ မျှော်လင့်နေပြီး TV Plus ဖြန့်ချိမှုက အဲဒီ စံချိန်ကို ယူဆောင်လာနိုင်ပါတယ်။ နိုဝင်ဘာလအတွင်း Apple TV Plus ဝန်ဆောင်မှုမှာ တီဗီအစီအစဉ် ၅ ခုပဲ ပါဝင်လာဦးမယ်ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဂျနီဖာအန်နီစတန်နဲ့ ရစစ္စဝပ်သာစပွန်းတို့ပါဝင်တဲ့ The Morning Show ၊ Aquaman ရဲ့ဂျေဆင်မိုမိုအာပါဝင်တဲ့ See နဲ့ သရုပ်ဆောင် အော့တေဗီးယားစပင်ဆာ ပါဝင်တဲ့ Truth Be Told အပြင် စတီဗင်စပီးဘာ့ချ်ရဲ့ Amazing Stories နဲ့ Home အမည်ရ မှတ်တမ်းစီးရီးတို့ပဲ ဖြစ်ပါတယ်။
Apple အနေနဲ့ Netflix လိုုမျိုး တီဗီအစီအစဉ်တွေကို အလျင်အမြန် ဖန်တီးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Apple အနေနဲ့ အော်ပရာဝင်းဖရေးလိုမျိုး ကျော်ကြားသူကို ဆွဲဆောင်ထားကာ TV Plus အတွက် မှတ်တမ်းစီးရီး ၂ ခုဖန်တီးပေးမယ်လို့ သိရပါတယ်။ Apple အနေနဲ့ The Morning Show နဲ့ See ပေါ်မှာ ဒေါ်လာသန်းရာပေါင်းများစွာ အသုံးပြုထားပါတယ်။
Credit : www.internetjournal.media
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

