2019.08.27FEATURE
Guitar တီး စသင်သူတို့အတွက် အခြေခံ Guitar ရွေးချယ်ဝယ်ယူနည်း
ယခုရေးသားသည့် အကြောင်းအရာသည် Guitar ကို အခုမှစသင်မည့် သူတွေအတွက် ရည်ရွယ်ရေးသားခြင်း ဖြစ်သည်။ စာရေးသူကိုယ်တိုင်လည်း Guitar Beginner တစ်ယောက်ပါ။ မိမိတုန်းကလည်း ဘာမှမသိတော့ ဘယ်လိုဝယ်ရမလဲဆိုတဲ့ အခြေခံသဘောတရား နည်းနည်းတောင် မသိခဲ့ဘူး။ ဒါပေမဲ့ နည်းနည်းနားလည်တဲ့ သူငယ်ချင်းတစ်ယောက်က လိုက်ဝယ်လို့ အဆင်ပြေခဲ့ပါတယ်။ အခုမှစတီးပြီး ဘာမှမသိသေးတဲ့သူအချင်းချင်း ကိုယ်ချင်းစာလို့ လိုက်ရှာရင်း Youtube မှာ ဆရာတယောက်က ရှင်းပြထားတာလေး နားထောင်ပြီး တစ်ဆင့်ပြန်လည်ရေးသားခြင်း ဖြစ်ပါတယ်။ အဲဒီဆရာရဲ့ နာမည်နဲ့သင်တန်းကျောင်းရှိမရှိ မသိခဲ့ရလို့ ပြန်လည်ဝေမျှမပေးရတာတော့ တကယ်စိတ်မကောင်းဖြစ်မိပါတယ်။
ပထမအဆင့်အနေဖြင့် Guitar ရဲ့ Body ကို အရင်ကြည့်ပါမယ်။ Guitar ရဲ့ ဆေးသားကို ရိုးရိုးဆေးမှုတ်ထားတာလား၊ ဖယောင်းအုပ်ထားသလား ကြည့်ရပါမယ်။ ဖယောင်းပြန်အုပ်ထားခြင်းကတော့ ခြစ်ရာပွန်းရာဖြစ်မှုကို သက်သာစေပြီး ဆေးကြာရှည်ခံပါတယ်။ မိမိသုံးသည့် ငွေပမာဏအလိုက် ဆေးသားတွေ ကွာသွားပါမယ်။ Size အနေကတော့ အကြီး၊ အလတ်၊ အသေးဆိုပြီး ခွဲထားပါတယ်။ မိန်းကလေးနှင့် လူငယ်လေးတွေအတွက်ကတော့ Size 40 အောက်ကို ဝယ်သင့်ပါတယ်။ ခန္ဓာကိုယ်ထက် Guitar က ကြီးနေလျှင် သက်တောင့်သက်သာမရှိဘဲ သင်ကြားရာတွင် အခက်အခဲများ ရှိလာနိုင်ပါတယ်။ ကိုယ်က နိုင်တယ်ဆိုလျှင်တော့ Size 40၊ Size 41 ကို ယူပါ။ Rhythm ပဲတီးမယ်ဆိုလျှင်တော့ ဘူးသီးအိုး(အိုးအပြည့်) ကို ယူပါ။ အိုးအပြည့်က လှိုင်သံပါတော့ Rhythm အတွက် အသံပိုကောင်းပါတယ်။ Guitar ကို ကိုင်ကြည့်ပြီး ပေါ့တာကိုယူပါ။ ပေါ့တဲ့အိုးက အသံတုန်ခါမှု ပိုကောင်းလို့ Reback သံ အနောက်ကနေ ပါလာတာကိုပါ ကြားရတဲ့အတွက် အသံပိုလှပါတယ်။
Body ပိုင်း ပြီးသွားလျှင်တော့ ဒုတိယအဆင့်အနေဖြင့် Fretboard ပိုင်းကို ကြည့်ပါမယ်။ Guitar ကြိုးမှာ ကြေးနဲ့ စတီးကြိုးဆိုပြီး ရှိပါတယ်။ စတီးကြိုးရဲ့အသံကတော့ ပိုကောင်းပါတယ်။ ကြိုးကတော့ ကိုယ်ကြိုက်တဲ့ ကြိုးကို ဝယ်ပါ။ ကြိုး ၆ ကြိုးကို တီးကြည့်ပြီး Bar ညှိနေလျှင်ဆိုင်မှာ တစ်ခါတည်း ပြင်ခိုင်းပါ။ Bar ငြိမငြိမသိလျှင် ဆိုင်မှနားလည်သည့် ဝန်ထမ်းများကို စမ်းခိုင်းပါ။ Fret ပြားပေါ်ကို ပေတံထောက်ပြီး ကြိုးနှင့်အကွာအဝေးကို တိုင်းကြည့်ပါ။ ပေတံ၏ ၂ စိတ်ခွဲကျော်လျှင် မယူသင့်ပါ။ Bar မြင့်သည့်အတွက် ဖိရတာခက်တော့ အကြာကြီး မကိုင်နိုင်ပါဘူး။ Guitar သည် Pythagoras Theorem ကို သုံးပြီးတည်ဆောက်ထားခြင်းကြောင်း အကွာအဝေးတွေ တူညီမှ Guitar ကောင်းရမှာပါ။ အရှေ့အစက Bar နှင့် 12 Bar ရဲ့အကွာအဝေး၊ 12 Bar အကွက်နှင့် အဆုံးနေရာတို့၏ အကွာအဝေးများသည် တူညီနေမှသာ အသံကောင်းတဲ့ Guitar ကို ရရှိနိုင်ပါမယ်။ ပြီးလျှင် Head Stock ရှိ Tuners လေးတွေကို လှည့်ကြည့်ပါ။ ချောင်နေလျှင် မယူသင့်ပါ။ Guitar တွင် L Key ပါတာကို ဝယ်ပါ။ L Key ပါလျှင်တော့ ဈေးပိုပေးရပါတယ်။ ဒါပေမဲ့ Guitar ကို Adjust လုပ်လို့လွယ်လို့ နောက်ပိုင်းတွင် အဆင်ပြေစေပါတယ်။
Guitar Accessories
ဝယ်ထားသင့်သည့် Accessories လေးများကို ညွှန်ပြပေးပါမယ်။ Guitar တီးခတ်ရာတွင် လက်ခတ်ခတ်သည့်အခါ အပေါ်အောက်ဆွဲချရာတွင် Sound Hole အောက်ဘက်ရှိနေရာသည် အထိအများဆုံးနေရာ ဖြစ်သောကြောင့် Pickguard Sticker ကပ်ထားသင့်ပါတယ်။ ဆေးပွန်းခြင်း သက်သာစေပါတယ်။ Guitar ဝယ်လျှင် အိတ် (သို့မဟုတ်) Case ကို တခါတည်း ဝယ်ပါ။ အိတ်သည် Guitar ကို အကာကွယ်နိုင်ဆုံးဖြစ်လို့ပါ။ Carpo လေးတွေလည်း ဆောင်ထားသင့်ပါတယ်။ Pick Plectrum Holder Case လေးတွေကို Guitar မှာကပ်ထားလျှင် တီးခါနီး Plectrum လိုက်ရှာရတဲ့ ဒုက္ခကင်းစေပါတယ်။ Guitar တင်သည့် Stand ဒါမှမဟုတ် Hanger Wall-Mount နံရံကပ် အထိန်းလေးတွေ ရှိသင့်ပါတယ်။
တစ်ခုမှမသိတာထက် အခုလောက် အခြေခံသဘောတရားလေး သိထားတော့ ကိုယ်တိုင်လည်း စစ်လို့ရပါတယ်။ Guitar တွင် မြန်မာထုတ် နှင့် China ထုတ်ဆိုလျှင် 30,000 ကနေ 60,000 အထိဈေးအတွင်းကို စတီးတဲ့သူတွေ အများဆုံး ဝယ်ကြပါတယ်။ နားလည်တဲ့သူငယ်ချင်းရှိရင်တော့ ခေါ်သွားပြီးလိုက်စစ်ပြီး ဝယ်တာကတော့ အကောင်းဆုံးပါ။ မရှိလျှင်တော့ အထက်က နည်းတွေအတိုင်း စစ်ပါ။ စိတ်ရှည်ပြီး ဈေးမှန်သည့် နာမည်ကြီးဆိုင်များတွင် ဝယ်ပါ။ Guitar နှင့် Guitar Accessories ဈေးများသည် အမျိုးမျိုး ရှိပါတယ်။ မိမိတတ်နိုင်သည့် ငွေပမဏကို ညှိဝယ်ပါ။ ဈေးအလိုက် အရည်အသွေးတွေ ကွာသွားပါမယ်။ Guitar ဝယ်ဖို့အခြေခံတော့ နားလည်သွားပြီလို့ထင်ပါတယ်။ အရည်အသွေးကောင်းတဲ့ Guitar ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ပြောကြားရင်း အဆုံးသတ်လိုက်ပါတယ်။
Photo Source : https://pixabay.com/
By : Yathaw
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

