fb_icon

bnr_tob_1

2019.08.27FEATURE

သင့်စမတ်ဖုန်းဟောင်းကို မြန်လာအောင် ဘယ်လိုလုပ်မလဲ

တကယ်လို့များ သင်ဟာ စမတ်ဖုန်းတစ်မျိုးတည်းကိုဘဲ နှစ်အတန်ကြာ သုံးလာတယ်ဆိုရင် သင့်ဖုန်းဟာ အချိန်ကြာလာတာနဲ့အမျှ နှေးသထက်နှေးလာတာကို သတိထားမိပါလိမ့်မယ်။

ယင်းသို့ ကိုယ်အသုံးပြုနေတဲ့ဖုန်းက လေးလာပြီဆိုရင် စမတ်ဖုန်းသစ်ပြောင်းကိုင်ဖို့ စဉ်းစားလာတတ်ကြပါတယ်။ အခုပြောသွားမယ့်အကြောင်းအရာကတော့ ဖုန်းသစ်မဝယ်ဘဲ သုံးနေဆဲဖုန်းဟောင်းကိုဘဲ မြန်လာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့အချက် ဖြစ်ပါတယ်။

(1). Cached Data ကို ရှင်းပါ။

Cache က သင့် စမတ်ဖုန်းရဲ့ သိုလောင်မှုစနစ်တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းအသုံးပြုခဲ့မှု ဒေတာဆိုရင်လည်း မမှားပါဘူး။ Cache က များနေပြီဆိုရင် ဖုန်းကလည်း လိုအပ်တဲ့ ဒေတာအတွက် Memory တစ်ခုကို မွှေနှောက်အလုပ်လုပ်ရပါတယ်။ ဒါကြောင့် ဖုန်းလေးလာပြီဆိုရင် Cache ကို မဖြစ်မနေ ရှင်းထုတ်ရပါမယ်။

သင်က iPhone အသုံးပြုသူဆိုရင် Settings > Safari > Clear History and Website Data > Clear History & Data ကို လုပ်ဆောင်ပြီး Cache ကို ရှင်းရပါမယ်။

Android ဖုန်းသုံးတယ်ဆိုရင် Settings > Storage > Other Apps သို့ သွားပြီး Clear Cache ကို ရှင်းလိုက်ရုံပါပဲ။ Android စမတ်ဖုန်းများမှာ RAM နဲ့ Cache ရှင်းဖို့အတွက် စနစ်တွေ ပါ၀င်ပါတယ်။ Xiaomi ဖုန်းတွေမှာဆိုရင် Security App ထဲဝင်ပြီး ရှင်းနိုင်ပါတယ်။

(2). App များကို စီမံခန့်ခွဲပါ။

သင့် App များကို စီမံခန့်ခွဲမှုတွေ မလုပ်ရင် ဖုန်းရဲ့စွမ်းဆောင်ရည် ကျဆင်းလာနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ်သိပ်အသုံးမပြုဖြစ်တဲ့ App များကို ဖျက်လိုက်တာမျိုးပါ။ App အချို့ကို ဖျက်လိုက်မှုကြောင့် Memory နေရာလွတ်သွားပြီ ဖုန်းရဲ့အလုပ်လုပ်မှုစွမ်းအင်ကို မြှင့်လို့ရပါတယ်။

ဒါ့အပြင် ကိုယ်ပုံမှန်အသုံးပြုနေတဲ့ Facebook ၊ Messangers စတဲ့ App များကို ဖျက်ပြီး အသစ်ပြန်တင်တာမျိုးကလည်း ဖုန်းကို ပေါ့ပါးလာစေပါတယ်။

(3). OS Update တင်ပါ။

တကယ်လို့များ သင်ဟာ OS ဟောင်းကို Update မတင်ဘဲ သုံးနေတုန်းဘဲဆိုရင် ဖုန်းက လေးနေမှာ သေချာပါတယ်။ ဖုန်းအသုံးပြုသူများအနေဖြင့် ဖုန်းအတွက် ပေးလာတဲ့ Update တိုင်းကို မဖြစ်မနေ တင်သင့်ပါတယ်။ ဖုန်းကုမ္ပဏီတွေက ကိုယ့်ဖုန်းကို ကောင်းသထက်ကောင်းအောင် ၀န်ဆောင်မှုပေးဖို့ ကြိုးစားနေတာ သတိပြုရပါမယ်။

(4). ဘက်ထရီ အသစ်လဲခြင်း။

ဘက်ထရီ အသစ်လဲခြင်းက ဖုန်းစွမ်းဆောင်ရည်ကို များစွာ မြင့်မားလာနိုင်ပါတယ်။ ခေတ်သစ်စမတ်ဖုန်းမှာ ပါ၀င်တဲ့ ဘက်ထရီများက ဖုန်းကို စွမ်းအင်ထောက်ပံ့မှုထက် ပိုပြီးတော့ အလုပ်လုပ်ပါတယ်။ ပြောရမယ်ဆိုရင် ဖုန်းရဲ့ လုပ်ဆောင်မှုတွေရဲ့ အစိတ်အပိုင်းတစ်ရပ်ဆိုရင်လည်း မမှားပါဘူး။

Apple ၊ Samsung အပါအဝင် စမတ်ဖုန်းကုမ္ပဏီများဟာ ဘက်ထရီ သက်တမ်းရှည်ကြာလာတာနဲ့အမျှ ဖုန်းစွမ်းဆောင်ရည်လည်း ကျဆင်းသွားကြောင်း ၀န်ခံထားပါတယ်။ ဒါကြောင့် ဖုန်းဘက်ထရီက သက်တမ်းရင့်နေပြီဆိုရင်လည်း ဖုန်းစွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ အသုံးပြုသူများအနေဖြင့် ဘက်ထရီသစ်လဲပြီး ဖုန်းစွမ်းဆောင်ရည်ကို မြှင့်လို့ရပါတယ်။

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img