2019.08.27FEATURE
Android စနစ်မှာ အင်တာနက်ဒေတာအသုံးပြုမှုကို ဘယ်လိုစောင့်ကြည့်ပြီး ကန့်သတ်မလဲ
Carriers တွေက Unlimited ဆိုတဲ့ စာသားကို ကောင်းကောင်းကြီး အသုံးချကာ Data Plan တွေ အမျိုးမျိုး ရောင်းချနေကြပေမယ့် တကယ်တမ်းမှာတော့ သတ်မှတ်ပမာဏသို့ ရောက်သွားချိန်မှာ ဓာတ်ပုံလေးတစ်ပုံကြည့်ရဖို့တောင် တော်တော်ခက်ခဲလာတာ အားလုံးလည်းအသိ ဖြစ်ပါတယ်။ တကယ်လို့များ သင်ဟာ Unlimited Plan ကို ၀ယ်ယူမသုံးဘူးဆိုရင်လည်း သင့်အနေဖြင့် အင်တာနက်ဒေတာဖိုး ပိုပြီးတော့ ကုန်ကျဦးမှာ ဖြစ်ပါတယ်။ ဒီတော့ အသုံးပြုသူများအနေဖြင့် Data Plan တစ်ခုခုကို ၀ယ်ယူပြီးချိန်မှာ ကိုယ့်ရဲ့ Data ကုန်ဆုံးမှုများကို စောင့်ကြည့်ပြီး အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်တာက အကောင်းဆုံး ဖြစ်ပါတယ်။
တကယ်တော့ ကိုယ့်ရဲ့ အင်တာနက်အသုံးပြုမှုကို စောင့်ကြည့်ဖို့/ကန့်သတ်ဖို့က ခက်ခက်ခဲခဲကိစ္စရပ်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် Android မှာ ပိုလွယ်ပါတယ်။ Third-Party App နှင့်လည်း လုပ်ဆောင်နိုင်ပါသေးတယ်။
Android ဖုန်းအသုံးပြုတဲ့သူတွေ အင်တာနက်အသုံးပြုမှုကို ဘယ်လိုစောင့်ကြည့် ကန့်သတ်မလဲ ကြည့်ရမလဲ ပြသသွားပါမယ်။ ယခုပြသလာတဲ့အချက်ကတော့ Android Pie မှာ ဘယ်လိုသုံးရမလဲဆိုတာပါ။ Android OS ဗားရှင်းကွာခြားမှုအပေါ်မူတည်ပြီး အသုံးပြုပုံကလည်း ပြောင်းလဲနိုင်တာ သတိပြုရပါမယ်။ ဒါပေမယ့် ကြီးမားတဲ့ ကွာခြားမှုတော့ မရှိပါဘူး။






Set A Data Limit
ကိုယ့်ရဲ့ အင်တာနက်အသုံးပြုမှု အလွန်အကျွံဖြစ်လာရင် သတိပေးနိုင်တဲ့စနစ်ကို ဖန်တီးလို့ ရပါတယ်။ ပြောရမယ်ဆိုရင် ကိုယ်သတ်မှတ်ချက်တဲ့ ပမာဏမျိုးစုံ သတ်မှတ်နိုင်ပါတယ်။
အင်တာနက်သုံးမှုကန့်သတ်မယ်ဆိုရင်
(1). Setting သို့ သွားပါ။
(2). ပြီးရင် Network & Internet (ဖုန်းအချို့မှာ SIM Cards & Mobile Network) သို့ သွားပါ။ ယင်းမှ Data Usage သို့ ၀င်ပါ။ Data Warning & Limit ကို ထောက်ပါ။
(3). Set Data Warning ကို ထောက်ပါ။ ဘယ်အတိုင်းအတာပမာဏရောက်ရင် သတိပေးမယ်ဆိုတာ လုပ်ဆောင်နိုင်ပါတယ်။



Data Saver Mode
သင့် Android ဖုန်းမှာ Android 8.0 နဲ့ နောက်ပိုင်း ဗားရှင်းသုံးထားတယ်ဆိုရင် Data Saver Mode ပါ၀င်မှာ သေချာပါတယ်။ ယင်းမှာ သင့်အနေဖြင့် App များကို Wi-Fi နှင့်ဘဲ သီးသန့်သုံးမယ်လို့ ကန့်သတ်နိုင်ပါတယ်။ ယင်းသို့ ကန့်သတ်လိုက်ရင် ယင်း App များဟာ သင် အင်တာနက် အသုံးပြုနေချိန်မှာ နောက်ကွယ်မှာ အလုပ်လုပ်နေမှာ မဟုတ်ပါဘူး။
Data Saver Mode ကို သုံးမယ်ဆိုရင်
(1). Setting သို့ သွားပါ။
(2). Network & Internet သို့ သွားပါ။ Data Usage ကို ထောက်ပါ။
(3). ပြီးရင် Data Saver ကို ရွေးပြီး Use Data Saver ကို ဖွင့်လိုက်ပါ။
ယင်းမှာ အသုံးပြုအနေဖြင့် App များကို နောက်ကွယ်မှာ အလုပ်လုပ်နေမှု ရပ်တန့်လို့ ရပါတယ်။
ဒေတာအသုံးပြုမှုကို စီမံခန့်ခွဲမယ့် App
Data Saver စနစ်ကြောင့် အသုံးပြုသူများအနေဖြင့် App များကို နောက်ကွယ်မှာ အလုပ်လုပ်မှု ရပ်တန့်နိုင်တာကြောင့် ဒေတာကုန်ဆုံးမှုကို သက်သာစေပါမယ်။ အခြားတစ်ဖက်မှာ Datally ၊ My Data Manager စတဲ့ App များကလည်း အသုံးပြုသူများရဲ့ အင်တာနက်ဒေတာ စီမံခန့်ခွဲမှုကို ကူညီနိုင်ပါတယ်။
Datally က App များကို နောက်ကွယ်မှာ အလုပ်လုပ်မှုကို ရပ်တန့်မပေးပါဘူး။ ဒါပေမယ့် App များကို နေ့စဉ် ဘယ်လောက်သုံးမယ်ဆိုတာ လုပ်နိုင်သလို Bedtime Mode လည်း ပါ၀င်ပါတယ်။
Credit : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

