fb_icon

bnr_tob_1

2019.08.28FEATURE

မိုးရာသီမှာ အသားအရေ လှပစေမဲ့ Tips and Tricks

(photo - https://pixabay.com)

စိုစွတ်တဲ့မိုးရာသီမှာ အရေပြားပြသာနာတွေ အဖြစ်များပါတယ်။ဒါကြာင့် နုပျိုလှပစေဖို့ အသားအရေထိန်းသိမ်းရမယ့် Tipsလေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ မျက်နှာကို တစ်နေ့၃ကြိမ် သစ်ပါ။

မိုးရာသီဆိုပေမဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေဟာ အရေပြားမှာ ကပ်ညှိုနေနိုင်ပါတယ်။ 
ဒါကြောင့် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံကို ပိုဆိုးစေနိုင်တာကြောင့် မျက်နှာကို သေချာသန့်စင်ပေးပါ။

၂။ Toner သုံးပါ။

အခုလို စိုစွတ်တဲ့ ရာသီဥတုမှာ မျက်နှာကို PH Balance ဖြစ်အောင် မျက်နှာသစ်ပြီးတိုင်း tonerလေးကို အရင်ဦးစွာ လိမ်းပေးပါ။ အဆီပြန်တဲ့သူတွေနဲ့ ဝက်ခြံထွက်တဲ့သူတွေအတွက်ဆိုရင် Tonerက မမေ့သင့်တဲ့ skincare အဆင့်လေးပါ။

၃။ Moisturizer လိမ်းပေးပါ။

ရာသီဥတုကအေးပေမဲ့ အစိုဓာတ်ကို ထိန်းသိမ်းဖို့ လိုအပ်တာကြောင့် Moisturizerကိုပုံမှန် လိမ်းပေးသင့်ပါတယ်။ သင်ဟာ dry skin type ဖြစ်ခဲ့မယ်ဆိုရင်တော့ cream moisturizerကို လိမ်းပေးသင့်ပါတယ်။ ဒါမှမဟုတ် oily skin type ဖြစ်ခဲ့မယ်ဆိုရင် water based moisturizerကို သုံးပေးပါ။

၄။ Suncream လိမ်းပေးပါ။

မိုးတွင်း ဆိုပေမဲ့လည်း UVAနဲ့ UVB သက်ရောက်မှုရှိနေတာကြောင့် အပြင်မသွားခင် နာရီဝက် အလိုမှာ ကြိုပြီး လိမ်းထားပေးသင့်ပါတယ်။

၅။ ရေပုံမှန်သောက်ပါ။

ရာသီဥတုအေးတာကြောင့် ရေမသောက်မိတာမျိုး ဖြစ်နိုင်တဲ့အတွက် သတိလေးထားပြီး ရေပုံမှန် သောက်သုံးသင့်ပါတယ်။ခန္ဓာကိုယ် အပြင်ပိုင်းသာမက အတွင်းပိုင်းတွင်လည်း ကျန်းမာအောင် အာဟာရ မျှတအောင် စားသုံးသင့်ပါတယ်။

အခုလို မိုးရာသီမှာဆိုရင် အသားအရေယားတဲ့ပြသာနာတွေ အနဲအများရှိတတ်ပါတယ်။ ဒါကြောင့် skincareအနေနဲ့ lotion လောက်တော့ပုံမှန်သုံးဖို့ အကြံပြုချင်ပါတယ်။ စျေးနှုန်းလဲသက်သာ၊ side effectလဲမရှိ၊ ကျား/မ မရွေး သုံးလို့ရပြီး စာရေးသူကိုယ်တိုင် အသုံးပြုနေတဲ့ Nature Republicရဲ့ Aloe Vera Gel 92% လေးကိုသုံးဖို့ recommand ပေးချင်ပါတယ်။ သဘာဝ Organic လျားစောင်းပင်စစ်စစ်ဖြင့် ပြုလုပ်ထားပီး လျားစောင်းပါဝင်မှုက 92% ပါဝင်တာကြောင့် ဘေးဥပဒ်ကင်းဝေတဲ့ productတခုဖြစ်ပါတယ်။ ဒီAloe Vera Gelလေးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အချိန်လေးပေးပြီး သုံးမယ်ဆိုရင် အသားအရေလေးအေးပြီး အရေပြားပြသာနာလေးတွေ အထိုက်အလျောက် ဖြေရှင်းပေးနိုင်မယ်လို့ ထင်မြင်မိပါတယ်။

ဒီအချက်လေးတွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် မိုးရာသီမှာ အသားအရေကို ဂရုစိုက်နေသူများအနေနဲ့ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ ကြည်လင်လှပတဲ့ အသားအရေများကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

By: Zin Mar

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img