fb_icon

bnr_tob_1

2019.08.28FEATURE

အီမိုဂျီလေးများ၏ ပုံပြင်

ကျွန်ုပ်တို့နေစဉ် အသုံးပြုနေသော Message, Facebook, Messanger, twitter, Line စသည်တို့တွင် မိမိတို့၏ ခံစားချက်များကို စာကြောင်းအရှည်ကြီး အသုံးမပြုဘဲ တိုတိုနှင့်ထိရောက်သည့် အီမိုဂျီလေးများကို အသုံးပြုလာကြပါတယ်။ အီမိုဂျီ များကို စိတ်ခံစားချက်အတွက် သုံးသည်သာမက နေရာဒေသ၊ ရာသီဥတု၊ အချိန်အခါ၊ အစားအသောက်၊ တိရစ္ဆာန်၊ အရာဝတ္ထုနှင့် ရိုးရာယဉ်ကျေးမှုများ အတွက်ပါ တီထွင် အသုံးပြုလာကြပါတယ်။

အီမိုဂျီ ဆိုသည်မှာ အီမိုတစ်ဟုခေါ်သော စာသင်္ကေတကို အခြေခံပြီး ပြုလုပ်ထားပါတယ်။ အီမိုဂျီဆိုသော စာလုံး၏ အဓိပ္ပါယ်ကတော့ ဂျပန်ဘာသာစကားမှ ဆင်းသက်လာပြီး၊ ဂျပန်ဝေါဟာရကို အင်္ဂလိပ်ဘာသာစကားက တိုက်ရိုက်မွေးစားခဲ့ခြင်းဖြစ်သည်။ “အီ” သည် ဂျပန်အသံထွက် “အဲ” ဖြစ်ပြီး ရုပ်ပုံ၊ ပန်းချီ ဟု အဓိပ္ပါယ်ရပြီး၊ “မိုဂျီ” ကတော့ စာလုံးဟု အဓိပ္ပါယ်ရပါတယ်။ အီမိုဂျီ ကို ၁၉၉၇ ခုနှစ်နောက်ပိုင်း စတင်အသုံးပြုလာကြပြီး၊ ၂၀၁၅ ခုနှစ်မှစ၍ ကမ္ဘာနှင့်တစ်ဝှမ်း အသုံးပြုမှု မြင့်မားလာခဲ့သည်။ ထို့ကြောင့် အောက်စ်ဖို့ အဘိဓာန်က “အီမိုဂျီ” ကို ဝေါဟာရအဖြစ် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က သတ်မှတ်ခဲ့ပါသည်။

絵 + 文字 = 絵文字

၁၉၉၇ နိုဝင်ဘာ ၁ ရက်နေ့ တွင် ဂျပန်နိုင်ငံမှ ထုတ်လုပ်ဖြန့်ချိသော J-Phone တွင် အီမိုဂျီရဲ့ အပိုင်းများ ပါဝင် ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်တွင် “ရှီဂဲတခ ခုရိတ” (栗田穣崇) က အားလုံး အသုံးပြုနိုင်မည့် အီမိုဂျီများကို ပထမဆုံး ဖန်တီးခဲ့ပါတယ်။ ၎င်းက ဂျပန်နိုင်ငံ၏ operator တစ်ခုဖြစ်သော NTT Docomo Inc မှ i-mode mobile Internet platform တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဆက်လက်၍ အီမိုဂျီအကြောင်းကို လေ့လာကြပါမယ်။ ၂၀၁ဝခုနှစ် နှောင်းပိုင်းတွင် အီမိုဂျီများကို ဂျပန်တွင် အသုံးပြုသော Shift JIS စနစ်မှ အားလုံး အသုံးပြုနိုင်သော ယူနီကုဒ် စနစ်ကို ပြောင်းလဲခဲ့ပါတယ်။ ထို့ကြောင့် ဂျပန်နိုင်ငံပြင်ပ နှင့် အခြားသော operation system တို့တွင် အသုံပြုနိုင်ခဲ့ပါတယ်။

ယခု အချိန်မှာတော့ လူတိုင်းဟာ အီမိုဂျီနှင့် ရင်းနှီးပြီးသားလည်းဖြစ်နေပါပြီ။ ထို့ပြင် အီမိုဂျီနှင့် ပတ်သက်တဲ့ ရုပ်ရှင် ကို Sony Pictures Animation နှင့် Columbia Pictures တို့မှ ရိုက်ကူးပြီး၊ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ရုံတင်ပြသခဲ့ပါတယ်။ ကျွန်ုပ်တို့၏ ဖုန်းများမှ နေစဉ်ပို့လျက်ရှိသော အီမိုဂျီအကြောင်းကို Yangon Style ပရိသတ်ကြီးအား တင်ပြရင်း နိဂုံးချုပ်လိုက်ရပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img