fb_icon

bnr_tob_1

2019.08.30FEATURE

တစ်ခေတ်ဆန်းလာတဲ့ အိမ်တွင်းမှု အချုပ်အလုပ်သင်တန်းများ

By ဆုဆက်

အိမ်တွင်းမှုအချုပ်အလုပ်ဆိုတာ ပြင်ပလုပ် ငန်းခွင်မှာ အမျိုး သားတွေနဲ့ ရင်ပေါင်တန်းအလုပ် လုပ်နေတဲ့ မိန်းကလေးတွေ လုပ်လေ့လုပ်ထမရှိတဲ့ အရာ တစ်ခုလို့ ယခင်က ယူဆကောင်း ယူဆကြပါလိမ့်မယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ် လယ်ပိုင်းလောက်ကစပြီး ရန်ကုန် မြို့က လုပ်ငန်းကြီး၊ လုပ်ငန်း ငယ်တွေ၊ ပုဂ္ဂလိကလုပ်ငန်း၊ အ စိုးရဌာနတွေမှာ အလုပ်လုပ်နေ ကြတဲ့ လူငယ်အမျိုးသမီးလေး တွေဟာ အိမ်တွင်းမှု အချုပ်အ လုပ်ပညာသင်တန်းတွေဘက်ကို စိတ်ဝင်တစား ခြေဦးလှည့်လာ တာကို သိသိသာသာ တွေ့လာ ရတယ်လို့ သင်တန်းဖွင့်လှစ်ထား သူတွေက ဆိုပါတယ်။

အသက်မွေးဝမ်းကျောင်း လုပ်နိုင်တဲ့ အင်္ကျီချုပ်သင်တန်း တွေကို တက်ကြတာမျိုးရှိသလို အသုံးအဆောင်ပစ္စည်းလေးတွေ ဖန်တီးတဲ့ Hand Made သင် တန်းလေးတွေကိုလည်း အမျိုး သမီးငယ်တွေ စိတ်ဝင်တစား တက်လာကြပါတယ်။

နိုင်ငံတကာဖက်ရှင်ရေစီး မှာ ခေတ်နဲ့အညီ လိုက်ပါနေနိုင် ပြီဖြစ်တဲ့ မြန်မာလူငယ်အမျိုးသမီး တွေဟာ နိုင်ငံတကာမှာ ခေတ် စားနေတဲ့ ဖက်ရှင်တွေအတိုင်း ဝတ်ဆင်လာကြသလို ၂၀၁၈ နှစ် လယ်ပိုင်းလောက်ကစပြီး ကိုယ် တိုင်ဖန်တီးချုပ်လုပ်ထားတဲ့ အ ဝတ်အစား၊ လက်ကိုင်အိတ်၊ အသုံးအဆောင် ပစ္စည်းတွေကို လည်း အမြတ်တနိုးအသုံးပြုလာ ကြပါတယ်။

ဥပမာဆိုရရင် ကြိမ်အိတ် လေးတွေ၊ ကိုယ်ဝတ်တဲ့ မြန်မာ ဝတ်စုံလေးတွေနဲ့ လိုက်ဖက် အောင် ပိတ်စနဲ့လုပ်ထားတဲ့ ကိုင်း အိတ်လေးတွေ၊ စက္ကူနဲ့ လုပ်တဲ့ ပွဲတက်အိတ်လေးတွေ၊ ဖဲပြားက လစ်လေးတွေဟာ အမျိုးသမီး ငယ်တွေကြားမှာ ခေတ်စားနေတဲ့ Hand Made ဖက်ရှင်လေးတွေပါ။ ဒီလို အသုံးအဆောင်တွေကို ကိုယ်တိုင်ဖန်တီးကြသူတွေလည်း ရှိသလို Hand Made သင်တန်း တက်ထားသူတွေက သူငယ်ချင်း မိတ်ဆွေတွေကို လက်ဆောင် ပေးတာ၊ ရောင်းချတာမျိ်ုးတွေ လည်း ရှိပါတယ်။ ဒီအတွက် အိမ် တွင်းမှု အချုပ်အလုပ်သင်တန်း ရက်တိုသင်တန်းလေးတွေကို အ မျိုးသမီးငယ်တွေ အချိန်ပေးတက် လာကြပါတယ်။

ဒါ့အပြင် ကိုယ်ချစ်ခင်ရသူ တွေကို လက်ဆောင်ပေးတဲ့အခါ အလွယ်တကူ ဝယ်ပေးလိုက်တာ ထက် ကိုယ့်လက်နဲ့ ကိုယ်တိုင် ကိုယ်ကျဖန်တီးပေးရတာကို နှစ် သက်သူ အမျိုးသမီးငယ်လေး တွေဟာလည်း အိမ်တွင်းမှုအချုပ် အလုပ် အတတ်ပညာကို သင်ယူ လာကြပါတယ်။

တက္ကသိုလ်တက်ရင်း လက် မှုပညာတစ်ခုခုကို သင်ထားဖို့ စိတ်ဝင်စားတဲ့ အမျိုးသမီးတွေ ဟာလည်း ကျောင်းပိတ်ရက်တွေ မှာ အိမ်တွင်းမှုအချုပ်အလုပ်သင် တန်းတွေဆီ ရောက်လာတတ် ကြပါတယ်။

တစ်နေကုန် လုပ်ငန်းခွင်မှာ ဖိအားမျိုးစုံရင်ဆိုင်လာရတဲ့ အ မျိုးသမီးငယ်တချို့ကလည်း အိမ် ပြန်ရောက်ချိန်မှာ အချုပ်အလုပ် တစ်ခုခုမှာ အာရုံစူးစိုက်လုပ်ရင်း စိတ်ဖိအားတွေ လျော့ကျလာစေ ဖို့ အိမ်တွင်းမှု Hand Made ပညာတွေကို သင်ယူလာကြပါ တယ်။ အိမ်တွင်းမှုအချုပ်အလုပ် ရက်တိုသင်တန်းတွေကို လာ တက်တဲ့ အမျိုးသမီးတွေဟာ အ သက် (၁၈)နှစ်ကနေ (၃၅) နှစ်အ တွင်း အသက်အရွယ်ရှိသူတွေဖြစ် တယ်လို့ Hand Made အိတ်သင် တန်းတွေဖွင့်လှစ်သင်ကြားနေတဲ့ Ni Ni Hand Made သင်တန်း တည်ထောင်သူ မနီလာနိုင်က ဆို ပါတယ်။

‘‘အခုက အရင်ထက်စာရင် Hand Made က အရမ်းခေတ်စား လာတယ်။ မိန်းကလေးအများစု က ဝါသနာပါပြီး ကိုယ်တိုင်လုပ် ချင်တာကြောင့် လာတက်တာများ တယ်’’ဟု မနီလာနိုင်က ပြောပါ တယ်။

သင်တန်းချိန်တစ်ခုမှာ အ နည်းဆုံး ၁၀ ဦးကနေ ၂၀ ဦး လောက်ထိ သင်တန်းသူရှိတတ် ပြီးတော့ Hand Made သင် တန်းကျောင်းတွေက သင်တန်းအ မျိုးအစားတစ်ခုကို တစ်လမှာ အ နည်းဆုံး တစ်ကြိမ်လောက်တော့ ဖွင့်ရလေ့ရှိပါတယ်။ တချို့အောင် မြင်တဲ့သင်တန်းကျောင်းတွေက သင်တန်းချိန် တစ်လကို သုံးခု လောက်ဖွင့်ရတာမျိုးလည်း ရှိပါ တယ်။ တချို့သင်တန်းကျောင်း တွေကတော့ သင်တန်းသူက လူ ကိုယ်တိုင်တောင် သင်တန်းသွား တက်စရာမလိုဘဲ ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာလူမှုကွန်ရက်ကတစ်ဆင့် သင်ကြားပေးတာမျိုးလည်း ရှိပါ တယ်။ Hand Made သင်တန်းအ မျိုးအစားတွေဟာလည်း ပန်းထိုး နည်း၊ ကိတ်မုန့်လုပ်နည်းသင် တန်းကစလို့ အင်္ကျီပန်းကြယ်သီး ထိုးနည်း၊ အိတ်လုပ်နည်း၊ သိုး မွေးထိုးနည်း၊ အရုပ်ထိုးနည်းသင် တန်းတွေအထိ အမျိုးမျိုးဖွင့် လှစ်ကြပါတယ်။ လတ်တလော အမျိုးသမီးငယ်လေးတွေကြားမှာ ခေတ်စားနေတဲ့ Hand Made သင်တန်းတွေကတော့ Crochet သိုးမွေးအရုပ်ထိုးသင်တန်း၊ က နုတ်အိတ်ထိုးနည်း သင်တန်း၊ ပွဲတက်အိတ်သင်တန်း၊ Box အိတ်လုပ်နည်းသင်တန်း၊ ကိုင်း အိတ်သင်တန်းတွေပါ။

သင်တန်းကြေးတွေကလည်း သင်တန်းအမျိုးအစားအလိုက် ကျပ်လေးသောင်းကနေ ခြောက် သောင်းဝန်းကျင်လောက်သာပေး ရပြီးတော့ တချို့သင်တန်းတွေက လိုအပ်တဲ့သင်ထောက်ကူပစ္စည်း တွေကိုပါ ပေးတာမျိုးလည်းရှိပါ တယ်။

ရက်ရှည်အချိန်ပေးတက်ရ တာမျိုးမဟုတ်ဘဲ တချို့သင်တန်း တွေဆို တစ်ရက်တည်းသာ တက် ရတာမျိုးပါ။ အချိန်သိပ်မပေးရ တာကြောင့် လုပ်ငန်းခွင်ဝင်ရင်း တက်တဲ့ အမျိုးသမီးငယ်တွေအ တွက် အလွန်အဆင်ပြေတယ်လို့ ကိုင်းအိတ်သင်တန်းတက်ဖူးတဲ့ တာမွေမြို့နယ်မှာနေတဲ့ မဝတ် ရည်သန့်က ဆိုပါတယ်။

ဆေးဝါးကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်ရေးဝန်ထမ်းအ ဖြစ် အလုပ်လုပ်နေတဲ့ မဝတ်ရည် သန့်က ကိုင်းအိတ်သင်တန်းကို လွန်ခဲ့တဲ့ သုံးလလောက်က တက် ခဲ့တာပါ။ ရုံးသွားရုံးပြန် ဝတ်ဆင် တဲ့ မြန်မာဝတ်စုံတွေနဲ့ ဆင်တူ အိတ်လေးတွေကို ကိုယ်တိုင်လုပ် ကြည့်ချင်တာကြောင့် ကိုင်းအိတ် သင်တန်းတက်ခဲ့တာပါ။

သင်တန်းကြေး ငါးသောင်း သွင်းရပြီး သင်တန်းတစ်ရက်ပဲ တက်ရပေမယ့် အခုဆို ကိုယ်တိုင် လုပ်ထားတဲ့ အိတ်လေးတွေကို ရုံးသွားရုံးပြန် လွယ်သွားနိုင်ပြီလို့ ဆိုပါတယ်။ ဒါ့အပြင် သူလွယ် သွားတဲ့ အိတ်လေးတွေကို တခြား ဆေးကုမ္ပဏီဝန်ထမ်း သူငယ်ချင်း တွေက သဘောကျတာကြောင့် သူတို့အတွက် အော်ဒါမှာတာမျိုး တောင်ရှိလို့ အပိုဝင်ငွေရတယ်လို့ ပြောပြပါတယ်။

သင်တန်းတက်ပြီး လက်ရာ သပ်ရပ်သူတွေကိ်ု သင်တန်းကပဲ အော်ဒါပြန်အပ်တာမျိုးလည်းရှိ တဲ့အပြင် တချို့က ဖေ့စ်ဘွတ်ခ်က နေပဲ Hand Made အိတ်တွေကို လက်လီလက်ကား ပြန်ရောင်း တာ၊ ဆိုင်ကြီးတွေမှာ သွင်းပြီး ရောင်းတာမျိုးလည်း ရှိတယ်လို့ မနီလာနိုင်က ဆိုပါတယ်။

သင်တန်းတစ်ကြိမ်တက်ပြီး အခြေခံသဘောတရားနားလည် သွားရင် ကိုယ်တိုင်ဆန်းသစ်တဲ့ ဒီဇိုင်းတွေ ဖန်တီးလို့ရတဲ့အပြင် သင်တန်းတက်ပြီး ကျွမ်းကျင် သွားသူတွေကတစ်ဆင့်ပြန်လည် သင်တန်းဖွင့်တာမျိုးတွေလည်းရှိ တယ်လို့ Hand Made အိတ်သင် တန်းတက်ပြီးနောက် တစ်ဆင့် သင်တန်းဖွင့်ထားတဲ့ မသီရိက ပြောပြပါတယ်။

လက်ရှိမှာ Hand Made ပစ္စည်းတွေကို မြန်မာနိုင်ငံက လူတွေစိတ်ဝင်စားမှုက မြင့်လာ ပေမယ့် ဈေးကွက်ကြီးကြီးမား မားတော့ မရသေးဘူးလို့လည်း သင်တန်းဖွင့်လှစ်ထားသူတွေက ဆိုပါတယ်။ ဒါပေမဲ့ အရင် အိမ် တွင်းအချုပ်အလုပ်ကို စိတ်မဝင် စားတဲ့ လုပ်ငန်းခွင်က အမျိုးသမီး ငယ်လေးတွေကတော့ လတ်တ လောမှာ Hand Made ကိုယ်တိုင် ဖန်တီးချုပ်လုပ်ရတဲ့ အတတ် ပညာကို စိတ်ဝင်တစားရှိလာကြ ပါတယ်။

‘‘အဓိကကတော့ အပ်နဲ့ချည် နဲ့ကိုင်ပြီး လုပ်ရတဲ့အလုပ်ဆို တော့ မိန်းကလေးတွေ စိတ်ဝင် စားကြတာ’’လို့ မနီလာနိုင်က ဆို ပါတယ်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img