fb_icon

bnr_tob_1

2019.08.30SOCIAL

အထီးကျန်မှတ်တိုင် “ရဲဘော်ဟောင်း”

တချိန်ကမြန်မာနိုင်ငံ ရဲ့ စစ်ဋ္ဌာနချုပ် ရုံးစိုက်ခဲ့တဲ့ ၈မိုင်ရဲ့အနီး က ရဲဘော်ဟောင်း မှတ်တိုင်လေးဟာ ညအခါ YBS ကားရှားပါးမှုနှင့်ရင်ဆိုင်နေရပါတယ်။ ရဲဘော်ဟောင်း မှတ်တိုင်လေးတွင် ည ၉ နာရီနောက်ပိုင်းတွင် YBS 83 တစ်မျိုးတည်း တစ်နာရီတစ်စီးသာ ရှိပါတယ်။ ကြားကားလေးများမှာလည်း လူရနည်းသောကြောင့် ရံဖန်ရံခါတစ်စီးတလေသာ တွေ့ရပါတယ်။ ထိုကြားကားလေးများမှာ ဘုရင့်နောင်ထိသာ လမ်းကြုံတင်တာ ဖြစ်သောကြောင့် လှည်းတန်းနှင့် ခဝဲခြံ မှတ်တိုင်များသို့ သွားလိုလျှင် သမိုင်းလမ်းဆုံမှ တစ်ဆင့်ပြောင်းစီးကြရပါတယ်။ သမိုင်းလမ်းဆုံမှာတော့ Power Eleven နှင့် ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီ များ၏ YBS 21 များက ဆယ်နာရီခွဲကျော်အထိ ပြေးဆွဲပေးနေသည့်အပြင် အခြား YBS နှင့် ကြားကား အချို့လည်း ရှိပါတယ်။ ထို့ပြင် သမိုင်းလမ်းဆုံ၏ ညဈေးတန်းက ကြက်ပျံမကျစည်ကားနေပြီး လမ်ဘေးအဝတ်အထည်ဆိုင်၊ အီလက်ထရောနစ်ပစ္စည်းဆိုင်၊ ထမင်းကြော်ဆိုင်များနှင့် ဝေဆာနေပါတယ်။ အခြားဝန်ဆောင်မှုအချို့လည်း ရှိနေပါသေးတယ်။ ထိုအချိန်တွင် ရဲဘော်ဟောင်း ကားမှတ်တိုင်လေးကတော့ အထီးကျန်နေပါတယ်။


ရဲဘော်ဟောင်းမှတ်တိုင်တွင် ညဘက်ကားစောင့်နေသူအချို့၏ ခံစားချက်များကိုလည်း Yangon Style အဖွဲ့သားများက သွားရောက်မေးမြန်းခဲ့ပါတယ်။

အစ်ကို ကားစောင့်နေတာကြာပြီလား ခင်ဗျ။

ဟုတ်ကဲ့… ကြာပြီ။ ကားကတော်တော်နဲ့ မလာဘူးဖြစ်နေတယ်။

အစ်ကို နာမည်လေး သိပါရစေ…။

ကိုမိုးဝင်းပါ။

အခုဘယ်သွားမလို့လဲ မသိဘူး။

သမိုင်းပြန်ရမှာပါ။ အစ်မ အိမ်က ပြန်တာလေ။

အော်…ဟုတ်ကဲ့။

အခု ဘယ်လိုသွားမယ်လို့ စိတ်ကူးထားပါသလဲ။

မိုးလည်းချုပ်နေပြီ ကလေးတွေလည်းပါတယ်ဆိုတော့ TAXI နဲ့ပဲ ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။

အဆင်ပြေပါစေဗျာ။


ထို့နောက် Yangon Style အဖွဲ့သားများသည် နောက်ထပ်ခရီးသည်တစ်ယောက်ကို ဆက်လက် မေးမြန်းပါတယ်။

အစ်ကို့ နာမည်လေး သိပါရစေ…။

ကိုစည်သူပါ။

ဘယ်ကိုသွားမလို့ပါလဲ။

ကုလားကျောင်းမှတ်တိုင်ပါ။

ကားစောင့်တာကြာပြီလား။

ဟုတ်ကဲ့…ကြာပြီ။ ဒီအချိန်က ကားရှားတယ်။

အခုဘယ်လိုသွားဖို့ စိတ်ကူးထားလဲ။

YBS 83 စောင့်စီးရမှာပဲ။ သမိုင်းရောက်မှ နောက်တဆင့်ပြောင်းစီးတော့မယ်။ ကြားကားရရင်လည်း လိုက်ရမှာပဲ။

ဟော… ပြောရင်းဆိုရင် YBS 83 လာပြီ လူကျပ်ကျပ် နဲ့တိုးစီးရမှာပဲ…။

ဟုတ်ကဲ့…အဆင်ပြေပါစေဗျာ။

ထို့နောက် Yangon Style အဖွဲ့သားများသည် ခရီးသည်များနှင့် အမေးအဖြေ ကဏ္ဍကို အဆုံးသက်လိုက်ပါတယ်။

ညအခါ YBS ကားရှားမှုပြဿနာသည် ရဲဘော်ဟောင်းမှတ်တိုင်တွင်သာမက အခြားမှတ်တိုင်အချို့တွင်လည်း ကြုံတွေ့နေရကြောင်း အပြုသဘောနှင့်တင်ပြလိုက်ရပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img