2019.09.02TECH
Sony DSC HX400V
အနက်ရောင် Sony Cyber-shot DSC-HX400V Digital Camera ကတော့ high-zoom camera ဖြစ်ကာ DSLR တစ်လုံးရဲ့ ဒီဇိုင်းနဲ့ ထိန်းချုပ်မှုမျိုး တည်ဆောက်ထားတာပါ။ 20.4MP 1/2.3″ Exmor R CMOS sensor နှင့် BIONZ X Image Processor တို့ပါဝင်ကာ အလင်းရောင်အားနည်းတဲ့နေရာမှာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။ အထူးသဖြင့် wide 2.8 aperture ကြောင့် အလင်းအားနည်းတဲ့အခါ အင်မတန်မှ အဆင်ပြေစေပါတယ်။ 50x optical zoom Carl Zeiss VarioSonnar T lens နှင့်အတူ 100x Clear Image Zoom ပါဝင်ကာ အဝေးက ပုံရိပ်တွေကို ပြတ်သားစွာ ဆွဲယူနိုင်မှာပါ။ 3″ Xtra Fine 921k-dot tilting LCD monitor သာမက electronic eye-level viewfinder ကြောင့် အရည်အသွေးမြင့်မားတဲ့ ပုံရိပ်တွေကို ကောင်းစွာချိန်ညှိကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ Optical SteadyShot Image Stabilization က လက်တုန်ခါမှုကြောင့်ဖြစ်တတ်တဲ့ ပုံရိပ်များဝေဝါးခြင်းကနေ အပြည့်အဝ ကာကွယ်ပေးပါတယ်။ Sports photography နှင့် motion-filled photo capturing moments တွေမှာဆိုရင် HX400V ဟာ 10 frames per second continuous shooting ကို full 20.4MP resolution ဖြင့် ပေးစွမ်းမှာဖြစ်ပြီး တိကျပြတ်သားတဲ့ ပုံထွက်စွမ်းရည်ကို ထောက်ပ့ံတာကို တွေ့ရပါတယ်။ Superior Auto ၊ Manual Exposure Control ၊ Motion Shot Video ၊ Face Detection, Tracking Focus & Smile Shutter ၊ Built-In Wi-Fi Connectivity & NFC ၊ Built-In Flash & Multi Interface Hot Shoe အစရှိသော features တွေ စုံစုံလင်လင်ပါဝင်ကာ ကင်မရာရဲ့ တန်ဖိုးကတော့ 759,000 Ks ဖြစ်ပါတယ်။ Sony Showroom, Ph : 09-455533667 တွင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Credit : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

