2019.09.06TRAVEL
မြို့ပြရဲ့မွန်းကြပ်မှုတွေကင်းရာ နေချင်စဖွယ်မြို့လေး မိုးကုတ် (ခေါ်) ပတ္တမြားတို့ရဲ့ဇာတိမြေ
သဒ္ဓါ March လရော April ရောတစ်လလုံး ခရီးတွေ ဆက်တိုက်ထွက်ဖြစ်ခဲ့ပါတယ်။ 😻
မိုးကုတ်မြို့လေးလဲအပါအဝင်ပေါ့… ရန်ကုန်မှာ အပူချိန်တွေ လွန်ကဲနေချိန် မိုးကုတ်မြို့လေးမှာတော့ သာသာယာယာပဲပေါ့။ အဲ့ဒါနဲ့ပဲ မောင်လေးတွေ ညီမလေးတွေနဲ့ မိုးကုတ်ကို ရောက်ခဲ့ပါတယ်။
မိုးကုတ်မြို့လေးကတော့ ၁၂ ရာသီလုံး မပူပဲ နေလို့ထိုင်လို့အလွန်ကောင်းတဲ့မြို့လေးပေါ့။ ပြည်တန်ပတ္တမြားတွေ ထွက်ရှိရာ မြို့လေးလဲဖြစ်သလို ည ၈နာရီကျော်ရင် တမြို့လုံး တိတ်ဆိတ်နေတဲ့မြို့လေးပါ။
ကဲ ဈေးသက်သက်သာသာနဲ့ လည်စရာမြို့တစ်မြို့ထပ်တိုးလာပီပေါ့လေ 😍😍
ခရီးလမ်းကြောင်း…🚌🚘
••••••••••••••••••••••••
မန္တလေးတိုင်း မိုးကုတ်မြို့လေးကို ရန်ကုန်ကနေသွားမယ်ဆိုရင် Express ယာဉ်လိုင်းတွေ အများကြီးရှိပါတယ်။ မန္တလေး – မတ္တရာ – မိုးကုတ် ကားလမ်းအတိုင်းလာပါတယ်။ တစ်ဦးကိုမှ တစ်သောင်းစွန်းစွန်းလေးပဲ ကျပါတယ်။ သဒ္ဓါတို့ကတော့ လူများလို့ ကိုယ့်ကားနဲ့ကို သွားခဲ့ကြပါတယ် 🚘
မိုးကုတ်သွားမယ်ဆိုရင် လမ်းကြောင်း ၂ ခုရှိပါတယ်။
တစ်ခုကတော့ပုံမှန်သွားနေကြ မန္တလေး – မတ္တရာ – မိုးကုတ် ကားလမ်းနဲ့ မန္တလေး – ပြင်ဦးလွင် – မိုးကုတ် ကားလမ်းတို့ပဲ
ဖြစ်ပါတယ်။
မတ္တရာကားလမ်းကတော့ အကွေ့ပေါင်း ၉၉၉ ကွေ့ရှိတယ်ဆိုပြီး ပြောစမှတ်ပြုကြတဲ့လမ်းပါ။ ကားမူးတတ်သူများအတွက်တော့ ဆေးကြိုသောက်သွားရမယ့်အနေအထားပါ။ ရန်ကုန်- မန်းလေးလေးကားစီးပြီးမန်းလေးကနေ ထပ်ပီး ၆ နာရီကျော်လောက်မောင်းရပါတယ်။ ကားမမူးတတ်တဲ့ ကိုယ်တောင် မိုးကုတ်ရောက်တာနဲ့ လည်ထွက်နေပါတယ်😂😂
ပြင်ဦးလွင် – မိုးကုတ်လမ်းကတော့ အတက်အဆင်းမတ်ပါတယ် ၄ နာရီလောက်ပဲမောင်းရပြီး ပိုမြန်ပါတယ်။
မိုးကုတ်မြို့ကို အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး ၂ ပိုင်းခွဲထားပါတယ်။ အေးအေးဆေးဆေး ရက်ရှည်နေတဲ့သူတွေအတွက်တော့ လည်စရာတွေအများကြီးပါ။
သဒ္ဓါတို့အဖွဲ့ကတော့ ကံမကောင်းစွာနဲ့ မိုးကုတ်မြို့ အနောက်ပိုင်း လမ်းတွေပြင်နေတဲ့အချိန်နဲ့ တိုးသွားတာကြောင့် ကားကြီးဝင်လို့မရလို့ အနောက်ပိုင်းက လည်စရာနေရာတွေကို သိပ်မလည်ခဲ့ရပါဘူး😪😪
နောက်တစ်ခါထပ်သွားမယ်လို့ အားခဲထားပါတယ်😼
တည်းခိုဖို့ 🏢
••••••••••••
မိုးကုတ်မြို့မှာ တည်းမယ်ဆို နာမည်ကြီး ဟိုတယ်တွေရှိပါတယ်။ ရွှေလိပ်ပြာ ဟိုတယ်၊ King Bridge ဟိုတယ်စသဖြင့် ဈေးနှူန်းမြင့်တဲ့ ဟိုတယ်တွေမှာလဲ တည်းလို့ရပါတယ်။ မိုတယ်၊ Guest house အများစုလဲ ရေချိုးခန်း အိမ်သာတွဲလျက်၊ ရေပူရေအေးအစုံနဲ့တည်းရတာ အဆင်ပြေပါတယ်။ ဈေးနှုန်းကလဲ ၁၀ဝ၀ဝ ဝန်းကျင်ကနေစတာကြောင့် စရိတ်စက သက်သာစွာနဲ့ တည်းခိုနိုင်ပါတယ်။
သဒ္ဓါတို့ကတော့ SakuraMoe Guest House မှာတည်းခဲ့ပါတယ် တစ်ယောက်ကို ၁ သောင်းကျော်ကျပါတယ်။ မိုးကုတ်ဆေးရုံကြီး၊ ဖောင်တော်ဦးဘုရားတို့နဲ့ နီးတာကြောင့် အဆင်ပြေတယ်လေ လမ်းလျှောက်သွားရုံပဲ။ 🤩
SakuraMoe Guest House – 09449568866
https://m.facebook.com/Sakura-Moe-Guest-House-MOGOK-1336607779769928/
အောက်မှာ လိပ်စာကဒ်ပုံလေးတင်ပေးထားပါတယ်😘
လည်ဖို့ပတ်ဖို့🏞🎇📷
••••••••••••••••••••
သဒ္ဓါတို့အဖွဲ့ မိုးကုတ်ကို ညနေပိုင်းရောက်တော့ Check in ဝင် ရေမိုးချိုးပြီးတာနဲ့ sunset အမီ ချမ်းသာကြီး ဘုရားကိုအရင်ဆုံး သွားခဲ့ပါတယ်။ နောက်နေ့မှာတော့ မနက်စောစော မိုးကုတ်မြို့ရဲ့အဓိက ဌာပွဲ၊ ပတ္တမြားစေတီ၊ ရွှေဂူကြီးဘုရား၊ ဘော်ဘဒန်းရွာက မိုးကုတ်ဆရာတော် ဘုရားကြီးသီတင်းသုံးရာဂူ၊ မိုးကုတ်အင်းကန်ဘောင်၊ ကင်းချောင်းရေတံခွန် နှင့် ညဈေးတို့ကိ်ုသွားရောက် လည်ပတ်ခဲ့ကြပါတယ်🤩🤩🤩
☑️ ချမ်းသာကြီးဘုရား
————————
မိုးကုတ်ရောက်ရင် သွားရောက်သင့်တဲ့ မြို့ကျက်သရေဆောင်ဘုရားကြီးပေါ့။
မိုးကုတ်မြို့လည်ခေါင်ကို အပေါ်စီးကနေမြင်ရပါတယ်။
ညဖက်ဆို မီးတွေနဲ့တလက်လက်တောက်ပနေတဲ့ မိုးကုတ်မြို့လေးကို မြင်တွေ့ရမှာပါ။
☑️ ဖောင်တော်ဦးဘုရား
ကျောက်မျက်ရတနာစီခြယ်ထားတဲ့ ရွှေပလ္လင်၊ ငွေပလ္လင်ရှိရာ မိုးကုတ်မြို့မှ ဖောင်တော်ဦးဘုရားကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။ဖောင်တော်ဦး ဘုရားမှရုပ်တု တစ်ဆူကို ဖူးတွေ့ရမှာဖြစ်ပါနယ်။ တပေါင်းပွဲဆိုရင် ပိုစည်ကားပါတယ်။စာင်းတန်းကြီးကလဲ သိပ်လှပါတယ်။ 🙏🏻
☑️ ကျောက်မျက်ရတနာဈေး (ခေါ်) ဌာပွဲ 💎🔮
မိုးကုတ်မြို့ရောက်ရင် မဖြစ်မနေသွားသင့်ပါတယ်။ မိုးကုတ်မြို့ ညဈေးအနီး အင်းကန်ဘောင်ပေါ်မှာရှိတဲ့ မဏမင်္ဂလာ ကျောက်မျက်ဈေးပါ။ ဒေသအခေါ်အဝေါ် ဌာ ဆိုတာကတော့ ကျောက်မျက်ရတနာများထည့်တဲ့ ခွက်ကို ခေါ်တယ်ဆိုပြီး သိခဲ့ရပါတယ်။
မနက် ၈ နာရီကနေ ၁၀ ခွဲလောက်အထိ စည်ကားတာကြောင့် မနက်ပိုင်းသွားသင့်တဲ့နေရာလေးပါ။ ကျောက်မျက်ရတနာမျိုးစုံကို တစ်နေရာတည်း တွေ့နိုင်တဲ့ မိုးကုတ်ရဲ့ တစ်ခုတည်းသောဈေးကြီးပါ 🤩🤩
ပြန်မထွက်ချင်လောက်အောင် ဖြစ်သွားမယ်နော် ဈေးနှုန်း ၂၀ဝ၀ လောက်ကနေ စရှိတဲ့ ကျောက်အစစ်တွေကို ရနိုင်ပါတယ်။
☑️ အင်းကန်ဘောင်
ဌာပွဲတည်ရှိ်ရာနေရာဖြစ်ပြီး ကျောက်မျက်ရတနာတွေဝယ်ပြီးရင် ကန်ဘောင်မှာ မိုးကုတ်မြို့ စာလုံးကြီးများနဲ့ ဓာတ်ပုံရိုက်လို့ရပါတယ် 🤩 ကန်ဘောင်ကနေကြည့်လိုက်ရင် ရေကန်နဲ့ ရောင်ပြန်ဟက်နေတဲ့ အိမ်လေးတွေကိုတွေ့ရမှာပါ။ ရန်ကုန်မှာဆို အင်းယားကန်ဘောင်လိုပေါ့ ညဈေးနဲ့လဲ ကပ်လျက် ညနေပိုင်းဆို အားကစားလုပ်သူ၊ လမ်းလျှောက်သူတွေနဲ့ စည်းကားနေတဲ့ နေရာလေးပေါ့… လေလေး တဖြူးဖြူးနဲ့ ရှယ်ပဲ 😎
☑️ ရွှေဂူကြီးစေတီတော်
မိုးကုတ်မြို့အရှေ့ပိုင်းမှာ တည်ရှိပြီး မိုးကုတ် မဟာမြတ်မုနိအနီးတွင်တည်ရှိပါတယ်။
☑️ ကင်းချောင်းရေတံခွန်💦
မိုးကုတ်မြို့ပြင်အထွက်လမ်းမှာ ရှိတဲ့ အိုအေစစ်လေးပါ။ မိုးတွင်းဖက်တော့ ရေများပြီး ရေနောက်ပါတယ်။
သဒ္ဓါတို့ သွားတုန်းကတော့ လှပါတယ်😁
☑️ ဘော်ဘဒန်းရွာမှ မိုးကုတ်ဆရာတော်ကြီးနေထိုင်ရာဂူ
မိုးကုတ်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ ဂူရှိရာ ဘော်ဘဒန်းရွာကိုလည်း သွားရောက်သင့်ပါတယ်။
☑️ ပတ္တမြားစေတီ
မိုးကုတ်မြို့တစ်မြို့လုံးကို အပေါ်စီးကနေ ပါးစပ်အဟောင်းသားနဲ့ မြင်ရမယ့် ပတ္တမြားစေတီ😻😻
Sunset ကို ပတ္တမြားစေတီပေါ်ကနေကြည့်ပါ အရမ်းရမ်းလှပါတယ်။ view pointရှိပါတယ်…
ကန်ဘောင်နဲ့ ဌာပွဲကိုအပေါ်စီးကနေမြင်ရပါတယ်။
☑️ မြို့ဦးပြင်
မြို့အထွက် တောင်ပေါ်မှာတည်ထားတဲ့ ဘုရားပါ။ သဘာဝအလှရှာခင်းတွေကို တဝကြီးခံစားနိုင်တဲ့နေရာလေးပေါ့
☑️ ရွှေလိပ်ပြာဟိုတယ်
မိုးကုတ်မြို့ရဲ့ ရွှေရောင် လိပ်ပြာအကြီးကြီး ရှိတဲ့ ဟိ်ု်ုကြီးပေါ့။မတည်းလည်း ဓာတ်ပုံလာရိုက်ပြီး လျှောက်ကြည့်လို့ရပါတယ်။ Cafe လဲရှိတော့ အေးဆေးပဲပေါ့ 😻
☑️ မိုးကုတ်ညဈေး
မိုးကုတ်ရောက်ရင်တော့ ညဈေးကအစားအသောက်တွေပတ်စားဖို့တော့ မမေ့နဲ့နော်😍 တို့ဟူးနွေးကတော့ မဖြစ်မနေ စားသင့်တဲ့အစားစာပဲ။ ဘာစားစား ၅၀ဝ ၁၀ဝ၀ နဲ့ တန်မှတန်ပဲ။ ညနေဖက် မုန့်တွေလျှောက်စားရင်း မိုးကုတ်မြို့ရဲ့ အနှစ်သာရကိုခံစားကြည့်ပါ။
မိုးကုတ်ရောက်ရင် လူထု စားသောက်ဆိုင်က ဝက်စတူးကို စားကြည့်သင့်ပါတယ် 🤤🤤 အရမ်းနူးညံ့ပီး အရသာရှိလွန်းလို့ပါ။ မိုးကုတ်ထမင်းပေါင်းနဲ့ မိုးကုတ် အသားလွှာစုံဟော့ပေါ့၊ ဟင်းထုတ်တို့လဲနာမည်ကြီးပါတယ်။
ရာသီဥတုကတော့ လုံးဝမပူပါဘူး အရမ်းလဲမချမ်းပဲ
နေလို့ ထိုင်လို့ အရမ်းကောင်းတဲ့မြို့လေးပါ။ ဒေသခံတွေကလဲ ရိုးသားကြပီး အရမ်းဖော်ရွေကြပါတယ်။
မိုးကုတ်အနောက်ပိုင်းကိုတော့ မရောက်ဖြစ်ခဲ့တာ
ကြောင့် နောက်တစ်ခေါက်မှပဲ သွားဖို့လုပ်ထားပါတယ်😿
တခြား လည်ပတ်စရာနေရာတွေကတော့
✔️ ဒေါ်နန်းကြည်တောင်
✔️ ကျောက်ပြသာဒ်
✔️ အုပ်ဆောင်းတောင်
✔️ ကျောက်လက်ညှိုးတောင်
✔️ ဘုရားတစ်ထောင်ဂူတို့ပဲ ဖြစ်ပါတယ်။





























သတိတော့ထားရမှ ချော်လို့



တို့ဟူးနွေးပုံတော့မပါဘူး must try 🤤

ကဲ ဒီလောက်ဆို မိုးကုတ်ရောက်ရင် ဘယ်တွေ သွားသင့်လဲ ဘာတွေစားရင်ကောင်းမလဲဆိုတာ အဆင်ပြေမယ်ထင်ပါတယ်😁😁
တခြား သိချင်တာရှိရင်လဲ Chat Box ကနေ အချိန်မရွေးမေးထားလို့ရပါတယ် 😘😘😘
TDTravelNotes
Mogok
Wanderlust
Travelholic
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့် ❤️❤️❤️
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

