2019.09.09SOCIAL
Facebook အနေဖြင့် ဇော်ဂျီသုံးစွဲထားသည့်စက်များတွင် ယူနီကုဒ်မြန်မာစာစနစ်ဖြင့် မြင်နိုင်ရန် font Converter စနစ်ကို လုပ်ဆောင်လျက်ရှိ
Facebook ဟာ မြန်မာနိုင်ငံတစ်ဝန်း ယူနီကုဒ်ပြောင်းလဲအသုံးပြုရာမှာ အထောက်အကူဖြစ်ဖို့ Facebook အနေနဲ့ ဇော်ဂျီသုံးစွဲထားတဲ့စက်တွေမှာ ယူနီကုဒ်မြန်မာစာစနစ်နဲ့ မြင်နိုင်ဖို့အတွက် font Converter စနစ်ကို လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၅ ရက်က ပြုလုပ်တဲ့ facebook ကိုယ်စားလှယ် ၅ ဦးနဲ့ ရန်ကုန်မြို့မှာ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခမ်းအနားမှ သိရပါတယ်။ Facebook သုံးစွဲသူတွေအတွက် စနစ်ထဲက ဘာသာစကားရွေးချယ်တဲ့နေရာမှာ ဇော်ဂျီဖောင့်စနစ်ကို ၂၀၁၈ ကတည်းက ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း၊ အခုအခါမှာ ယူနီကုဒ်အသုံးပြုတဲ့ ထုတ်ကုန်တွေမှာလည်း သတင်းအချက်အလက်တွေ ဖတ်ရှုနိုင်ဖို့ font coverter တွေထောက်ပံ့ပေးဖို့ Facebook ကလုပ်ကိုင်နေကြောင်း သိရပါတယ်။
ဒါကြောင့် ယူနီကုဒ်သုံးစွဲသူတွေအနေနဲ့ Facebook ရဲ့ Help Center ကဖော်ပြထားတဲ့ အချက်အလက်၊ မူဝါဒတွေကို ဖတ်ရှုနိုင်မှာဖြစ်ကြောင်း၊ ဇော်ဂျီသုံးစွဲသူတွေအနေနဲ့လည်း ဇော်ဂျီဖောင့်ကို ဆက်လက် အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ မကြာသေးခင်ကာလက Facebook အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမုန်းစကားနှင့်သတင်းအမှားကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နည်းပညာအဆင့်မြှင့်တင်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ အလားတူ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
-ဝေဝေ
Credit : www.internetjournal.media
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

