fb_icon

bnr_tob_1

2019.09.11FEATURE

အစားအသောက်အတွက် နာမည်ကျော်တဲ့ (၈)နိုင်ငံ

အစားအသောက်ကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးရေ ကမ္ဘာ့အကောင်းဆုံးအစားအစာတွေရယ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ လူကြိုက်အများဆုံးအစားအစာတွေက ဘယ်နိုင်ငံတွေမှာရှိလဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။

၁။ Italy

အီတလီနိုင်ငံမှ အစားအသောက်တွေကတော့ ကမ္ဘာ့အကောင်းဆုံး အစားအသောက်များအဖြစ်ရပ်တည်နေပါတယ်။ Pizza, Spaghetti အမျိုးမျိုး အစရှိတဲ့ အစားအသောက်တွေကတော့ နိုင်ငံတကာမှာပါ လူကြိုက်များလှပါတယ်။ Cheese နိုင်နိုင် ခရမ်းချဉ်သီးများများနဲ့ အာဟာရကော အရသာပါ ပြောစရာမလိုတဲ့ အစားအသောက်တွေကတော့ အီတလီနိုင်ငံ မှာရနိုင်ပါတယ်။ Coffee ကို အီတလီမှာ မနက်တင်မကပဲ တစ်ချိန်လုံးကိုသောက်တာပါ။ အီတလီနိုင်ငံသားတွေက Coffee ကိုဆိုင်မှာပဲ ထိုင်သောက်တတ်ပြီး ပါဆယ်ယူသွားမယ်ဆိုရင်တော့ ဧည့်သည်ဆိုတာ တန်းသိနိုင်ပါတယ်။

၂။ China

အရသာရှိလှတဲ့ တရုတ်အစားအစာတွေကတော့ အထူးပြောစရာမလိုပါဖူးနော်။ နိုင်ငံ တိုင်းမှာလည်း တရုတ်တန်းရှိသလို တရုတ်အစားအစာကို လွတ်ကင်းတာ ရှားလှပါတယ်။ လမ်းဘေးအစားအစာကနေ တော်ဝင်ဟင်းပွဲတွေအထိကို တိုးပေါက်တဲ့ အစားအစာတွေဖြစ်ပါတယ်။ တရုတ်က အရသာရှိလှတဲ့ ဝက်သား၊ ယူနန်ဘဲကင်၊ ဒင်းဆမ်းတို့ကတော့ ကျွန်တော်တို့အားလုံး မငြင်းနိုင်တဲ့ အစားအသောက်တွေပါနော်။

၃။ France

နံပါတ် (၃) ကတော့ ပြင်သစ်အစားအသောက်တွေပဲ ဖြစ်ပါတယ်နော်။ ပေါင်မုန့်တွေ ဝိုင်တွေ Cheese တွေအတွက်နာမည်ကြီးပါတယ်။ အစားအသောက်ကို အချိန်ပေးပြီးအရသာခံစားသောက်တတ်တဲ့ အမူအကျင့်ကိုလည်းတွေ့ရမှာပါ။ ကျွန်တော်တို့အတွက်တော့ စားရမှာ နေသားမကျပေမယ့် ကမ္ဘာ့အကောင်းဆုံးအစားအသောက်မှာ ပါဝင်နေပါတယ်။

၄။ Spain

ဒေသရိုးရာကို အခြေခံကာ ချက်ပြုတ်ထားတဲ့ စပိန်အစားအသောက်တွေကတော့ ဥရောပကော မြေထဲပင်လယ်ဒေသ အသီးအနှံ အရသာတွေပါ ပေါင်းစပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Jamon Iberico, Churros ကတော့ စပိန်ရဲ့ နာမည်ကျော်အစားအစာတွေဖြစ်ပါတယ်။

၅။ Japan

သဘာဝအရသာကို အခြေခံထားပြီး ကျန်မားရေးနဲ့ အထူးညီညွတ်တဲ့ ဂျပန် အစားအသောက်တွေကလည်း ကမ္ဘာတစ်လွှားမှာလူကြိုက်အလွန်များပြားပါတယ်။ Sushi, Ramen, Miso soup, sashimi, Tempura အစရှိတဲ့ အစားအစာတွေကတော့ လတ်လတ်ဆတ်ဆတ်နဲ့ လူတိုင်းကြိုက်နှစ်သက်ကြတာပါနော်။ အဆိပ်ရှိတဲ့ ငါးပူတင် ကိုလည်းကျွမ်းကျင်စားဖိုမှူးတွေက ချက်ပြုတ်ပေးတာကိုလည်း မြည်းစမ်းနိုင်ပါတယ်။ ဂျပန်ဆာကေးအရက်ကတော့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဂျပန်လူမျိုးတွေ အသက်ရှည်ကျန်းမာစေတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ အစားအသောက်ပဲဖြစ်ပါတယ်။

၆။ India

အိန္ဒိယအစားအသောက်တွေကတော့ အဟာရပြည့်ဝပြီးအစပ်အဟပ်တည့်ပြီး မဆလာကဲကဲ ဟင်းခတ်အမွှေးအကြိုင်အစုံအလင်နဲ့ ထောပတ်နိုင်နိုင်ချက်ပြုတ်တတ်ပါတယ်။ အိန္ဒိ တိုင်းရင်သားအများအပြားရှိတာမို့ ဒေသအလိုက်ကို အစားအစာတွေက မတူညီပါဖူး။ သတ်သတ်လွတ်ဟင်းလျာများကို အရသာရှိအောင်ချက်ပြုတ်သလို အမဲသား၊ သိုးသား၊ ဆိတ်သား တို့ကိုလည်း ချက်ပြုတ်ရာမှာ ကျွမ်းကျင်လှပါတယ်။ ပူရီ၊ ဒန်ပေါက်၊ မုန့်ချို ၊ ကီးမား၊လက်ဖက်ရည် အစရှိတဲ့ အိန္ဒိယအစားအသောက်တွေကိုလည်း တရုတ်အစားအစာလို နိုင်ငံတိုင်းမှာရှိနေပါတယ်။

၇။ Greece

Honeymoon အတွက်နာမည်ကျော်ပြီး ဆန်တိုရိနီက အိမ်ဖြူဖြူလေးတွေအလှကြောင့် နိင်ငံတကာက လာရောက်လည်ပတ်ပါတယ်။ ပျားရည် ၊သံလွင်ဆီ၊ ဒိန်ချဉ်တို့ကတော့ ဂရိမှာနာမည်ကြီးပါ။ အချိုပွဲတွေကတော့ အီစိမ့်နေအောင်ချိုပေမယ့် အကင်တွေကတော့ အရမ်းကိုအရသာရှိပါတယ်။ ဒိန်ခဲ၊ သံလွင်ဆီတို့နဲ့ အသီးအရွက်တွေရဲ့ ဘဘာဝအရသာမပြတ်အောင်သုပ်ထားတဲ့ Greece Salad ကလည်း အရမ်းစားလို့ကောင်းပါတယ်။

၈။ Thailand

ထိုင်းနိုင်ငံရဲ့ လမ်းဘေးအစားအသောက်တွေကတော့ ခရီးသွားဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ချဉ်ချဉ်စပ်စပ် ရှုးရှဲအရသာ အစားအသောက်တွေကို လမ်းဘေးမှတင်အလွယ်တကူစားလို့ရပါတယ်။ ပင်လယ်စာတွေ ၊ အသီးအရွက်လတ်လတ်ဆတ်ဆတ်ဆတ်တွေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ အစားအသောက် ပြင်ဆင်မှုကလည်းအံမခန်းပါပဲ။ မလေး၊ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ ဒေသအစားအစာတွေရဲ့ ပေါင်းစပ်လွှမ်းမိုးမှုလည်းရှိပါတယ်။ အစားအသောက်အတွက် ကမ္ဘာမှာနာမည်ကျော်တဲ့ အာရှနိုင်ငံပဲဖြစ်ပါတယ်။

အခုဆိုရင်တော့အစားအသောက်နဲ့ ပတ်သတ်ပြီး ကျော်ကြားတဲ့နိုင်ငံတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာအနှံ့ကိုလည်ပတ်ခြေဆန့်တဲ့အခါဒေသအစားအသောက်တွေကို မြည်းစမ်းဖို့ မမေ့ပါနဲ့နော်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img