fb_icon

bnr_tob_1

2019.09.23FEATURE

အမေရိကားမှာ အမေရိကန်လူငယ်တွေ ကျောင်းမပြီးရတဲ့အကြောင်းရင်း

”ရွာနားကမြက် ရွာနွားမစား” ဆိုတဲ့စကားပုံရဲ့ အဓိပ္ပာယ်ကို အမေရိကန်လိုအတိအကျဘာသာ မပြန်တတ်ပေမယ့် အဲဒီအကျိုးသက်ရောက်မှုနဲ့ ဆင်တူတဲ့ သင်ခန်းစာတချို့ကို အမေရိကန်လူငယ်တွေကြားကနေ သင်ယူခဲ့ဖူးပါတယ်။

နိုင်ငံတကာက ထောင်ပေါင်းများစွာသော လူငယ်တွေဟာ အမေရိကားရဲ့စာသင်စနစ်၊ မြို့ပြဖွံ့ဖြိုးမှုနဲ့ နည်းပညာတိုးတက်မှုတို့ကို မက်မောကြတယ်။ တတ်နိုင်သူလူကြီးမိဘတွေက ဒီနိုင်ငံမှာ ကျောင်းတက်ဖို့ ငွေကုန်ကြေးကျခံပြီး သားသမီးတွေကို ပို့ကြတယ်။ ဒါပေမဲ့ တချို့သော ဒီနိုင်ငံသားတွေကိုယ်တိုင်နဲ့ ပြောင်းရွှေ့ လာသူတွေရဲ့သား သမီးတွေကျတော့ ဘာလို့ကျောင်းပြီးအောင်မတက်ကြတာလဲဆိုတာ စိတ်ဝင်စားစရာပါ။

အကြောင်းရင်းစစ်တော့ သူတို့တတွေ (အားလုံးကိုမဆိုလိုပါ) ကျောင်းမပြီးရတဲ့အကြောင်းရင်းဟာ ” ကျောင်းပြီး အောင်မတက်နိုင်လို့ပါ ” လို့ပဲ ခပ်ရှင်းရှင်းဖြေရပါလိမ့်မယ်။ အဲဒီအထဲမှာ ငွေကိစ္စ၊ မိသားစုကိစ္စ၊ စီးပွားရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စစသဖြင့် ကံအကျိုး ပေးမကောင်းတဲ့ အရင်းခံအကြောင်းတွေ ရှိပါတယ်။

အများသိတဲ့အတိုင်း မူလတန်းကနေအထက်တန်းအထိ အခြေခံပညာဟာ အမေရိကားမှာအခမဲ့ပါ။ ကလေးအတွက် ကုန်ကျစရာမရှိ မဟုတ်ရှိပေမယ့် ကျောင်းလခလို ဝန်ထုတ်ဝန်ပိုးမဖြစ်တာကို ဆိုလိုပါတယ်။ ဒီလိုနဲ့ ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့ကျောင်းသားဟာ လူမှုအသိုင်းအဝိုင်းကျယ်ပြန့်လာသလို အသစ်ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ စရိုက်အစုံရှိတဲ့ အထက်တန်းကျောင်းမှာ အဖက်ဖက်က စမ်းသပ်လာတဲ့ စိန်ခေါ်မှုတွေကိုကျော်လွှားပြီး ကောလိပ်ကျောင်းသားဘဝကို တက်လှမ်းတဲ့လှေခါးရဲ့အထစ်တွေဟာ အမြဲခိုင်ခန့်တယ်ရယ်လို့ ဘယ်ရှိပါ့မလဲ။

ကျောင်းသားအရွယ်ကတည်းက အလုပ်ဘယ်လိုလုပ်ရတယ်။ အလုပ်လျှောက်လွှာ – Resume ဘယ်လိုရေးရ တယ်ဆိုတာကို သင်ပေးလိုက်တဲ့နောက်မှာမိဘရဲ့ဝင်ငွေနည်းပါးမှုအရသော်လည်းကောင်း ကိုယ်ပိုင်သုံးစွဲဖို့ ငွေကြေးလိုအပ်လို့သော်လည်းကောင်း လူငယ်လေးတွေဟာ အချိန်ပိုင်းအလုပ်တွေကို ဝင်စမ်းလုပ်ကြပါတယ်။

အဲဒီအခါ ကျောင်းစာဘက်ကိုလွတ်လာတာ၊ အိပ်ချိန်နည်းတာ၊ ကျောင်းတက်ချိန်မမှန်တာနဲ့ အိမ်စာမလုပ်နိုင်တဲ့ အချက်တွေရဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုအနေနဲ့ လူငယ်ဟာ ကျောင်းတက်မယ့်အစား ငွေရမယ့်အလုပ်ကိုသာ လုပ်ချင်လာပါတယ်။

အပျက်အပျက်နဲ့ စာကိုစိတ်ဝင်စားမှုနည်းလာသလို တစ်ဖက်မှာလည်း မအားလပ်တဲ့မိဘတွေရဲ့ အချိန်မပေးနိုင်မှုကြောင့် ကျောင်းပျက်ရက်များတာတို့၊ အိမ်စာမပြီးတာတို့ကို ကျောင်းအုပ်ချုပ်ရေးက စာပို့မှ သိရတာမျိုးဆို လူငယ်ရဲ့စိတ်ကို ပြန်လည်ပြောင်းလဲစေဖို့ သိပ်နောက်ကျနေပါပြီ။

တစ်ဆက်တည်း လူငယ်ရဲ့စိတ်ထဲမှာ ကောလိပ်ကျောင်းပြီးလို့ ဘွဲ့ပါလာရင် အလုပ်ကောင်းကောင်းရပြီး မက်လောက်တဲ့ နာရီစား လစာငွေရနိုင်မှန်းသိပေမယ့် ” ငါ့ဘဝအတွက်တော့ မထူးပါဘူး။ အခုလည်း ဒီလောက်ရနေတာပဲ ” ဆိုပြီး စိတ်လျှော့လိုက်တတ်ကြတယ်။ ဒီလိုနဲ့ စာသင်ခန်းတွေကနေ စက်ရုံတွေဆီ၊ ကောလိပ်ဂျင်ဘဝကနေ ဝန်ဆောင်မှုလုပ်ငန်းတွေဆီ မယောင်မလည်ရောက်သွားသူလူငယ်တွေ အမေရိကားမှာ ဘယ်လောက်တောင်များနေပြီလဲဆိုတာ စဉ်းစားစရာပါ။

တချို့က ဘယ်လိုတွေးသလဲဆိုတော့ ” အခုငွေရအောင် အလုပ်ဝင်ထားမယ်။ နောက်အလုပ်လုပ်ရင်း ကျောင်းပြန်တက်မယ် ” ဆိုပြီး တစ်ဆင့်လျှော့ရည်မှန်းချက် – Alternative Goal ကို ထားလာခဲ့ကြတယ်။ ဒါပေမဲ့ တစ်ရက်ကို 4 နာရီပဲအိပ်ရတာ၊ လိုချင်တဲ့ မေဂျာရဲ့ယူနစ် (အခန်း) – Unit ပြည့်ဖို့ ကျောင်းရဲ့အချိန်ဇယား အကြပ်အတည်းကို ကြုံရတာနဲ့ မမျှော်လင့်ဘဲ အိမ်ထောင်ကျလို့ ဗာဟီရများရတာတို့ကို ကြုံရတဲ့အခါ ကျောင်း တက်ဖို့ဆိုတာ ကာယကံရှင်တွေအတွက် အလွန်ခက်ခဲလာပါတယ်။ ဒီကြားထဲ ကားအသစ်ဝယ်ရတာနဲ့၊ အိမ်ဝယ်ရတာနဲ့၊ ကျတဲ့အိမ်ထောင်က ဗုစုခရုလေးတွေက မူကြိုတက်ဖို့အရွယ်ရောက်တာနဲ့၊ အိုးနဲ့၊ အိမ်နဲ့တာဝန်တွေကြောင့် ကျောင်းဆိုတာနဲ့ ဝေးမှန်းမသိဝေးလာပါတယ်။ နောက်ဆုံးအွန်လိုင်းကနေ ကျောင်းတက်ဖို့ ကြိုးစားကြည့်တဲ့အခါ လူငယ်ရဲ့ဝင်ငွေနဲ့အိမ်ထောင်ဘက်ရဲ့ဝင်ငွေမြင့်လာတာကြောင့် ပြည်နယ်က လျှော့ပေါ့ခွင့်ပေးတဲ့ Financial Aid လိုအခွင့်အရေးမျိုးကို ဆုံးရှူံးရပြန်တဲ့အခါ ကောလိပ်ကျောင်းကိုစရိတ်ကြီးမားစွာတက်ဖို့ သိပ်ဝန်လေးသွားပါတယ်။ ဒီလိုနဲ့ဘယ်သူက အင်ဂျင်နီယာဘွဲ့ရမို့ဘယ်လောက်ရတာ၊ ဘယ်သူက ဘယ်ကုမ္ပဏီမှာ ဘာရာထူးကြီးရသွားတာဆိုတာမျိုးကို ရင်ထဲမှာနာပေမယ့် အလုပ်သွားဖို့ မနက်စောကြီး မော်တော်ကား စက်နှိုးနေသူ လူငယ် (မိန်းကလေးနဲ့ ယောကျာ်းလေး)တွေကို အမေရိကားရောက်ပြီး အခြေချနေထိုင်နေသူလူစုံ၊ အမျိုးစုံကြားမှာ တွေ့နေရတာ အဆန်းမဟုတ်တော့ပါဘူး။

လူပေါင်းမှားပြီး မူးယစ်ဆေးဝါနဲ့ ငြိတွယ်သွားသူတွေ၊ နယ်ပြောင်း မြေပြောင်းလို့ ဖောက်ဖောက်ထွက်ထွက် ကောင်းစားသွားသူတွေ၊ မိမိစိတ် မိမိပိုင်ရုံမက အပီအပြင်သူဋ္ဌေးလုပ်ချင်လို့ ကျောင်းဆက်မတတ်တော့တဲ့ စွန့်ဦးလုပ်ငန်းရှင် – Entrepreneur တွေ၊ စောလွန်းမက အိမ်ထောင်ကျလို့ ပြန်ကွဲကြတဲ့တစ်ခြမ်းပဲ့ အိမ်ထောင်သည် – Single Mother ၊ Single Father တွေ၊ မိမိစိတ်မပါတဲ့မေဂျာရွေးမိပြီး အလုပ်နဲ့ဝါသနာတစ်ထပ်တည်းမကျလို့ ကျောင်းလောကကို စိတ်ပျက်သွားသူတွေ၊ ညကလပ်နဲ့ ကာစီနိုဖိုးထက် ကျောင်းလခကို နှမြောသူတွေအကြောင်းကို စာ ရှည်သွားမှာစိုးလို့ ဒီနေရာမှာ ဆက်မဆွေးနွေးဘဲ ချန်လှပ်ထားပါရစေ။

ဒါနဲ့ပဲ ”အများမိုးခါးရေသောက် ငါလည်းဝင်သောက်ရင်း ” အင်္ဂလိပ်စကားကောင်းပေမယ့် စာမရသူ၊ အုပ်ချုပ်ရေးကောင်းပေမယ့် အင်္ဂလိပ်စာလုံးပေါင်းမမှန်သူ၊ လုပ်ငန်းကျွမ်းကျင်ပေမယ့် အီးမေးလ်မပို့တတ်သူ၊ တစ်ခုခုမေးလိုက်ရင် သိသလိုလိုနဲ့ ဖုန်းထဲမှာ Google ခေါက်ကြည့်ဖို့ပြောနေသူတွေဟာ အမှန်တကယ်တော့ အမေရိကားမှာနေပြီး ကောလိပ်ကျောင်းမပြီးတဲ့ ပညာရေးအားနည်းချက်ရလဒ်အနေနဲ့ ပင်ပင်ပန်းပန်းလှုပ်ရှား ရုန်းကန်နေရတာတွေကိုကြည့်ပြီး သင်ခန်းစာယူနိုင်ကြပါစေကြောင်း။

ဆောင်းပါးရှင် – ကိုညီညီ (တောင်ကြီး)

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img