fb_icon

bnr_tob_1

2019.09.23FEATURE

🏖 ကမ်းခြေသွားရင်…🚌

ခရီးသွားရာသီ ရောက်တော့မယ်နော်… ပင်ပန်းနွမ်းနယ်မှုတွေကို ပင်လယ်ရေထဲ မျှောပစ်လိုက်စမ်းပါ။ ဘာလို့ အလေးခံသယ်ထားမလဲနော်။ အဲတော့ Beach Mood လေး On ပေးရမှာပေါ့။ ကမ်းခြေသွားရင် လိုအပ်တာလေးတွေ ပြောပြပေးမယ်နော်။ သိပြီးသားဆိုလည်း သွားခါနီးမေ့မှာစိုးလို့ သတိပေးတဲ့သဘောလေးပါ။ 🔊 🔊 🔊

ကမ်းခြေသွားမယ်ဆိုတာနဲ့ ဟိုမှာဆားငန်ရေရယ်၊ နေလောင်မှာရယ်နဲ့ ချောကလက်မှိုတက်တွေ ဖြစ်လာမယ်ဆိုတာ လူတိုင်းသိတယ်နော်။ ဟုတ်ပြီ… အဲတော့ Sunblock လေးတွေ ထည့်သွားပါ။ ဟိုရောက်ရင် အလန်းစား ဓာတ်ပုံတွေရိုက်ရင် နေလည်း မစူးအောင် Fashion လည်းကျဖို့ မျက်မှန်၊ ဦးထုပ်အဝိုင်းအကြီးတွေ၊ Cap ဦးထုပ်လေးတွေ ယူသွားပါ။ ပြီးရင် ကမ်းခြေမှာလမ်းလျှောက်ဦးမယ်နော်။ အဲဒီတော့ ပေါ့ပါးပြီး သဲပေါ်မှာလည်း အဆင်ပြေ၊ ရေစိုလည်းအဆင်ပြေမယ့် Flip Flops ခြေညှပ် အပါးလေးတွေ၊ Sandals လို ကြိုးသိုင်းခြေညှပ်ဖိနပ် အပါးတွေက ကမ်းခြေနဲ့ လိုက်ဖက်ပါတယ်။ ကောက်ကြောင်းလှလှလေးနဲ့ ကမ်းခြေမှာ လှချင်ရင် Biniki၊ Swimsuits လေးတွေ ယူသွားပါ။ Biniki၊ Swimsuits ဝတ်မယ့်သူတွေအတွက် Beach Towel လှလှလေးတွေ ရှာဝယ်သွားဖို့မမေ့ပါနဲ့။ ရေထဲမဆင်းခင် နေပူဆာလှုံတဲ့အချိန် ပတ်ထားလို့လည်း ရသလို၊ မပတ်ချင်ဘူး မခြုံချင်ဘူးဆိုလည်း သောင်ပြင်ပေါ်လှဲချင်ရင် အခင်းလုပ်လို့ ရပါသေးတယ်။ 🕶 👒 🧢 👙

ကမ်းခြေမှာ လေတဖြူးဖြူးနဲ့ဆိုတော့ Fashion အနေနဲ့ကတော့ အရောင်နုနု ပွပွလေးဖြစ်နေတဲ့ ပေါ့ပေါ့ပါးပါးလေးတွေ ယူသွားပါ။ လေကလည်းတဖြူးဖြူး ကိုယ်ကလည်း တလွင့်လွင့်နဲ့ ဓာတ်ဖမ်းရင် အလွန်လှပါတယ်။ ဓာတ်ဖမ်းဖို့က ပထမဆိုတဲ့သူတွေအတွက် လုံးဝမေ့လို့ မဖြစ်တဲ့အရာလေးတွေ ပြောမယ်နော်။ Selfie Stick, Power Bank လေးတွေ ယူသွားပါ။ Power Bank မှာ Battery အပြည့်သွင်းခဲ့ပါ။ ချောင်းသာမှာဆိုရင် တချို့ Hotel တွေက မီးကို မနက် ၆ နာရီ ည ၆နာရီ အထိပဲ ပေးပါတယ်။ တချို့ကတော့ မနက် ၆နာရီ ည ၆နာရီ အပြင် နေ့လယ်ပိုင်း ၃ နာရီလောက် ထပ်ပေးပါသေးတယ်။ Camera သမားများလည်း Battery အပိုတွေကို အားအပြည့်သွင်းပြီး အပိုဆောင်လာခဲ့ပါ။ 📷 📱 🔋 💡

ကမ်းခြေရောက်ရင် Seafood တွေ အပီအပြင်ဆွဲမယ်ဆိုတာ သိနေပါတယ်။ ကမ်းခြေရောက်တုန်း အမုန်းဆွဲတာလည်း ဆွဲပေါ့။ လိုအပ်တဲ့ ဆေးလေးတွေလည်း ထည့်လာခဲ့ပါ။ တစ်ခုခုဖြစ်ခါမှ ဆေးရှာဖို့မလွယ်ပါဘူး။ ကိုယ်သောက်နေကြဆေးလေးတွေလည်း ထည့်ခဲ့ပါ။ ကျောက်ဆောင်တွေအနား သွားဆော့ရင် ဒဏ်ရာရတတ်ပါတယ်။ Waterproof Plasters နဲ့ Betadine ဆေးဘူးလေးတွေ ထည့်လာခဲ့ပါ။ ရေကူးကန်မှာ အချိန်ဖြုန်းမဲ့သူတွေကတော့ Water Floating Bed လေးတွေကို ဝယ်သွားပါ။ အရုပ်လေးတွေနဲ့လည်း ပုံစံမျိုးစုံ၊ Size အစုံနဲ့ ဈေးမျိုးစုံရှိပါတယ်။ 🦐 🦑 🐙 🦀 🐠

စဉ်းစားမိသလောက်တော့ အစုံထည့်ရေးပေးလိုက်တာပဲ။ ရေးဖို့ကျန်ခဲ့တာလေးများရှိရင်လည်း ဖြည့်စွက်ပြီး ယူသွားလိုက်ပါနော်။ စိတ်ကူးနဲ့မသွားဘဲ အခုပဲစီစဉ်ပြီး စိတ်အပန်းဖြေဖို့သွားလိုက်ပါ။ လူသစ် စိတ်သစ်နဲ့ စိတ်ညစ်စရာတွေ အကုန်ရေထဲမျှောပြီး ပျော်ရွှင်စွာ ပြန်လာခဲ့ပါ။ အကောင်းဆုံးသောအရာတွေက ခရီးဦးကြိုနေလိမ့်မယ်လို့ ထင်ပါတယ်။ အားအင်အပြည့်နဲ့ ဘဝကို ပုံဖော်လိုက်ပါ။ ခရီးထွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ 🌊 🏄‍♀️ 🏊‍♀️

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img