2019.10.01TECH
Unicode ကိုဘယ်လိုပြောင်းမလဲ
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မြန်မာတစ်ပြည်လုံး၌ ယူနီကုဒ်ကို ပြောင်းလဲအသုံးပြုတော့မှာဖြစ်ပါတယ်။ ထို့ကြောင့် မိမိ အသုံးပြုနေသော ဖုန်းများ နှင့် ကွန်ပျူတာ များကို ယူနီကုဒ် ပြောင်းလဲအသုံးပြုသင့်ပါတယ်။ ကွန်ပျူတာ များမှာတော့ ယူနီကုဒ်ရော၊ ဇော်ဂျီရောနှစ်မျိုး စလုံး ပါ၀င်သောကြောင့် အဆင်သင့် အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် ယူနီကုဒ်မပါသော Window 10 ကွန်ပျူတာ များ၌ ယူနီကုဒ်ပြောင်းလဲပုံနှင့် ကီးဘုတ် ကိုဖော်ပြပေးလိုက်ပါတယ်။
Window 10 ကွန်ပျူတာမှာ ယူနီကုဒ်နှင့် ကီးဘုတ် သွင်းမယ်ဆိုရင် ပထမဆုံး Window Key ကိုနှိပ်ပါ။ ထို့နောက် Setting > Time & language > Language > +Add a Language မှာ မြန်မာရွေးပြီး Next ကိုနှိပ် ပြီးနောက် Install ကိုနှိပ်ကာသွင်းပါ။ ပြီးလျှင် restart ချပေးပါ။ ထို့နောက် taskbar မှမြန်မာကိုရွေး၍ အသုံးပြုနိုင်ပါတယ်။ Microsoft word တွင် မြန်မာကီးဘုတ်ရွေးထားပါက Font တွင် Myanmar Text ဟုပေါ် ပါမယ်။ မြန်မာယူနီကုဒ်ကီးဘုတ် လက်ကွက်များ သိစေရန်ဖော်ပြပေးလိုက်ပါတယ်။

Iphone အတွက်ကတော့ MyFont app နှင့် tt keyboard သွင်းကာ ယူနီကုဒ်ပြောင်းရမှာ ဖြစ်ပါတယ်။ MyFont app မှာတော့ Uni Code font မှ Myanmar3 ကို Install လုပ်၍ tt keyboard မှာတော့ Setting > Keyboards > Add new Keyboard မှာ ယူနီကုဒ် keyboard ကိုရွေးပေးရမှဖြစ်ပါတယ်။
Android ဖုန်းများအတွက်တော့ Setting > Language and Input > Language > add Language မှာ မြန်မာ(သို့)ဗမာ ကိုထပ်ပေါင်းထည့်ပေးရမှဖြစ်ပါတယ်။ add Language မပါသည့်ဖုန်းများအတွက် z-fontကို Play Store မှ Download & Install လုပ်ပြီး Myanmar မှာ Myanmar-3 နှင့် Myanmar Text ကို Install လုပ်၍ Application မှလုပ်ဆောင်ခိုင်းသည့်အတိုင်း Setting မှာချိန်ပေးရမှဖြစ်ပြီး အဆင်မပြေပါက Application ကိုဖျက်ပြီး ပြန်သွင်းကာ အစမှပြန်လည် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထို့နောက် မိမိအသုံးပြုမည့် ကီးဘုတ်ကို ယူနီကုဒ်ပြောင်းကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
mi phone များအတွက်တော့ Themes > My Page > Fonts ထဲမှ Mi Lanting (Default) ကိုအမှန်ပေးပြီး apply နှိပ်ကာ reboot လုပ်ပြီး ယူနီကုဒ်အသုံးပြုလို့ရပါတယ်။ ဖုန်းအမျိုးအစားပေါ်မူတည်၍ Install လုပ်နည်း ကွဲပြားမှုများရှိပါတယ်။
ယူနီကုဒ်ကိုအသုံးပြုနိုင်ရန် အတွက် Install ထည့်သွင်းပုံကို Yangon Style ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။
By: Zaw Gyi
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

