fb_icon

bnr_tob_1

2019.10.21FEATURE

သွားရောက်လေ့လာသင့်တဲ့ ရန်ကုန်မြို့က ပြတိုက် (၅) ခု

ရန်ကုန်မြို့ဆိုတာ လည်ပတ်စရာနေရာတွေ များစွာရှိတဲ့ စိတ်ဝင်စားဖွယ် မြို့တော်တစ်ခုဖြစ်ပါတယ်။ ရန်ကုန် မှာနေရင်းနဲ့ ရန်ကုန်သားတွေကိုယ်တိုင်ကို မရောက်ဖြစ်တဲ့နေရာတွေလည်းရှိနေပါတယ်။ ရန်ကုန်မြို့က ပြတိုက်ဘယ်နှခုလောက်ကိုများ သင်သွားရောက်လေ့လာဖူးပါသလဲ လို့မေးချင်ပါတယ်။ ဗဟုသုတသိမှတ်စရာအဖြာဖြာနှင့် အတူ သမိုင်းကြောင်းအစုံအလင် ကို လေ့လာနိုင်စေဖို့ အချိန်ပေးသွားရောက်သင့်တဲ့ ရန်ကုန်မြို့က ပြတိုက် (၅) ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။

အမျိုးသားပြတိုက်

ပြည်လမ်းပေါ်မှာရှိတဲ့ အမျိုးသားပြတိုက်ပိုတော့ ၁၉၅၂ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာတို့ရဲ့ခေတ်အဆက်ဆက် သမိုင်းကြောင်းများ ၊ ယဉ်ကျေးမှုများကို တစ်စုတဝေးတည်း ခမ်းနားစွာ ပြသထားတဲ့ ပြတိုက်ကြီးပဲဖြစ်ပါတယ်။ မြန်မာစာပေ ၊ဂီတ၊ စစ်ရေးစစ်ရာ ၊ ပန်းချီ၊ လူနေမှုဘဝ နှင့်အတူ ဗုဒ္ဓဝင်ပြခန်းပါရှိတဲ့အတွက် တစ်နေရာတည်းနဲ့ မြန်မာနိုင်ငံအကြောင်းအရာအစုံအလင်ကိုလေ့လာနိုင်မည့် တန်ဖိုးရှိနေရာဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာနေ့ နှင့် ပြန်ထမ်းဝင်ပိတ်ရက်များ မှာပိတ်ပြီး ကျန်ရက်များမှာတော့ မနက် ၉း၃၀ မှ ၄း၃၀ အထိ ဖွင့်လှစ်ထားပါတယ်။ ဝင်ကြေးကတော့ ၅၀ဝ ကျပ်ကျသင့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ အထိမ်းအမှတ်ပြတိုက်အဖြစ် ၁၉၆၀ မှာစတင်ထိန်းသိမ်းခဲ့တာဖြစ်ပြီး အများပြည်သူ သတိတရဖြင့် ကြည့်ရှုလေ့လာနိုင်ရန် ၁၉-၇-၁၉၆၂ မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ အမှတ် (၂၅)၊ ဗိုလ်ချိုရပ်ကွက်၊ဗဟန်းမြို့နယ်မှာတည်ရှိပြီး အများပြည်သူများအခမဲ့ လေ့လာနိုင်စေရန် တနင်္လာနေ့မှာလွဲ၍ ကျန်နေ့များမှာ မနက် ၉းဝ၀ မှ ညနေ ၄း၃၀ အထိဖွင့်လှစ်ပြသထားပါတယ်။

ဦးသန့်နေအိမ်

၂၀၁၄ ခုနှစ်မှစတင်ပြီး အများပြည်သူများလေ့လာနိုင်စေရန် အထိမ်းအမှတ်ပြတိုင်ဖြစ်လာခဲ့တဲ့ အိမ်ကတော့ ၁၉၅၀ ပြည့်နှစ်များက ကမ္ဘာ့ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်အိ်မ်ဖြစ်ပါတယ်။ ဝင်ဒါမီယာ မှာရှိတဲ့ အစိုးရပိုင် ကိုလိုနီခေတ်အိ်မ်ပုံစံဖြစ်ပါတယ်။ မြန်မာကို ကမ္ဘာက သိစေခဲ့တဲ့အထင်ကရ ပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ နေအိမ်ကို အထိမ်းအမှတ် နေရာဖြစ်တဲ့အတွက် သွားရောက်လေ့လာသင့်ပါတယ်။

မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်

မြန်မာရုပ်ရှင်သမိုင်းပြတိုက်ကို ၁၉၉၈ မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မြန်မာ့ရုပ်ရှင်အစည်းအရုံးဝင်းအတွင်း တည်ရှိပါတယ်။ ခေတ်အဆက်ဆက် မြန်မာရုပ်ရှင်သမိုင်း နှင့်အတူ အနုပညာရှင်ကြီးများကို ဂုဏ်ပြုမှတ်တမ်းတင်ထားရာနေရာလည်းဖြစ်ပါတယ်။

ကျောက်မျက်ရတနာပြတိုက်

ကမ္ဘာအေးစေတီတော် အနီးက ကျောက်မျက်ရတနာ ပြတိုက်မှတော့ မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာမျိုးစုံကို ခင်းကျင်းပြသထားပြီး (၄)လလျှင်တစ်ကြိမ် ကျောက်မျက်ရတနာ ပြပွဲကို ပြုလုပ်ပြီး အနယ်နယ် အရပ်ရပ်မှ ကျောက်မျက်ကုန်သယ်တွေ လာရောက်စုဝေးလေ့ရှိပါတယ်။ ကျောက်မျက်ရတနာပြတိုက်ကိုလည်း တနင်္လာနေ့များမှလွဲ၍ မနက် ၉းဝ၀ မှ ညနေ ၅းဝ၀ အထိ ခင်းကျင်းပြသလျက်ရှိပါတယ်။

အခုပြောပြခဲ့တာကတော့ ရန်ကုန်မြို့က အထင်ကရပြတိုက်များပဲဖြစ်ပါတယ်။ အချိန်ပေးကာ သွားရောက်လေ့လာသင့်တဲ့ ရန်ကုန်မြို့မှ နေရာများလည်းဖြစ်ပါတယ်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img