fb_icon

bnr_tob_1

2019.10.22FEATURE

လူသားတချို့ ပေါ့လျော့စွာ မကိုးကွယ်မိသော နတ်ဘုရား

ခေါင်းစဉ်ကြီးက ကြီးကျယ်သွားမလား ဆိုတာတော့ မသိဘူး။ တကယ်ပြောပြချင်တဲ့ အကြောင်းအရာကတော့ အလွန်ကိုကြီးကျယ်ပြီး တန်ခိုးရှိလွန်းတာထက် ပိုတယ်။ လူသားတစ်ယောက် နှင့် တစ်ယောက်ရဲ့ ဘဝတွေကွာခြားသွားခြင်းမှာ အချိန်ကအရမ်းစကားပြောပါတယ်။ (မှတ်ချက် ။ ။ အချိန်ဆိုတဲ့တရုတ်ကြီး စကားများခြင်းကို ဆိုလိုသည်မဟုတ်ပါ။) လူတွေကပြောကြတယ် ဒုတိယဘုရားသခင်ကငွေကြေးတဲ့ ဟုတ်လားမေးရင် ဟုတ်တယ်ပဲဖြေကြမှာပါ။ အဲဒါကလည်း မှန်သင့်သလောက်မှန်ပါတယ်။ အဲဒီ ငွေကြေးရဖို့ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်ခြင်းကလည်း အဓိကတစ်ချက်လို့ ထင်ပါတယ်။ လူသားတိုင်းမှာ မျှတစွာ၂၄နာရီအသီးသီးပိုင်ဆိုင်ကြပါတယ်။ ရရှိထားတဲ့ ၂၄နာရီကို Time Management (အချိန်ကိုစီမံအုပ်ချုပ်မှု) လုပ်တတ်သူက နှစ်တွေကြာသွားလေ ကွဲပြားမှုတွေက ပိုများလာလေဖြစ်ပါတယ်။

1. Schedule (Action Plan, To-Do-List)

လူတစ်ယောက်မှာ သက်တောင့်သက်သာရှိတဲ့ Schedule ရှိသင့်ပါတယ်။ စာရင်းဇယားကြီးတော့ လုပ်ထားပါရဲ့ အချိန်တွေပြည့်ကြပ်နေမည်ဆိုလျှင် သေချာတယ် အဲဒီ ဇယားကြီးပဲအဖတ်တင် ကျန်ခဲ့ပါမယ်။ မိမိရဲ့ Schedule မှာ Goals တွေရှိနေရပါမယ်။ တစ်သက်လုံးအတွက် Goal တစ်ခုပဲရှိရမယ်လို့ မဆိုလိုပါဘူး။ Schedule ကို ၁လစာ၊ ၃လစာ၊ ၆လစာ ဆိုပြီးရှိသင့်ပါတယ်။ ပြောင်းလဲလာတဲ့ ရက်တွေ၊ လတွေအလိုက် Goals တွေလည်းလိုက်ပြောင်း လာပါမယ်။ မိမိရဲ့ပထမဆုံး Schedule မဖြစ်မြောက်ခဲ့လျှင် စိတ်ဓာတ်မကျပါနဲ့။ နောက်ပိုင်း အသားကျသွားပါလိမ့်မယ်။

2. End Result & Emotion

Schedule (Action Plan, To-Do-List) တွေ ပြီးမြောက်လို့ End Result ထွက်လာတာကို ပြန်ပြီးစမ်းစစ်ရပါမယ်။ Result တွေမကောင်းခဲ့ရင် Tasks တွေကို ပြန်လည်သုံးသပ်မှသာ End Result က Emotion နှင့် သွားချိတ်တဲ့အခါမှာ ပျော်စရာလေးတွေဖြစ်လာရင် Motivation တွေရမယ်။ End Result ကောင်းမှ နောက်ထပ်ပိုပိုကောင်းတဲ့ Schedule တွေထပ်ရှိလာပြီး Goals ကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

3. Energy Level

Schedule (Action Plan, To-Do-List) တစ်ခုဖြစ်မြောက်ဖို့ Energy ကလည်းအရေးပါပါတယ်။ Energy လို့ပြောရမှာတော့ အစားသောက်ပုံစံ၊ အိပ်စက်အနားယူပုံစံတွေ တစ်နည်းအားဖြင့် ကျန်းမာရေးကောင်းဖို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။ Schedule တစ်ခုဆွဲရာမှာ မိမိရဲ့ Energy Level ကို ထည့်တွက်ပြီးမှ ဆွဲသင့်ပါတယ်။ စာရေးသူဆိုလျှင် စာမေးပွဲဖြေလို့ စာကျက်ပြီးဆိုလျှင် ည၁၂နာရီမတိုင်ခင်တော့ အိပ်ချင်စိတ်အရမ်းကို ဖြစ်ပေါ်လာပါတယ်။ အဲအချိန်ကျော်အောင် အိပ်ချင်စိတ်ကိုဖြေရပါတယ်။ ၁၂နာရီကျော် ၁နာရီနောက်ပိုင်းဆိုလျှင်တော့ အရမ်းကိုစာကျက်လို့ ကောင်းတဲ့အချိန်ရောက်သွားပါတယ်။ မနက်စောစောထကျက်လျှင် စာပိုရတယ်လို့ ပြောကြပေမဲ့ မနက်ထကျက်လျှင် အိပ်ပျော်သွားတတ်ပါတယ်။ လူတစ်ယောက် နှင့် တစ်ယောက် Energy Level က မတူကြတော့ ကိုယ့်အခြေအနေအရ Schedule ဆွဲသင့်ပါတယ်။

4. Early Start

Energy Level မှာပြောခဲ့တဲ့ မတူညီတဲ့ Energy Level ကိုကြည့်ရမယ် ဆိုပေမဲ့ မနက် ၁၀နာရီ၊ ၁၂နာရီမှ ထပြီးလုပ်ကိုင်ခြင်းမျိုးမဟုတ်ပါ။ သူများထက်နောက်ကျခြင်းမျိုးမရှိတဲ့ စောစောစတင်တတ်တဲ့ ဝီရိယမျိုးတော့ ရှိရပါမယ်။ အောင်မြင်ချင်တဲ့သူသည် အရာရာမှာသူများတကာထက် ဦးစွာလုပ်ဆောင်တတ်ရပါမယ်။

5. Social Media (Notification)

အလုပ်ချိန်မှာ Social Media Software များကို ပိတ်ထားခြင်း၊ Notification Hide ထားခြင်းတွေ ပြုလုပ်ခြင်းဖြင့် အချိန်ပိုတွေထွက်လာပါတယ်။

6. Work-Life Balance

အလုပ် နှင့် ဘဝကို ညီမျှစွာ ထိန်းချုပ်တတ်မှာသာ အောင်မြင်မှုတွင် ပျော်ရွှင်မှုကနောက်က ကပ်ပါလာမှာပါ။ အလုပ်တွေတော့အရမ်းလုပ်ပါတယ်။ ဒါပေမဲ့ မိမိကျန်းမာရေးကိုအလေးမထားတာမျိုး၊ မိမိအိမ်ထောင်ရေး နှင့် လူမှုရေးတွေ အားနည်းသွားတဲ့သူကို အောင်မြင်နေတယ်လို့ မခေါ်သင့်ပါဘူး။ လူမှုရေးနှင့်အပျော်အပါးများလာလျှင်လည်း အလုပ်တွေကမနိုင်တော့ပါဘူး။ အချိန်တွေကနည်းလိုက်တာ အချိန်ကိုမလောက်ဘူးလို့ ထိုင်အော်မနေပါနဲ့ တချို့ လူမှုရေးတွေကို ယဉ်ကျေးစွာ ငြင်းဆိုလိုက်ပါ။

အထက်ပါ အချက် (၆)ချက်သည် ပြောတော့သာလွယ်ပြီး လိုက်လုပ်ရန်အလွန်ခက်ခဲပါတယ်။ စာရေးသူမိမိကတော့ မလုပ်သည့်အချက်များပြီး လုပ်ပြီးမအောင်မြင်တဲ့အချက်များလည်းရှိပါတယ်။ Time Management (အချိန်ကိုစီမံအုပ်ချုပ်မှု)၊ Self-Management (မိမိကိုယ်ကိုစီမံအုပ်ချုပ်မှု) နှင့် Strategy (နည်းဗျူဟာ) တို့သည် မွေးရာပါ ပါရမီပါလာသူများရှိသလို၊ မိမိကိုယ်ကိုကြိုးစားပြုပြင်သူများလည်း ရှိပါတယ်။ ခေတ်အခြေအနေအရ တက်ရောက်ကြသည့် သင်တန်းများတွင် Time Management (အချိန်ကိုစီမံအုပ်ချုပ်မှု)၊ Self-Management (မိမိကိုယ်ကိုစီမံအုပ်ချုပ်မှု) များကို သင်ကြားသော်လည်း ကိုယ်တိုင်မကျင့်သုံးလျှင် အာဂုံဆောင်ထား၍ မောရုံသာရှိမယ်။ အောင်မြင်နေသော သူဌေးကြီးများတွင် သိန်းရာချီထောင်ချီတန်သော ပညာများမသင်ခဲ့ရသော်လည်း မွေးရာပါ ပါရမီကြောင့် Time Management (အချိန်ကိုစီမံအုပ်ချုပ်မှု)၊ Self-Management (မိမိကိုယ်ကိုစီမံအုပ်ချပ်မှု) နှင့် Strategy (နည်းဗျူဟာ) တို့သည် အလွန်အားကောင်းပြီး လက်တွေ့ဆန်ကြတာကို တွေ့ရပါတယ်။

အခုအချိန်ရဲ့အရေးပါမှုရေးနေတဲ့ သူကရော ဆရာကြီးလား၊ ဘာကောင်ကြီးလားလို့ မေးခွင့်ရှိပါတယ်။ ဘာကောင်မှတော့မဟုတ်သလို ဆရာကြီးလည်းမဟုတ်ဘူး။ ဒါပေမဲ့ ဆရာကြီးတစ်အိမ်ကျော်က လူဖြစ်လို့ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ မိမိလည်း အချိန်ကိုအသုံးမချတတ်လို့ အခုလိုခေါင်းစဉ်နှင့်ရေးသားခြင်း ဖြစ်ပါတယ်။ မိမိသာအချိန်ကို အကျိုးရှိရှိအသုံးချခဲ့ရင် အခုလိုစာရေးဖို့ဖြစ်လာချင်မှဖြစ်မယ်။ ရေးခဲ့ရင်လည်း အချိန်ကိုဘယ်လိုတွေအသုံးချခဲ့လို့ အခုလိုအောင်မြင်နေတာပါတို့၊ ချမ်းသာအောင်နေနည်း (၁၀)နည်းတို့ စသည်ဖြင့် စာအုပ်တွေလုံးချင်းထွက်နေလောက်ပြီပေါ့။ အခုရော အရင်ကအချိန်တွေနောင်တရပြီး ကြိုးစားနေပြီးလားမေး သိပ်မကွာဘူးရယ် အရင်အချိုးအတိုင်းပဲ။ အပျင်းဓာတ်ခံအားကောင်းတဲ့ ပင်ကိုယ်ဗီဇကို ဖျောက်ဖို့အလွန်ပင်ပန်းလှပါတယ်။ ပြုပြင်နိုင်တဲ့သူကတော့ အောင်မြင်မှုနှင့်တကယ်ကို ထိုက်တန်တဲ့သူဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ်တောင်အသုံးမကျဘဲ သူများတရားလာဟောတယ်လို့ တွေးကြမှာပေါ့။ “ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့စကားကို အကာအကွယ်ယူပြီး ရေးသားလိုက်ခြင်းဖြစ်တယ်လို့ ဖြေမှာပေါ့။ မိမိလိုမဖြစ်စေချင်တဲ့ စေတနာတွေထမ်းလာတာကို မြင်တဲ့သူတစ်ယောက်ရှိရင်ကို ရေးရကျိုးနပ်တယ်လို့ ခံယူထားလို့ ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါတယ်။

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img