2019.10.25LIFE&TREND
အပျင်းလည်းပြေ၊ဗဟုသုတလည်းတိုး၊စာကြမ်းပိုးတို့ ပျော်ဖွယ်ရာ
ယခုတခါမှာတော့ Yangon Style ရဲ့ စာဖတ်ပရိသတ်ကြီးကို လက်တို့ညွှန်းပေးချင်တဲ့နေရာလေး တစ်ခုကတော့ ရန်ကုန်မြို့လယ်ကောင်မှာရှိသော ထူးခြားလှတဲ့နေရာလေးတစ်ခုပဲ ဖြစ်ပါသည်။ ထိုနေရာ လေးကို စာဖတ်ဝါသနာပါသူများ အထူးနှစ်သက်သဘောကြ ကြမည် ဖြစ်ပါသည်။
ရန်ကုန်မြို့၊ လမ်းမတော်၊သံဈေး(ငါးလွှာ)တွင် ဖွင့်လှစ်ထားသော Yangon Book Plaza ပဲဖြစ်ပါသည်။ စာ အုပ်တွေကို သဘောကျနှစ်သက်ကြသည့် ရန်ကုန်သူ၊ရန်ကုန်သားတို့အတွက် နားခိုရာနေရာကောင်းလေးတစ်ခု ဖြစ်ပါသည်။ အဆိုပါနေရာတွင် ရွေးချယ်စရာစာအုပ်ပေါင်းများစွာရှိပြီး တန်ဖိုးရှိသော စာအုပ်အဟောင်းများကို လည်းစိတ်တိုင်းကြ မွှေနှောက်ရှာဖွေနိုင်ပါသည်။ ထို့ပြင် အသစ်ထုတ်ဝေသော စာအုပ်များကိုလည်း အချိန်နှင့်တ ပြေးညီ ဝယ်ယူနိုင်ပါသေးသည်။

Yangon BooK PlaZa တွင် စာအုပ်များသာမက ပန်းချီများကိုလည်း လေ့လာနိုင်ပါသည်။ မကြာခဏ ပန်းချီပြပွဲများ ပြုလုပ်ကျင်းပကာ ပန်းချီဝါသနာရှင်ကိုလည်း ဖိတ်ခေါ်လျှက်ရှိပါသည်။ ထို့ပြင် နွေရာသီကျောင်း ပိတ်ရက်များ၊ အစိုးရရုံးပိတ်ရက်များတွင်လည်း ကာတွန်းပြပွဲများ၊ ကလေးငယ်များအတွက် ရုပ်ပြစာအုပ်ပွဲတော် များကိုလည်း အမြဲစီစဉ်ကျင်းပပေးနေပါသည်။
အနုပညာချစ်သူများအတွက် Yangon Book Plaza တွင် ရိုးရာလက်မှုပစ္စည်းများကိုလည်း ရောင်းချပေး လျှက်ရှိပါသည်။ သွားရောက်လေ့လာဝယ်ယူသူများ စာအုပ်များကိုစိတ်တိုင်းကျရွေးချယ်နိုင်ရန် ကျယ် ဝန်းသော အခင်းအကျင်းများပြင်ဆင်ထားသည့်အပြင် ကော်ဖီသောက်ရင်းစာဖတ်နိုင်ရန်အတွက် ကော်ဖီဆိုင်များ နှင့် အနားယူနိုင်သောထိုင်ခုံများလည်း အသင့်ရှိပါသေးသည်။

Yangon Book Plaza ကို ၂၀၁၇ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နံနက်-၉နာရီမှ ည-၇နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။ လာမည့် နိုဝင်ဘာလ -၂ရက်မှ ၄ရက်နေ့ထိ Saffron ဟူသော ပန်းချီပြပွဲတစ်ခုကို ကျင်းပသွား စီစဉ်ထားပါသည်။ နိုဝင်ဘာ-၂ရက်နေ့မွန်းလွဲ-၃နာရီတွင် ပန်းချီပြပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ မည်ဖြစ်သည်။
By : Myo Wai Thu
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

