2019.10.30ENTERTAINMENT
သီချင်းတွေနားထောင်ပြီး ကမ္ဘာမြေကြီးစိမ်းလန်းဖို့ အတူတူပါဝင်ကြမယ်။
မြန်မာနိုင်ငံ စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်ပြီး Save Green Save Earth အမည်ရှိ ဂီတရံပုံငွေပွဲတစ်ခုကို စင်္ကာပူနိုင်ငံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပွဲတွင် Doron Band က တီးခတ်ပေးမှာဖြစ်ပြီး၊ အဆိုတော်များအနေနဲ့ ခုပ်ပီး၊ ဖြိုးမြတ်အောင်၊ Nano Peace နှင့် ဆုန်သင်းပါရ် တို့ကပါဝင် သီဆိုဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။
ပွဲမှရရှိတဲ့ အမြတ်ငွေများကို မြန်မာနိုင်ငံမှ သစ်ပင်၊ သစ်တောတွေ ပြန်လည်စိုက်ပျိုး၊ ထိန်းသိမ်းတဲ့နေရာတွေမှာ လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။
ဂီတရံပုံငွေပွဲကို နိုဝင်ဘာ ၃ ရက်နေ့၊ Golden Miles Tower Carnival Theatre (Singapore) မှာ နေ့လည် ၁:၃၀နာရီ မှ ညနေ၅ နာရီထိ ကျင်းပသွားမှာဖြစ်ပါတယ်။
လက်မှတ်ဝယ်ယူရန် ဖုန်းနံပါတ်များမှာ 9233 3207, 8571 5977 , 9722 4715, 9090 4059, 9383 1046, 9721 3593 တို့ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
လက်မှတ်ဈေးနှုန်းများကတော့ 35 Sgd, 30 Sgd and 25Sgd ဖြစ်ပါတယ်။
အထူးအစီအစဉ်အနေနဲ့ ပွဲနေ့မှာ အဆိုတော် ဖြိုးမြတ်အောင်၊ ခုပ်ပီး၊ Nano Peace တို့ရဲ့အမှတ်တရ လက်ဆောင်များကို ကံစမ်းမဲဖောက်ပေးမှာ ဖြစ်ပါတယ်။
【နေ့ရက်】 03 Nov 2019
【အချိန်】 နေ့လည် ၁:၃၀ မှ ညနေ ၅ နာရီအထိ
【နေရာ】 Golden Miles Tower Carnival Theatre (Singapore)
အဆိုတော် ဖြိုးမြတ်အောင်ကလည်း သူ့ကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေကို သစ်ပင်စိုက်ဖို့ ကဗျာလေးရေးပြီး တိုက်တွန်းထားတာကိုလည်း တွေ့ရပါတယ်။
သစ်ပင်စိုက်ပါ တို့ကမ္ဘာ
လှပတောတောင် စိမ့်စမ်းများ
သတ္တဝါများ မှီတင်းလို့ ခိုနားရာ
ကမ္ဘာမြေ မျက်နှာငယ်နေပါတယ်
လူတွေကို ကြောက်လို့ တုန်နေပါတယ်
တို့လူသား အစဉ်အဆက် မြေကြီးကိုဖျက်
အနာဂတ်ကိုငဲ့ကာ သူထည့်မတွက်
အတ္တကြီး တကိုယ်ကောင်းဆန်နေတော့ ခက် …
ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်သွားမည့် ဂီတရံပုံငွေပွဲ ဖြစ်တာမို့ လက်မှတ်လေးတွေ ဝယ်ယူအားပေးပြီး ကုသိုလ်ပါဝင်ကြစေချင်ပါတယ်။
Credit: Save Green Save Earth Fb Page
By: Laimar
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

