2019.10.31FOOD
MYANFOOD MYANHOTEL 2019 ပွဲလာရောက်လေ့လာသူများ၏ စကားသံများ
မြန်မာနိုင်ငံ၏ အကြီးကျယ်အခမ်းနားဆုံးသော MYANFOOD / MYANHOTEL 2019 နိုင်ငံတကာအဆင့်မီ စားသောက်ကုန်နှင့် ဟိုတယ်ပိုင်းဆိုင်ရာကုန်ပစ္စည်းပြပွဲကြီးကို သာကေမြို့နယ်၊ မင်းနန္ဒာလမ်းမ Fortune Plaza Compound, Myanmar Expo Hall ခန်းမတွင် ယနေ့ အောက်တိုဘာလ (၃၁) ရက်နေ့တွင် စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ ပြပွဲကို အောက်တိုဘာလ (၃၁) ရက်နေ့မှ နို၀င်ဘာလ(၂)နေ့အထိ (၃)ရက်တိုင်တိုင် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်နေသူများ၊ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူများအတွက် လိုအပ်သော ကုန်ပစ္စည်း/နည်းပညာများကို တစ်နေရာတည်းမှာ လေ့လာဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပြပွဲကြီး၏ အထူးအစီအစဉ်အနေဖြင့် ပြပွဲတက်ရောက်လာသူများအား Lucky Draw အစီအစဉ်များအပြင် ပြပွဲကာလ အထူးလျှော့ဈေးများဖြင့် ရောင်းချပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
Yangon Style မှ ပြပွဲသို့ လာရောက်လေ့လာသူများ၏ ပြပွဲနှင့်ပတ်သက်တဲ့ စကားသံအချို့ကို မေးမြန်းခဲ့ပါတယ်။
တောင်သူ ဦးခွန်အောင်သိန်း၏ စကားသံ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှ တောင်သူ ဦးခွန်အောင်သိန်းကတော့ “ MID (Myanmar Institute For Integrated Development) အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ရောက်လာတာပါ။ စက်ပစ္စည်းတွေ သဘောကျတယ်ဗျ။ သီးနှံတွေလှီးတဲ့စက်တွေ၊ ဉပမာ ဂျင်းတို့ဘာတို့ လှီးတာပေါ့။ ပြောင်းဖူးဆီထုတ်တာလည်း သဘောကျတယ်။ “
“ ကျွန်တော်တို့ ရှမ်းပြည်မှာ သီးနှံတွေအများကြီးစိုက်တယ်ဗျ။ ပြောင်းစိုက်တယ်။ ဂျင်းစိုက်တယ်။ ဂျင်းပါးပါးလှီးတဲ့စက်လေးတော့ သဘောကျတယ်။ အဲ့စက်က ၁၀သိန်းလောက်ရှိတယ်။ ၁၀သိန်းလောက်ကတော့ မဆိုးပါဘူး။ အသေးစားစက်လည်းရှိတယ်ပြောတယ်။ ဂျင်းသီးနှံကို ပါးပါးလှီးပြီးတော့ Export လုပ်နိုင်ရင်တော့ အဆင်ပြေတာပေါ့။ အဲ့ဒါလုပ်ဖို့ ရည်ရွယ်ထားပါတယ် “ လို့ ပြောပါတယ်။

ဘာဂါဆိုင်ပိုင်ရှင် ဦးကျော်မောင်ခိုင်၏ စကားသံ

အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ ဦးကျော်မောင်ခိုင်ကတော့ “ စက်ပစ္စည်းတွေရော၊ foodတွေ လေ့လာချင်လို့ပါ။ ကျွန်တော်က ဘာဂါဆိုင်ဖွင့်ထားတာမို့လို့ ဆိုင်အတွက် အသုံးဝင်မယ့် အာလူးကြော်စက်၊ ရေခဲစက်တွေ လေ့လာကြည့်ချင်လို့ပါ။ ဘာဂါလုပ်ဖို့လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေလည်း ဝယ်ယူချင်ပါတယ်။ ဆိုင်အတွက် အသုံးဝင်ပြီး၊ အဆင်ပြေမယ့်ပစ္စည်းကို ရှာကြည့်နေတုန်းပါ “ လို့ ဆိုပါတယ်။
နေရာ : Myanmar Expo Hall @ Fortune Plaza ၀န်း၊ မင်းနန္ဒာလမ်းမ၊ သာကေတမြို့နယ်၊ ရန်ကုန်။
Date : 31st Oct – 2nd Nov 2019
Time : 10:00 AM – 5:30 PM
(ထိခိုက်ကျကွဲနိုင်သော စက်နှင့်ပစ္စည်းများ ခင်းကျင်းပြသထားမည်ဖြစ်သောကြောင့် (၁၄) နှစ်ပြည့်ပြီးသူများသာ ပြပွဲခန်းမအတွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။)
By: Laimar
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

