2019.11.13FOOD
ဆူရှီချစ်သူတို့ပျော်စံရာဘုံကမ္ဘာ သို့ Sushi Mikado
သိသူဖော်စား မသိသူကျော်သွားပဲ..။ စားရတာ အရမ်းအရသာရှိပြီး တန်ဖိုးလည်း သက်သာတဲ့အတွက် စောစောစီးစီးကတည်းက ဘာကြောင့် ဒီဆိုင်ထဲကို မ၀င်ပါလိမ့်လို့ နောင်တရမိတယ်..။ ဂျပန်အစားအသောက်တွေနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ သိသလောက်ကတော့ ‘ဈေးကြီးတယ်’ ဆိုတာပါပဲ။ တန်တယ်ဆိုတာတောင်မှ သူ့ဈေးနဲ့သူ အတန်အသင့်တော့ တန်ဖိုးကြီးနေသေးတာပါပဲ။ အဲ….ကျွန်တော်တို့ရဲ့ ဒီလို အမြင်တွေကို ဖယ်ဖျောက်ပေးလိုက်တာကတော့ Sushi Mikado ဆိုတဲ့ ဆူရှီဆိုင်ပါပဲ။
ဆူရှီဆိုင် ဆိုပေမယ့် တခြားသော အရသာရှိတဲ့ဂျပန်စာ အစားအသောက်တွေ အများကြီးရပါတယ်။
ပထမဆုံး ဆူရှီကနေ စပြီးပြောရမယ်ဆိုရင်တော့ ၁၂၀၀ တန်ကနေစလို့ ၄၀၀၀တန်အထိ အစားစားရပါတယ်။
ရေဘဝဲ ဆူရှီ
ဂဏန်း ဆလပ် ဆူရှီ
တူနာ ဆလပ် ဆူရှီ
ပုစွန်ချိစ်လိပ် ဆူရှီ
ရေဘဝဲ မရောနီစ် ဆူရှီ အစရှိတဲ့ ဆူရှီတွေအမျိုးအစားပေါင်း ၄၀၀န်းကျင်ရှိပြီး တန်ဖိုးတွေက ၁၂၀၀-၁၄၀၀-၁၅၀၀ ၀န်းကျင်ပဲရှိပါတယ်။

သူ့ရဲ့ မီဆိုဟင်းချိုကလည်း အသက်ပါပဲ။ ကိုယ်က ချဉ်စပ်သောက်ချင်ရင် ချဉ်စပ်လေး လုပ်ပေးပါတယ်။ မီဆို တစ်ပွဲကို ၇၀၀ပဲရှိပါတယ်။ ကြက်ဥပေါင်းဆိုရင် ဆိမ့်ဆိမ့်လေးနဲ့ စားရတာ အရမ်းအရသာရှိပါတယ်။

ကျွန်မတို့ စားခဲ့သမျှထဲမှာ အကြိုက်ဆုံးကတော့ ပုဇွန်တန်ပူရာပါပဲ။ ပုဇွန်ရဲ့ အလုံးအထည်လှပနေမှုနဲ့ ကြွတ်ယွနေမှုတို့က တအားကို လက်ခံနိုင်စရာကောင်းလှပါတယ်။ ကင်းမွန်ကြော်လည်းစားကောင်းတယ်ဗျာ။

သူ့ရဲ့မှိုဝက်ခြောက်ပေါင်းက စားရတာ အရမ်းအရသာရှိချက်ပါပဲ။ အပ်မှိုကို ၀က်ခြောက်ပေါင်းနဲ့ ချက်ထားပြီး အရသာရဲ့ လေးပင်နေမှုက ပထမတန်းစားပါပဲ။ ကျွန်မတို့တုန်းကတော့ ၂၅၀၀ကျပ်ပဲရှိပါသေးတယ်။

ရန်ကုန်မှာတော့ စမ်းချောင်းမြို့ထဲမှာရှိပြီး သူ့ လိပ်စာကတော့ No.162 Sanchaung Street, Sanchaung Township ဖြစ်ပါတယ်။ အနီးဆုံးပြောရမယ်ဆိုရင်တော့ မြေနီကုန်း City Mart ဘေးလမ်းရဲ့ လမ်းထိပ်မှာရှိနေပါတယ်။ မန္တလေးနဲ့ ပုဂံတို့မှာလည်းဆိုင်ခွဲတွေရှိတယ်လို့သိရပါတယ်။


ခေါက်ဆွဲနဲ့ Curry တို့ကိုတော့ မြည်းစမ်းခွင့်မရခဲ့ပါဘူး။ ဟင်းအမည်ပေါင်း ၁ရာကျော်တောင်ရှိတာဖြစ်လို့ သူငယ်ချင်းတွေနဲ့ တပျော်တပါးကြီးသွားကြမယ်ဆိုရင်တော့ ဟင်းပွဲအကုန်မြည်းစမ်းနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
By : Theingi Kyaw
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

