2019.06.13FOOD
Seoul Korea Noddle Spicy 7 Levels
ရှူးရှဲအရသာ ကိုရီးယားခေါက်ဆွဲစားမယ်။
မိုးအေးအေးမှာ ရှူးရှဲအရသာ ကိုရီးယားခေါက်ဆွဲ ပူပူစပ်စပ်လေးစား ကြည့်ရအောင်နော်။
အခုမိတ်ဆက်ပေးမှာက မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ “ Seoul Korea Noddle Spicy 7 Levels” ဆိုတဲ့ ကိုရီးယားခေါက်ဆွဲဆိုင်လေးပါ။ လစာထုတ်တဲ့ရက်တုန်းက သူငယ်ချင်းတွေနဲ့ အတူတူသွားစားဖြစ်တယ်လေ။ အရသာလည်းကောင်း၊ ဆိုင်အပြင်အဆင်ရော၊ စားစရာ၊ ခွက်၊ ပန်းကန်ကအစ အစစအရာရာ သန့်သန့်ရှင်းရှင်းလေး ဖြစ်နေတာကြောင့် Recommend ပေးချင်လာတယ်။
ခေါက်ဆွဲကို အမဲသားခေါက်ဆွဲ၊ ငါးခေါက်ဆွဲ၊ ရေဘဝဲခေါက်ဆွဲ၊ ကြက်ပေါင်းခေါက်ဆွဲ၊ ပုစွန်ခေါက်ဆွဲ၊ ဝက်နံရိုးခေါက်ဆွဲ၊ ပင်လယ်စာခေါက်ဆွဲ၊ အမယ်စုံခေါက်ဆွဲ ဆိုပြီး အရသာရှစ်မျိုးတောင် မှာစားလို့ရတယ်လေ။ အစပ်အဆင့် ၇ မျိုးခွဲထားပြီး၊ အစပ်ဆုံးက အဆင့် ၇ ဖြစ်ပြီး၊ အစပ်အနည်းဆုံးကတော့ အဆင့် ၁ ပါ။ ဒါပေမဲ့ အစပ်မစားနိုင်တဲ့ သူတွေအတွက် တစ်ထစ်ထပ်လျော့ပြီး အစပ်အရသာ 0.5 နဲ့လည်း မှာစားလို့ရတယ်။ လုံးဝ အစပ်မစားနိုင်တဲ့သူတွေကတော့ ခေါက်ဆွဲအချိုပဲ စားပေါ့။ အချိုစားရတာတော့ သိပ်ခံတွင်း မတွေ့လှပါဘူး။ ကိုယ်တွေက သူတို့ ကိုရီးယားတွေလောက် အစပ်မစားနိုင်တော့ အဆင့် ၁၊ အဆင့် ၂ လောက်ပဲ စားကြည့်ဖို့ အကြံပေးပါတယ်။
ကိုရီးယားကားတွေထဲကလို ရှူးရှူးရှဲရှဲ စားချင်တယ်ဆိုပြီး အဆင့် ၅၊ ၆၊ ၇ လောက် မှာမိရင်တော့ ကျိန်းသေတယ် ၂ ဇွန်းအပြင် ပိုစားနိုင်မှာ မဟုတ်ပါဘူးနော်။ ခေါက်ဆွဲက အစပ်အရသာကို အဓိကထား ကြော်ငြာထားပေမဲ့လည်း အစပ်အရသာပဲမဟုတ်ဘဲ ချို၊ ငံ၊ ချဉ်၊ စပ် အရသာ အားလုံး အစပ်အဟပ်တည့်ပြီး စားလို့ တကယ်ကောင်းတယ်။
အဲဒီဆိုင်လေးမှာ ခေါက်ဆွဲအပြင် ကိုရီးယား ရိုးရာအစားစားတစ်ခုဖြစ်တဲ့ Kimbap Cake (သို့မဟုတ်) ရေညှိထမင်းလိပ်၊ Tobbokki Cake (သို့မဟုတ်) တော့ပုကီ နဲ့ ဂျပန်အစားအစာဖြစ်တဲ့ Japan Takoyaki Cake (သို့မဟုတ်) ရေဘဝဲလုံးကြော်တွေလည်း မှာစားလို့ရသေးတယ်။ အအေးလည်း အစုံရတယ်။
စျေးနှုန်းလေးတွေကတော့
●ဝက်နံရိုးခေါက်ဆွဲ ၄၀၀၀
●ငါးခေါက်ဆွဲ ၄၀၀၀
●ကြက်ပေါင်းခေါက်ဆွဲ ၄၅၀၀
●အမဲသားခေါက်ဆွဲ ၄၅၀၀
●ရေဘဝဲခေါက်ဆွဲ ၄၅၀၀
●ပင်လယ်စာခေါက်ဆွဲ ၄၅၀၀
●အမယ်စုံခေါက်ဆွဲ ၅၀၀၀
●ပုစွန်ခေါက်ဆွဲ ၆၅၀၀ ကျပ် နဲ့ အသားများများနဲ့ စားချင်သူတွေက Extra အနေနဲ့ အသားထပ်မှာလို့ရတယ်။ Extra ကတော့ ၁၀၀၀ ကနေ ၄၅ဝဝကျပ် အထိစျေးအမျိုးမျိုးပေါ့။
မနက် ၉:၀၀ မှ ည ၉:၃၀ အထိ ပိတ်ရက်မရှိဖွင့်လှစ်ထားပြီး၊ ဆိုင်ရဲ့လိပ်စာတွေကတော့
ဆိုင်ခွဲ(၁) အမှတ် ၂၀/ ၂၂၊ ဂျိုးဖြူလမ်းမကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။
ဆိုင်ခွဲ(၂) အမှတ် ၁၂၊ သံသုမာလမ်းနှင့် ကမာကြည်လမ်းထောင့်၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။
ဆိုင်ခွဲ(၃) အမှတ် ဂျီ၅ ၊ ဒိုင်းမွန်းကွန်ဒို၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။
တို့ပဲဖြစ်ပါတယ်။ ခေါက်ဆွဲကြိုက်သူတွေရော၊ အစပ်ချစ်သူတွေပါ အဆင်ပြေမယ့် ဆိုင်လေးမို့ တစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်ဖို့ တိုက်တွန်းပါတယ်နော်။
By: Laimar
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

