2019.06.26TECH
Age of Wonders : Planetfall (PC)
ယခုတစ်ပတ်မှာတော့ ဆန်းဆန်းပြားပြား သိပ္ပံဂိမ်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ဂိမ်မာတွေအတွက် မကြာခင် သြဂုတ်လအတွင်းမှာ ပွဲထွက်လာဖွယ်ရှိတဲ့ 4X, Turn-Based Strategy အမျိုးအစား Age of Wonders : Planetfall ဆိုတဲ့ အခွေလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Age of Wonders ဟာ နာမည်ကျော် သိပ္ပံဂိမ်းစီးရီးဖြစ်ပြီး ယခု Planetfall ကတော့ Age of Wonders Main Series အတွက် ပဥ္စမမြောက် Installment လို့ ဆိုရမှာပါ။
ဒီဂိမ်းလေးကို ဖန်တီးရေးဆွဲပေးတဲ့ Developer(s) ကတော့ Triumph Studios အုပ်စုဖြစ်ပြီး ဖြန့်ချိပေးမယ့် Publisher(s) ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည်ကျော် Paradox Interactive ပဲ ဖြစ်ပါတယ်။ ပလက်ဖောင်းတွေ အနေနဲ့ကတော့ Microsoft Windows အပြင် PlayStation 4 နဲ့ Xbox One တို့မှာပါ တစ်ပြိုင်တည်း ပွဲထုတ်ပေးမယ်လို့ ဆိုပါတယ်။

ဂိမ်းပလေးအနေနဲ့ကတော့ Star Union ဆိုတဲ့ နောင်အနာဂတ်ကြယ်တာရာအဖွဲ့အစည်းအတွင်းက လူသားဆန်မှုတွေ၊ လူသားတွေရဲ့ ဖြစ်တည်မှုတွေအတွက် အပြိုင်အဆိုင်နယ်ချဲ့နေရာလုကြတဲ့ ကြယ်တာရာစစ်ပွဲတွေကို ဆင်နွှဲရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကြယ်တာရာမြေပုံအနေနဲ့ အစိတ်စိတ်ပြိုကွဲနေပြီး ၎င်းအပိုင်းတွေအလိုက်မှာ ကုန်ထုတ်လုပ်မှုတွေ၊ စွမ်းအင်တွေ၊ သယံဇာတတွေ၊ အစားအစာတွေ၊ နည်းပညာသုတေသနတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ biomes တွေ နှစ်မျိုးစီရှိနေမှာဖြစ်ပြီး ၎င်း Sector လိုက်တွေက Biomes တွေကို ပြန်လည် Boost လုပ်ပေးရင်း နယ်မြေချဲ့ထွင်ရမှာပါ။

ပလေယာအနေနဲ့ကတော့ ကြိုက်တဲ့အဖွဲ့အစည်း Faction တစ်ခုကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး စသဖြင့် ဗျူဟာမြောက်ဦးဆောင်ပြီး အခြားအဖွဲ့အစည်းကို စစ်ကြေငြာနိုင်တဲ့အထိ တစ်ဖြည်းဖြည်းချင်း ချဲ့ထွင်သိမ်းပိုက်သွားရမှာ ဖြစ်ပါတယ်။

Faction တွေအနေနဲ့ကတော့ ဒိုင်နိုဆောတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပြီး စစ်အင်အားအဖြစ် အသုံးချနိုင်တဲ့ အမျိုးသမီးသီးသန့်အုပ်စု Amazon ၊ လက်နက်ဆန်းတွေနဲ့ တိုက်စစ်ပိုင်းတွေမှာ သိပ်ကိုပိုင်နိုင်တဲ့ မျိုးစိတ်သစ်အုပ်စု Kir’ko အစရှိတဲ့ faction 6 မျိုး ပါ၀င်မှာ ဖြစ်ပါတယ်။

Faction တွေအလိုက်မှာလည်း ကြည်း၊ ရေ၊ လေ Unit တွေ အမျိုးမျိုးပါ၀င်မှာဖြစ်ပြီး စွမ်းဆောင်ရည်အမျိုးမျိုးလည်း ကွာခြားသွားမှာပါ။ Military Unit တွေအနေနဲ့ ကိုင်ဆောင်တပ်ဆင်ထားတဲ့ Equipment တွေကိုလည်း Upgrade လုပ်နိုင်မှာဖြစ်ပြီး Stagger, Grazing အစရှိတဲ့ Action 3 မျိုးစီလည်း ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။ Game Mode အနေနဲ့လည်း Single Player သာမက Multiplayer လည်း ဆော့ကစားနိုင်မှာပါ။

Age of Wonders : Planetfall အခွေလေးကို ကစားမယ်ဆိုရင်တော့ OS : Windows 7, 8, 10 64 bit, Processor : Intel Core i5 (3rd Gen), RAM : 6GB, GPU : Nvidia GTX 650Ti 1GB, HDD : 20GB အနည်းဆုံး လိုအပ်မှာဖြစ်ပြီး မကြာမီ သြဂုတ်လအတွင်းမှာ ပွဲထွက်လာမှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

စာရေးသူ : GT (Excellent)
Credit : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

