fb_icon

bnr_tob_1

2019.06.28LIFE&TREND

ဒေါ်လာတစ်သောင်း ဆုကြေးပေးမည့် Mobile Esports ပြိုင်ပွဲပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက တက္ကသိုလ်ကျောင်းပေါင်း ၁၆ ကျောင်းပါဝင်တဲ့ Mobile Esports ပြိုင်ပွဲကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Game Cast Network Myanmar နဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျောင်းပေါင်း ၁၆ ကျောင်း ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး လက်ရှိကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။ ပါဝင်တဲ့မိုဘိုင်းဂိမ်း အမျိုးအစားကတော့ Mobile Legends Bang Bang နဲ့ PUBG Mobile ဂိမ်းအမျိုးအစားနှစ်မျိုး ဖြစ်ပါတယ်။

“နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံက Esports အားကစားသမားတွေအနေနဲ့ ယှဉ်ပြိုင်မှု အားကောင်းတဲ့ အားကစားသမားတွေအနေနဲ့ သတ်မှတ်ခြင်းခံနေရပါတယ်၊ မြန်မာနိုင်ငံက Esports ကစားသမားတွေအနေနဲ့ ပြိုင်ပွဲတွေမှာ အရည်အချင်းအစစ်အမှန်တွေ ထွက်ပေါ်လာစေဖို့အတွက် ရည်ရွယ်ပြီးလုပ်တာပါ” လို့ Game Cast Network Myanmar မှ တာဝန်ရှိသူ ဦးစိုးမိုးအေးက ပြောကြားခဲ့ပါတယ်။

Mobile Legends ဂိမ်းမှာ အနိုင်ရရှိမယ့် အသင်းအနေနဲ့ ဆုကြေးဒေါ်လာ ၂,၅၀၀ ရရှိမှာ ဖြစ်ပြီး ဒုတိယအသင်း အတွက် ဆုကြေးဒေါ်လာ ၁,၅၀၀၊ တတိယအသင်းအတွက် ဒေါ်လာ ၈၀၀ နဲ့အတူ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

PUBG မိုဘိုင်းဂိမ်းအတွက် အနိုင်ရရှိတဲ့အသင်းအနေနဲ့ ဆုကြေးဒေါ်လာ ၂,၅၀၀ ရရှိမှာဖြစ်ပြီး ဒုတိယအသင်းအတွက် ဆုကြေးဒေါ်လာ ၁,၅၀၀ နဲ့ တတိယအသင်းအတွက် ဆုကြေးဒေါ်လာ ၈၀၀ ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ရန်သူကို အများဆုံးသတ်နိုင်တဲ့ ကစားသမားဆုကိုလည်း ထပ်မံချီးမြှင့်သွားမှာကြောင်း သိရပါတယ်။

-အောင်သက်ကို

Credit : www.internetjournal.media

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img