2019.07.04TECH
Xiaomi Mi 8 VS Xiaomi Mi 8 SE
ဒီတစ်ပတ်မှာတော့ Xiaomi ချစ်သူများအတွက် Xiaomi Mi 8 နဲ့ Xiaomi Mi 8 SE ပဲ ဖြစ်ပါတယ်။ ဒီဖုန်းနှစ်လုံးကို မနှစ်က Xiaomi ရဲ့ 8 နှစ်ပြည့်ပွဲမှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးဟာ နှိုင်းယှဉ်ရရင် ကွာခြားမှုတွေ အတော်များပြီး အဓိကကျတဲ့ ဖုန်းရဲ့အရွယ်အစားကအစ ကွာခြားခဲ့ပါတယ်။ မျက်နှာပြင်ပြည့် Notch ကတော့ ဆင်တူပြီး Mi 8 ကို Processor ပိုင်းအနေနဲ့ Snapdragon 845 ကို သုံးထားပြီး Mi 8 SE မှာတော့ Qualcomm ရဲ့ Snapdragon 710 Chip ကို ပထမဆုံးသုံးထားတဲ့ စမတ်ဖုန်းဖြစ်ပြီး ဒီ Chipset က 10nm နဲ့ ဖန်တီးထားတာဖြစ်လို့ AR နဲ့ AI စနစ်တို့ ပါ၀င်ပါတယ်။ ကင်မရာပိုင်းမှာလည်း အနောက်ကင်မရာအနေနဲ့ ဖုန်းနှစ်ခုစလုံးမှာ Dual ကင်မရာကို သုံးစွဲထားပေမယ့် Mi 8 မှာတော့ Dual 12MP နဲ့ Mi 8 SE က Dual 12+5MP တို့ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ Version 8.1 (Oreo) ပါ၀င်ပြီး Mi 8 မှာတော့ 3400 mAh ဘက်ထရီပါ၀င်ပြီး Mi 8 SE မှာ 3120 mAh ဘက်ထရီပဲ သုံးထားတာ တွေ့ရပါတယ်။
(1). Design
Xiaomi Mi 8
Xiaomi Mi 8 ဟာ 154.9 x 74.8 x 7.6 mm အရွယ်အစားရှိကာ 175g လေးပါတယ်။ Fingerprint Sensor ကို နောက်ဘက်ကျောပြင်မှာ တွေ့ရပြီး Face ID လည်း ပါ၀င်ပါတယ်။ အရောင်အနေနဲ့ Black, Blue, White နဲ့ Gold ဆိုပြီး အရောင် 4 မျိုး ရွေးချယ်နိုင်မှာပါ။
Xiaomi Mi 8 SE
Xiaomi Mi 8 SE ဟာ 147.3 x 73.1 x 7.5 mm အရွယ်အစားရှိကာ 164g အလေးချိန်ပဲ ရှိပါတယ်။ Fingerprint Sensor ကိုလည်း နောက်ဘက်မှာပဲ တပ်ဆင်ပေးထားပြီး သူ့မှာတော့ Face ID မပါ၀င်ပါဘူး။ သူ့ကိုတော့ Gray, Blue, Red, Gold ဆိုပြီး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
(2). Processor
Xiaomi Mi 8
Mi 8 မှာ Qualcomm Snapdragon 845 Octa-core Processor ကိုသုံးထားပြီး 4×2.8GHz Kryo 385 Gold နဲ့ 4×1.8GHz Kryo 385 Silver ကို သုံးပေးထားပါတယ်။ ဂရပ်ဖစ်ကတော့ Adreno 630 ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် Processor ကို အသုံးပြုပေးထားပါတယ်။
Xiaomi Mi 8 SE
Mi 8 SE မှာတော့ Qualcomm Snpadragon 710 Octa-core Processor ကို သုံးထားပြီး 2×2.2GHz Cortex-A75 နဲ့ 6×1.7GHz Cortex-A55 ကို သုံးထားပါတယ်။ ဂရပ်ဖစ်က Adreno 616 ဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon 710 Chipset ကို ပထမဆုံး သုံးထားတာပဲ ဖြစ်ပါတယ်။
(3). Display
Xiaomi Mi 8
6.21 လက်မ Super AMOLED Display ရှိတဲ့ Mi 8 ဟာ 1080 x 2240 Pixels Resolution ရှိပါတယ်။ Screen-to-body အချိုးဟာ 83.8% ရှိပါတယ်။ Pixel Density 402 ppi ရှိပါတယ်။ မြင်ကွင်းကြည်လင်ပြတ်သားမှုရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Xiaomi Mi 8 SE
5.88 လက်မ Super AMOLED Display ရှိတဲ့ Mi 8 SE ဟာ 1080x 2244 pixels resolution ရှိပါတယ်။ Screen-to-body အချိုးဟာ 81.3% ရှိပါတယ်။ Pixel Density 423 ppi ရှိပြီး ရုပ်ထွက်ကြည်လင်ပြတ်သားမှု ရှိပါတယ်။
(4). Verdict
Xiaomi Mi 8
Xiaomi Mi 8 မှာ စွမ်းဆောင်ရည်အတွက် RAM 6GB ပါ၀င်ပြီး Storage ကတော့ 64/128/256GB ဖြစ်ပါတယ်။ အဓိကကင်မရာက dual-camera ဖြစ်ပြီး 12MP + 12MP ဖြစ်ပြီး Selfie အတွက် 20MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android 8.1 (Oreo) ကိုသုံးထားပြီး Li-Po 3400 mAh ဘက်ထရီ ပါ၀င်ပါတယ်။
Xiaomi Mi 8 SE
Xiaomi Mi 8 SE မှာ စွမ်းဆောင်ရည်အတွက် RAM က 4GB/6GB နဲ့ Version နှစ်မျိုး ထွက်ရှိလာမှာဖြစ်ပြီး Storage အနေနဲ့ကတော့ 64GB ဖြစ်ပါတယ်။ အဓိကကင်မရာက Dual 12MP + 5MP ဖြစ်ပြီး Selfie အတွက် 20MP ရှေ့ကင်မရာ ပါ၀င်ပါတယ်။ Android 8.1 (Oreo) နဲ့ Li-Po 3120 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။
Credit : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

