2019.07.10FEATURE
ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုနည်းပညာ တိုးတက်မှုနှင့်အတူ လျှပ်စစ်ကားများအပေါ် စိန်ခေါ်လာသည့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားများ
စွမ်းအင်သစ်သုံးစွဲမှုယာဉ်များ (New-energy Vehicles-NEVs) ဟု အမည်ပေးထားသည့် ဟိုက်ဒရိုဂျင် လောင်စာသုံးယာဉ်များ တီထွင် ထုတ်လုပ်လာခဲ့ကြခြင်း သည် လျှပ်စစ်မော်တော်ကားများအတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့ကို တီထွင်ထုတ်လုပ်ရောင်းချနေသည့် Tesla ကဲ့သို့သော စက်မှုလုပ်ငန်းကြီးများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေကို ဖန်တီးနေစေပါသည်။ ထိုအခြေအနေမျိုးတွင် မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ရှန်ဟိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော CES Asia ပြပွဲတွင် ၎င်းတို့ ၏နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင်ကားများကို ထုတ်ဖော်ပြသခဲ့ကြပေသည်။
အဆိုပါ ပြပွဲတွင် Nexo ဟု အမည်ပေးထားသည့် နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မော်တော်ယာဉ်တစ်စင်းကို Hyundai Motor Group က ထုတ်ဖော်ပြသခဲ့ပါသည်။ ၎င်းကား
အနေဖြင့် ဟိုက်ဒရိုဂျင်စွမ်းအင်ကို ၅ မိနစ်ခန့်သွင်းရုံမျှှဖြင့် ကီလိုမီတာ ၈၀၀ အထိ မောင်းနှင်နိုင်စွမ်းရှိသည်ဟု မီဒီယာများက အစီ ရင်ခံဖော်ပြခဲ့ကြသည်။ ထို့အတူ Mercedes-Benz ကလည်း ၎င်းတို့၏ ဟိုက်ဒရိုဂျင်ကားများကို အသီးသီး ထုတ်ဖော်ပြသခဲ့ကြသည်။ အနောက်နိုင်ငံများအနေဖြင့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မော်တော်ကားများကို တီထွင်ထုတ်လုပ်ကာ ဖော်ပြနေသည့် အချိန်အတွင်း တရုတ်နိုင်ငံကုမ္ပဏီများအနေဖြင့်လည်း ခေတ်နောက်ကျမခံဘဲ ဟိုက်ဒရိုဂျင်ကား ထုတ်လုပ်မှုတွင် ပါဝင်လာခဲ့ကြပေသည်။
အမေရိကန်ကုမ္ပဏီဖြစ်သည့် RONN Motor Group သည် NEV ယာဉ်များဒီဇိုင်းနှင့် ပတ်သက်၍ တီထွင်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းသည် တရုတ် ကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်းကာ ဟိုက်ဒရိုဂျင်ကားကို တီထွင်ထုတ်လုပ်ရန်အတွက် ၃ ဦးစပ် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပေသည်။ အခြားတရုတ်ပြည်တွင်း အခြေစိုက်ကုမ္ပဏီများဖြစ်သည့် Automobile Work-FAW နှင့် Dongfeng Motor Co များကလည်း ဟိုက်ဒရိုဂျင်ကား ထုတ်လုပ်မှုတွင် ပါဝင်နိုင်ရန်အတွက် ဆောင်ရွက်လာနေခဲ့ပြီလည်း ဖြစ်သည်။ သို့သော်လည်း Energytrend.cn ရဲ့ အဆိုအရတော့ FAW ကုမ္ပဏီအနေနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက ဟိုက်ဒရိုဂျင်ကား အောင်မြင်စွာ စမ်းသပ်ထုတ် လုပ်နိုင်ထားခဲ့သည်ဟု ဆိုသည်။
Dongfeng ရဲ့ အကြံအစည် သည်လည်း ၂၀၂၀ ပြည့်နှစ်အရောက်တွင် ဟိုက်ဒရိုဂျင် မော်တော်ကား အစီးရေ ၂၀၀၀ ခန့်ကို ထုတ်လုပ်နိုင်ရန် ရည်မှန်း ထားပေသည်။ ထိုကဲ့သို့ ဟိုက်ဒရိုဂျင်ကားများ တီထွင်ထုတ်လုပ်ကာ ရောင်းချနိုင်မှုကို ဆောင်ရွက်နိုင်ရန် ဦးတည်လာခြင်းသည် လျှပ်စစ်ကားများကို တီထွင်ထုတ်လုပ်နေသည့် ကုမ္ပဏီများအတွက် စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်ပေသည်။ ဟိုက်ဒရိုဂျင်ကားများ၏ ကမ႓ာကြီးပူနွေးမှုအတွက် ကာဗွန်ထုတ်လွှတ်မှု မရှိခြင်းသည်လည်း လျှပ်စစ်ကားများထက် အားသာချက်ပင် ဖြစ်သည်။ လျှပ်စစ်ကား
များအနေဖြင့် လျှပ်စစ်ကိုသာ မှီခိုနေရသည်မှာ မှန်သော်လည်း လျှပ်စစ်ရရှိရန်အတွက် ကျောက် မီးသွေး၊ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရဆဲဖြစ်သည်။ ထိုအားနည်းချက်ကြောင့်လည်း အစိုးရများကိုယ်တိုင် ဟိုက်ဒရိုဂျင်ကားများကို တီထွင်ထုတ်လုပ် အသုံးချနိုင်ရန်အတွက် အားပေးလျက်ရှိနေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ရှန် ဟိုင်း၏ Jiading စီရင်စုတွင်လည်း ဟိုက်ဒရိုဂျင်ကား ထုတ် လုပ်မည့် စက်ရုံများကို တည် ဆောက်ထားပြီးဖြစ်သလို Hebei ပြည်နယ်ရှိ Zhangjakou တွင် လည်း ၂၀၃၅ ခုနှစ်မတိုင်မီ တည်ဆောက်မည် ဖြစ်သည်ဟု ဆိုထားရာ ဒေသတွင်းရှိ ဟိုက်ဒရိုဂျင်စက်ရုံများအနေဖြင့် အမေရိကန်ဒေါ်လာ ၂၅.၆ ဘီလီယံအထိ တန်းကြေးရှိလာမည်ဖြစ် သည်ဟု ဆိုသည်။ သို့သော်လည်း ဟိုက်ဒရိုဂျင်ကား တီထွင်ထုတ် လုပ်မှုစီးပွားရေးလုပ်ငန်းသည် တိုးတက်နေဆဲအဆင့် အောက်၌သာ ရှိနေပါသေးသည်။ လွန်ခဲ့သောနှစ်က ဟိုက်ဒရိုဂျင် ကားထုတ်လုပ်မှုသည် စုစုပေါင်း မော်တော်ကားထုတ်လုပ်မှုနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲတစ်ခုအထိသာ ရှိနေပါသေးသည်။ အဘယ်ကြောင့်ဆိုသော် ဟိုက်ဒရိုဂျင်စွမ်းအင်ကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းနှင့် ဟိုက်ဒရိုဂျင်စွမ်းအင် ဖြည့်တင်းသည့် စခန်းများ အနှံအပြားတွင် တည်ဆောက်ရန် လိုအပ်နေခြင်းပင်ဖြစ်သည်။
ထို့အတွက်ကြောင့်လည်း ယနေ့အချိန်အခါတွင် ဟိုက်ဒရိုဂျင်စွမ်းအင်ကို ပေါများခြင်း၊ လုံလောက်ခြင်းနှင့် ကုန်ကျစရိတ် သက်သာနိုင်စေရန် ထုတ်လုပ်နိုင်မည့် နည်းလမ်းများကို ကမ႓ာအနှံ့မှ သိပ္ပံပညာရှင်များ အနေဖြင့် တီထွင် ထုတ်လုပ် နေကြခြင်းဖြစ်သည်။ မကြာသေးမီက တရုတ်သိပ္ပံပညာ ရှင်များအနေဖြင့် ဇီဝစွန့်ပစ်ပစ္စည်းများကို အသုံးပြု၍အလင်းစွမ်းအင်ကို အသုံးပြုကာ ဒီဇယ် လောင်စာနှင့် ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်နိုင်မည့် နည်းလမ်းများကို တီထွင်ထုတ်လုပ်ခဲ့သည်ဟု သိရှိရပေသည်။
အဆိုပါဆောင်ရွက်မှုကို တရုတ်သိပ္ပံအကယ်ဒမီ၏ Dalian အင်စတီကျုမှ သိပ္ပံပညာရှင်များက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ နည်းစဉ်အရကမ္ဘာမြေပေါ် ရှိ ကာဗွန်အရင်းအမြစ်များကို နေရောင်ခြည်စွမ်းအင်၊ သို့မဟုတ် အလင်းတုကို အသုံးပြုလျက် သန့်ရှင်းသောစွမ်းအင်အဖြစ် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု သုတေသီတို့က ဆိုသည်။
ဇီဝပစ္စည်း (Biomass) များတွင် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း များဖြစ်သည့် ကောက်ရိုးများ၊ သစ်တောဆိုင်ရာ စွန့်ပစ်ပစ္စည်းများပါဝင်ပြီး ၎င်းတို့သည် သဘာဝအရ ပေါများစွာတည်ရှိသည့် ကာဗွန်အရင်းအမြစ်များ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ရေနံဓာတု ပစ္စည်းအရင်းအမြစ်များနေရာတွင် အစားထိုးနိုင်မည်ဖြစ်ပြီး ရုပ်ပြောင်းထုတ်ကုန်များအဖြစ် ပေါများစွာ ထုတ်လုပ်ပေးနိုင်မည်လည်း ဖြစ်သည်။ သို့သော်လည်း ဇီဝပစ္စည်းများမှ ဟိုက်ဒရိုဂျင်ထုတ်လုပ်ခြင်း နည်းစဉ်သည် သဘာဝပတ်ဝန်းကျင်အပေါ် ညစ်ညမ်းမှုကို ဖြစ်စေနိုင်သည်ဟုဆိုသည်။ ယခုတီထွင်မှုလုပ်ငန်းကို သိပ္ပံပညာရှင်ဖြစ်သူ Wang Feng က ဦးဆောင်နေခြင်းဖြစ် ပြီး အဆိုပါအကြောင်းအရာကို နိုင်ငံတကာ သိပ္ပံဂျာနယ်ဖြစ်သည့် Nature Energy တွင် ဖော်ပြထား ခဲ့ပေသည်။
လက်တွေ့အားဖြင့် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု နည်းလမ်းစဉ်သည် ကုန်ကျစရိတ်သက်သာစေ ရန်အတွက်မူ လွယ်ကူမှုရှိသည် တော့မဟုတ်ပေ။ ထို့ကြောင့်တရုတ်သုတေသီ အသင်းတစ်ခုသည် ရေမှဟိုက်ဒရိုဂျင်ကို ခွဲထုတ်နိုင် ရန်ကုန်ကျစရိတ်သက်သာသည့် ဓာတ်ကူပစ္စည်းတစ်မျိုးအား Photosynthesis ဖြစ်စဉ်ကို တုပခြင်းဖြင့် တီထွင်ထုတ် လုပ်ခဲ့ကြရာ ၎င်းတို့အနေဖြင့် ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့်ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ကို သိသာစွာ လျှော့ချနိုင်ရန်အတွက် မျှော်လင့်ထားကြခြင်းလည်းဖြစ်သည်။
အဆိုပါဆောင်ရွက်မှုကို Zhejiang တက္ကသိုလ်မှ သုတေ သီဖြစ်သူ Hou Yang က ဦးဆောင် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပြီးထိုအ ကြောင်းအရာကို Nature Communications ဟု အမည်
ရသည့် ဝက်ဘ်ဆိုဒ်တွင်လည်း ဖော်ပြခဲ့ပါသည်။ လက်ရှိအချိန် တွင် ရေမှဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ရန်အတွက် တန်ဖိုးကြီးမားသည့် Iridium သမားရိုးကျဒြပ်ပစ္စည်းကို အသုံးပြုရပြီး ၎င်းသည် လည်း တည်ငြိမ်မှုမရှိသလို လုံလောက်စွာ ဆောင်ရွက်နိုင်ခြင်း လည်း မရှိပါဟု Hou က ဆိုသည်။
တရုတ် သုတေသီတို့အနေဖြင့် အပင်နှင့် ရေညှိတို့၏ဆဲလ် များအတွင်း တွေ့ရှိရသည့် ဆဲလ်စနစ် ခွဲတစ်ခုဖြစ်သော Chloroplast ၏ အက်တမ်တည် ဆောက်မှုပုံစံကို တုပနိုင်ခြင်းဖြင့် ဓာတ်ကူပစ္စည်းအသစ်တစ်ခုကို တီထွင်နိုင်ခဲ့ကြခြင်းဖြစ်ပြီး ၎င်း သည် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု တန်ဖိုးကို ၈၀ ရာခိုင်နှုန်း သက်သာစေမည်ဖြစ်သည်။ ဟိုက်ဒရိုဂျင်စွမ်းအင်သည် သန့်ရှင်းသော စွမ်းအင်စနစ်တစ်ခုဖြစ်ပြီး လေထုညစ်ညမ်းမှု မရှိသလို လောင်ကျွမ်းမှုနှုန်းမြင့်ပြီး ထုတ်လုပ်နိုင်သည့် အရင်းအမြစ်လည်း ပေါကြွယ်ဝသည့်အတွက် နောင်အနာဂတ်တွင် ရုပ်ကြွင်းလောင်စာ သုံးကားများနှင့် လျှပ်စစ်ကားများနေရာတွင် အစားထိုး ကာ အသုံးပြုဦးမည်မှာသေချာ ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
-ကျော်လင်း (အမိမြေ)
Credit : www.internetjournal.media
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

