fb_icon

bnr_tob_1

2019.05.29LIFE&TREND

The Pool Movie Review

ကျွန်တော်က ပုံမှန်အားဖြင့် Review ရေးလေ့မရှိပေမဲ့ ဒီနေ့ညကြည့်ခဲ့တဲ့ The Pool Movie လေးအတွက် Review ရေးချင်ပါတယ်။ ကျွန်တော်က Review ရေးစားနေတဲ့ Professional တစ်ယောက် မဟုတ်ပါ။ ဝါသနာရှင် တစ်ယောက်အနေနဲ့ ရေးမှာဖြစ်တဲ့အတွက် အမှားလဲ ပါချင်ပါနိုင်တာမို့ ကြိုတင်တောင်းပန်ထားပါရစေ ခင်ဗျာ။
(မှတ်ချက်။ ။Spoilerမဟုတ်ပါ)

■Synospsis
The Pool ဇာတ်ကားဟာ မြန်မာမှာ 2018 ခုနှစ် ကရုံတင်ပြီး IMDb 5.9/10 ရထားပြီး Action, Thriller, Surivival ဇာတ်ကား အမျိုးအစားပါ။ ဇာတ်လမ်းအစမှာတော့ လူသူဝေးတဲ့မြို့စွန်က ရေကူးကန်ကို ရုပ်ရှင်ရိုက်ကူးဖို့ ငှားရမ်းပြီးနောက် ရေကူးကန်ထဲမှာ အစောင့်တစ်ယောက်က ဘေးကင်းကင်းနဲ့ အိပ်မောကျနေခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးတဲ့အဖွဲ့ဟာ ရေထုတ်တဲ့ ခလုပ်ကိုနှိပ်ပြီး ပြန်သွားခဲ့ပါတယ်။ ရေကန်ထဲမှာ အိပ်ပျော်နေတဲ့အစောင့် နိုးလာချိန်မှာ ရေဟာကုန်လုနီးပါး ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ ရေကူးဖို့ဆင်းလာတဲ့ချစ်သူ၊ ဘေးပတ်ပတ်လည်မှာ ရေကူးကန်နံရံကလွဲပြီး ဘာမှမရှိ၊ အဲဒီအချိန်မှာ ဆာလောင်နေတဲ့ မိကျောင်းမ တစ်ကောင်က ရောက်လာပြီး၊ အသက်ရှင်ဖို့ကြိုးစားရုန်းကန်နိုင်ပါ့မလား?
မိကျောင်းမကရော ရေကန်ထဲကို ဘယ်လိုရောက်လာတာလဲ?
ရေကန်ထဲက လွတ်မြောက်အောင်ကြိုးစားနိုင်ပါ့မလား ဆိုတာကတော့……

■Director
ပထမဆုံး ချီးကျူးချင်တာကတော့ ထိုင်းဒါရိုက်တာ Ping Lumpraloeng ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံး လူအနည်းငယ်ဖြင့်သာ ရိုက်ကူး သရုပ်ဆောင်ထားပြီ Plot Twist အလှည့်အပြောင်း မထင်မှတ်ထားတွေလည်း ဖြစ်လာတာကြောင့် ရသတစ်ခုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒီကားနဲ့ Brussels International Festival of Fantasy Film 2019 ဆုကို ရရှိခဲ့ပါတယ်။

■Others
Lighting , Sound Effects အပိုင်းကလည်း ကောင်းမွန်ပြီး သရုပ်ဆောင်ပိုင်းကလည်း အပိုအလိုမရှိ။ သဘာဝကျကျနဲ့ မျက်နှာ Expression ကလဲ Over မဖြစ်ပါဘူး။ အချုပ်အနေနဲ့ပြောရရင် ဇာတ်လမ်းက ယုတ္တိမရှိဘူးလို့ပြောကြပေမဲ့ ကျွန်တော့်အတွက်ကတော့ Movie ဆိုတာ ခံစားသိမြင်နိုင်တဲ့ကိုယ်ရဲ့ခံစားချက်လို့ပဲ ထင်ပါတယ် ခင်ဗျာ။Romance ကားတွေနဲ့ပဲ ရိုးအီမနေဘဲ ဒီ Thriller ဇာတ်ကားလေးကိုလည်း ကြည့်ရှုပါလို့ တိုက်တွန်းလိုက်ပါရစေ။

By: Myat Noe

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img