fb_icon

bnr_tob_1

2019.05.28FOOD

365 Cafe Review

Steak ကို စျေးအရမ်းမကြီးဘဲ ကောင်းကောင်းစားချင်တဲ့ သူတွေအတွက် 365 Cafe ကို ညွှန်းချင်ပါတယ်။ Steak ဆိုလို့ Steak မကြိုက်ရင်ရောဆိုတဲ့သူတွေ အတွက်လည်း တခြားအစားအစာ အစုံအလင်ရနိုင်တဲ့ နေရာလေးတစ်ခုပါ။ Steakရဲ့စျေးနှုန်းလေးတွေကတော့ ၈ထောင်ကနေ ၂သောင်းကျော်အထိ အမျိုးမျိုးရှိပါတယ်။ကိုယ်စားချင်တဲ့ Sauce အမျိုးအစားနဲ့ တွဲဖက်စားလို့ရပါတယ်။ Steak ကတော့ Beef (အမဲသား) နဲ့ ပိုပြီး လိုက်ဖက်ပေမဲ့ အမဲသား မစားသူတွေအတွက် Pork (ဝက်သား) နဲ့လည်း ရှိပါတယ်။

Steak ကို အဓိက စားချင်လို့သွားတော့ Steak ထဲကမှ Black Pepper Beef Steak ကို ရွေးချယ်လိုက်တယ်။ Steak မှာ အသားသီးသန့် မဟုတ်ဘဲအာလူးကြော်နှင့် Vegetables Salad လည်းပါတော့ တွဲစားရတာ ပိုပြီး စားလို့မြိန်တယ်။ Black Pepper Beef Steak ဆိုတော့ ငရုပ်ကောင်းကတော့ အစေ့လိုက် ထည့်ထားတယ်။ ငရုပ်ကောင်းမကြိုက်ရင်တော့ အတော်ရှောင်စားရလိမ့်မယ်။ Tomato Spaghetti ကလည်း ချဉ်ချဉ်လေးနဲ့ စားလို့ကောင်းတယ်။ Thai Noodle ကတော့ ကွေ့သယိုရဲ့ အရသာနဲ့ဆင်တယ်။ စိန်ဂျွန်းစီးတီးမောလ်က 365 Cafe ဆိုင်ခွဲလေးမှာ စားဖြစ်ခဲ့တာကို ပြန်ပြီးမျှဝေပေးတာပါ။ Steak ကြိုက်ပြီး စျေးအရမ်းကြီးလို့ မစားဖြစ်ဘူး မဖြစ်ရအောင်လို့ အရသာရော၊ စျေးရော အဆင်ပြေတဲ့နေရာလေးကို မျှဝေပေးလိုက်ပါတယ်။အဆုံးအထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

By: Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img