fb_icon

bnr_tob_1

2019.09.30FEATURE

၂၀၁၉ မှာ ခရီးသွားဧည်သည်တို့ အများဆုံးလာရောက်လည်ပတ်တဲ့ အာရှမှ ကမ်းခြေများ

• Pantong Beach , Phuket , Thailand

အဆင့် (၇)နေရာမှာရပ်တည်နေတဲ့ ဖူးခတ်ဆိုတာ အများကြားမှာ ရေပန်းအစားဆုံးကမ်ခြေဒေသတစ်ခုပါ။ ဖူးခတ်ကျွန်းပေါ်က Pantong ကမ်းခြေကတော့ အဓိကခရီးသွား အပန်းဖြေစခန်းနေရာပဲဖြစ်ပါတယ်။ NightLife နဲ့ shopping အတွက်ပါနာမည်ကျော်ပါတယ်။ ၁၉၈၀ နှောင်းပိုင်းကာလကတည်းက ဥရောပနိုင်ငံသား ခရီးသွားတွေကြားမှာ အောင်မြင်နေတဲ့ကမ်းခြေလည်းဖြစ်ပါတယ်။ များစွာသော Hotel များ Resort များနှင့် အထူးစည်ကားဖွင့်ဖြိုးလျက်ရှိတဲ့နေရာလည်းပဲဖြစ်ပါတယ်။

• Crystal Bay Beach – Kuta Beach ,Bali , Indonesia

နောက်ထပ်လာရောက်လည်ပတ်တဲ့ ကမ်းခြေကတော့ ခေတ်အဆက်ဆက် ကျော်ကြားလှ ဘာလီကျွန်းပါ။ သဘာဝအလှအပတွေ ရှိနေသလို ရိုးရာယဉ်ကျေးမှု အကအလှတွေ ဟိန္ဒူရိုးရာ ဘုရာကျောင်းတွေ နာမည်ကျော် Water Boom နှင့် အတူ Luxury Cruise တွေ ကိုတစ်နေရာတည်းမှာ အပန်းဖြေအနားယူနိုင်မည့်နေရာတစ်ခုပါ။ Maldives နဲ့ Bali ကတော့ ကမ္ဘာမှာ Honeymoon အတွက်ပါနာမည်ရထားတဲ့ နေရာတွေဖြစ်ပါတယ်။ Instragrammable အဖြစ်ဆုံး Photo Spots အဖြစ်လည်း ခေတ်စားလျက်ရှိပါတယ်။ Crystal Bay Beach, Kuta Beach တွေကတော့ ဘာလီရဲ့နာမည်ကျော်ကမ်းခြေတွေပဲဖြစ်ပါတယ်။

• Gaya Island, Malaysia

အဆင့်(၅)နေရာမှ ကမ်းခြေကျွန်းကတော့ မလေးရှားနိုင်ငံ ဘော်နီယိုမှာတည်ရှိတဲ့ Gaya Island ဖြစ်ပါတယ်။ နှစ်သန်းပေါင်း ၁၃၀ နှစ်တောင်ရှိပြီဖြစ်တဲ့ မိုးသစ်တောနှင့် အတူ ကျော်ကြားပါတယ်။ အပန်းဖြေအနားယူဖို့အတွက် luxury Tour များစွာနဲ့ ခရီးသွားများကိုဖမ်းစားထားပါတယ်။

• Mui Ne Beach , Vietnam

ကျွန်တော်တို့ မြန်မာလူမျိုးတွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ Vietnam နိုင်ငံမှ Mui Ne ကမ်းခြေကတော့ နံပါတ် (၄)နေရာမှာရပ်တည်နေပါတယ်။ရင်သတ်ရှုမောဖွယ်အလှတရားများနှင့်အတူ အပန်းဖြေစရာ ကမ်းခြေမှာ စိတ်လှုပ်ရှားဖွယ် Water Sports တွေကလည်းစောင့်ကြိုနေပါတယ်။

• Maldives

Honeymoon ကျွန်းနိုင်ငံ Maldives ရဲ့ ကမ်းခြေကတော့ အာရှမှာ နံပါတ် (၃)နေရာမှာရပ်တည်နေတယ်ဆိုပေမယ့် လူတိုင်းရောဖူးချင်တဲ့ Paradise တစ်ခုပဲဖြစ်ပါတယ်။ India Ocean မှာရှိတဲ့ ကြည်လင်ပြာလဲတဲ့ ကမ်းခြေဒေသ Maldives ဟာ ကမ္ဘာကျော်ကမ်းခြေတစ်ခုပဲဖြစ်ပါတယ်။

• Palawan , Philippines

ဖိလစ်ပိုင်နိုင်ငံ မှ ၅ခုမြောက်အကြီးဆုံး ကျွန်း Palawan ကျွန်း ကမ်းခြေကတော့ အာရှရဲ့ အလှဆုံး အဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။ သဲဖြူဖြူလွှလွှ တွေနဲ့ လှပတဲ့ကမ်းခြေ နှင့်အတူ ရိုးရာဓလေ့တွေ၊ တောရိုင်းသဘာဝအလှတရားများ၊ တောတောင်အလှတရားများကြောင့် ယခုနှစ်တွေမှာ ကမ္ဘာ့ခရီးသွားလုပ်ငန်းရဲ့ စိတ်ဝင်စားမှုကိုခံနေရတာလည်း ဖြစ်ပါတယ်။

• Pink Beach , Indonesia

ကမ္ဘာ့ ပန်းရောင်ကမ်းခြေ ၇ ခုရှိတဲ့အနက် အင်ဒိုနီးရှားနိုင်ငံမှာတော့ အာရှရဲ့ အလှပဆုံးသော ကမ်းခြေ Pink Beach က သဘာဝအလှတရားတွေမပျက်မယွင်း ပဲတည်ရှိနေပါတယ်။ Komodo National Park လည်းတည်ရှိတဲ့ ဒီကမ်းခြေကတော့ Komodo ဖွတ်နဂါးကြီးများ နှင့်အတူ အဏ္ဏဝါမျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာနေရာဖြစ်ပါတယ်။ ဒါကြောင့်လဲ ၁၉၉၁ ခုနှစ်ကတည်းက UNESCO Site အဖြစ် အသိအမှတ်ပြုခြင်းကို ခံထားရတာဖြစ်ပါတယ်။ လှပတဲ့ ပန်းရောင်ကမ်းခြေနဲ့ အတူ Komodo National Park ကြောင့် ၂၀၁၉ မှာ ခရီးသွားများ စိတ်ဝင်စားနေတဲ့ Tourist destination လည်းဖြစ်လို့နေပါတယ်။အခုပြောပြပေးခဲ့တဲ့ ကမ်းခြေဒေသများကတော့ ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေကြားမှာကျော်ကြားလျက်ရှိတဲ့ ၂၀၁၉ အတွက် အာရှရဲ့ လှပတဲ့ ကမ်းခြေ တွေပဲဖြစ်ပါတယ်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img