2019.09.20LIFE&TREND
Betadine Feminine Wash
အားလုံးပဲ မင်္ဂလာပါရှင်။
ဒီတစ်ခေါက်မှာတော့ အမျိုးသမီးတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ မိန်းကလေးတွေဟာ အပြင်ပန်း အလှအပတွေကိုပဲ ဂရုစိုက်လို့မရပါဘူး။ လူမမြင်တဲ့နေရာက သန့်ရှင်းကျန်းမာနေဖို့လည်း အရမ်းအရေးကြီးပါတယ်။ ဒါကတော့ မိန်းမကိုယ် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။
ပထမဆုံးပြောချင်တာက မြန်မာနိုင်ငံ Culture အရ ဒီလိုအကြောင်းအရာတွေ မျှဝေခြင်းဟာ ရှက်စရာလို့ တွေးတတ်ကြပါတယ်။ တကယ်တော့ ဒါဟာရှက်စရာမဟုတ်ဘဲ သေသေချာချာ ဂရုတစိုက် မျှဝေပေးရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အိုခေ…ဒါဆိုဆက်ပြောရအောင်နော်။
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ မိန်းမကိုယ်ယားယံမှု၊ အနံ့ဆိုးထွက်မှု၊ စိုစွတ်နေမှု၊ ခြောက်သွေ့ယားယံမှု ပြဿနာတွေဟာ မိန်းကလေးတိုင်း ဖြစ်တတ်ကြပါတယ်။ ဒါတွေဟာ ကျန်းမာရေးအတွက် အလွန်ဆိုးရွားခြင်းနဲ့ နောက်ဆက်တွဲသားအိမ် ပြဿနာမျိုးစုံကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
ဒါတွေကို ကာကွယ်ဖို့ Feminine wash တွေလဲ အလွယ်တကူဝယ်ယူလို့ရပါတယ်။ ဒါပေမဲ့လည်း တစ်ချို့ Feminine wash တွေဟာ စိတ်ချရတာ မဟုတ်သလို ဆရာဝန်တွေရဲ့ FDA ထောက်ခံချက်ရရှိထားဖို့ကလည်း အရေးကြီးပါတယ်။ အရမ်းနုနယ်တဲ့ အသားအရေ ဖြစ်တာမို့ မှားယွင်းအသုံးပြုမိလိုက်ရင် ရောဂါပိုးအချိန်မရွေးဝင်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် တကယ်စိတ်ချယုံကြည်ရတဲ့ စာရေးသူရဲ့အဓိကလက်စွဲဖြစ်တဲ့ Betadine Feminine wash ကို recommend ပေးချင်ပါတယ်။
နောက်တစ်ခုမှားယွင်းနေတဲ့ အယူအဆတစ်ခုက နေ့စဉ်သုံး Feminine wash တွေ မသုံးသင့်ဘူးဆိုတဲ့ မှားယွင်းတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ Feminine wash တွေဟာ ရေချိုးတဲ့အချိန် ဆပ်ပြာနဲ့ ဆေးကြောသန့်စင်တာထက် ပိုသင့်တော်ပါတယ်။ Feminine wash တွေဟာ ပုံမှန်ဆပ်ပြာတွေထက် ပျော့ပြီး မိန်းမကိုယ် ဧရိယာအတွက် အထူးထုတ်လုပ်ထားတာဖြစ်တာမို့ စိတ်ချလက်ချသုံးသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
Betadine မှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ prebiotic ပါဝင်ပြီး မိန်းမကိုယ်မှာရှိသင့်တဲ့ PH level ၃.၅ မှ ၄.၅ ထိ ထိန်းညှိပေးထားလို့ သဘာဝအတိုင်း ကာကွယ်မှုနဲ့ နူးညံ့မှုကို ပေးစွမ်းပါတယ်။
Betadine feminine wash မှာ လေးမျိုးထုတ်လုပ်ထားပြီး တစ်မျိုးချင်းစီနဲ့ သူ့ရဲ့အာနိသင်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
- လိမ္မော်ရောင်ဟာ Calendula ပန်းရဲ့အဆီနဲ့ ပြုလုပ်ထားပြီး အသားအရည်ခြောက်သွေ့ခြင်းအတွက် သင့်တော်ပါတယ်။
- အပြာရောင်ကတော့ Witch Hazel ပန်းအဆီမှ ပြုလုပ်ထားပြီး အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။
- အစိမ်းရောင်ဘူးလေးတွေကတော့ Fresh and active ဆိုတဲ့အတိုင်း သန့်စင်ပြီး အေးမြလန်းဆန်းစေပါတယ်။
- ခရမ်းရောင်လေးကတော့ Gentle protection ဖြစ်တာကြောင့် နူးညံ့ပြီး sensitive skin သမားတွေအတွက် အထူးသင့်တော်ပါတယ်။
အခုဆိုရင် Betadine ကနေပြီးတော့ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ Wipes အထုပ်လေးတွေကိုလည်း ထုတ်လုပ်ပေးလိုက်ပြီဖြစ်လို့ ခရီးသွားရင်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စ ကျောင်းကိစ္စကြောင့် အမြဲအပြင်မှာပဲ အချိန်ကုန်နေရတဲ့ မမတွေအတွက် အလေးခံပြီး ဘူးတွေ သယ်စရာမလိုတော့ဘူးနော်။ တစ်ခုတော့ သတိထားစေချင်တယ်။ Feminine wipes အထုပ်တွေက wet tissues အထုပ်တွေနဲ့ အနည်းငယ်ပုံစံဆင်တူလို့ မှားပြီးအသုံးပြုမိမှာကိုတော့ သတိထားစေချင်ပါတယ်။
မိန်းကလေးတိုင်း Feminine wash လေးတွေသုံးပြီး ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ထားနိုင်ပါစေနော်။
By: KST
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

