fb_icon

bnr_tob_1

2019.07.05LIFE&TREND

ဗီယက်နမ်နိုင်ငံထုတ် B အမှတ်တံဆိပ် အဆင့်မြင့်စမတ်ဖုန်း မော်ဒယ်သစ်နှစ်မျိုးကို ပြည်တွင်းမှာ စတင်မိတ်ဆက်ရောင်းချ

ဆိုက်ဘာလုံခြုံရေး ဆော့ဖ်ဝဲ၊ စမတ်ဖုန်းနဲ့ စမတ် Home အစရှိတဲ့ စီးပွားရေးကဏ္ဍ နယ်ပယ်လေးခုမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Bkav ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ဗီယက်နမ်ထုတ် B အမှတ်တံဆိပ် Flagship အမျိုးအစား Bphone 3 နဲ့ Bphone 3 Pro အဆင့်မြင့်စမတ်ဖုန်းမော်ဒယ်သစ်မျိုးကို ပြည်တွင်းစျေးကွက်မှာ စတင် ၀ယ်ယူနိုင်ပြီဖြစ်တယ်လို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်က Melia ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ Bphone စာနယ်ဇင်းမိတ်ဆက်ပွဲမှ သိရပါတယ်။
ဗီယက်နမ်မှာလိုပဲ Bkav အနေနဲ့ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းတွေနဲ့အတူ အကောင်းမွန်ဆုံး ၀န်ဆောင်မှုတွေကို မြန်မာနိုင်ငံကို သယ်ဆောင်လာမယ်ဆိုတဲ့အကြောင်းကို Bkav Myanmar ရဲ့ General Director ဖြစ်သူ Mr. Le Quang Hiep က “စမတ်ဖုန်းအသုံးပြုမှု ၉ဝ ရာခိုင်နှုန်းကျော်နဲ့ 4G ကွန်ရက်လွှမ်းခြုံမှု ၉ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဟာ အာဆီဒေသတွင်းမှာတင် မကဘဲ အာရှဒေသတွင်းမှာပါ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါတယ်။

မြန်မာနဲ့ ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံဟာ တူညီတဲ့ ဓလေ့ထုံးစံတွေ၊ လူနေမှုဘဝတွေကို ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံက အသုံးပြုသူတွေကလည်း ဗီယက်နမ်နိုင်ငံက ထုတ်ကုန်တွေကို ကြိုက်နှစ်သက်လေ့ရှိကြတယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါတယ်။ ဒီအချက်ကလည်း မြန်မာစျေးကွက်ကို ထိုးဖောက်ပြီး အခွင့်အလမ်းတွေကို ရှာဖွေရာမှာ ကျွန်တော်တို့အတွက် အားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ ဗီယက်နမ်မှာလိုပဲ Bkav အနေနဲ့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေနဲ့အတူ အကောင်းမွန်ဆုံး ၀န်ဆောင်မှုတွေကိုလည်း မြန်မာနိုင်ငံကို သယ်ဆောင်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ အသုံးပြုသူအားလုံးအတွက် ဖြစ်နိုင်ခြေများစွာကို ပေးအပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့အညီ စွမ်းဆောင်ရည် အကောင်းမွန်ဆုံး ဖုန်းတစ်လုံးဖြစ်တဲ့ Bphone 3 ကို စျေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့လည်း ကြိုက်နှစ်သက်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ Bphone 3 နဲ့ Bphone 3 Pro စမတ်ဖုန်းတွေက မြင်ကွင်းအရွယ်အစား ၆ လက်မရှိပြီး မျက်နှာပြင်အောက်ဘက်က ဘောင်ပျောက်ဒီဇိုင်း Full HD+ Display ဖြစ်ပါတယ်။ IP68 ရေစိုခံနိုင်မှု၊ သူခိုးရန်နဲ့ ဗိုင်းရပ်စ်၊ spam မက်ဆေ့ချ်များမဝင်နိုင်တဲ့ စမတ်ဖုန်းလုံခြုံရေးနည်းပညာများ အပြင် လက်ဗွေလုံခြုံရေးစနစ်တွေ ထောက်ပံ့ပါ၀င်တယ်လို့သိရပါတယ်။ ကင်မရာပိုင်း အနေနဲ့ ကျောဘက်မှာ Dual pixel 2-sensor PDAF ကင်မရာကို မှန်ဘီလူး Lens တစ်ခုထဲမှာ ထည့်သွင်းထားတဲ့ aperture f/1.8 ရှိတဲ့ 12MP အမျိုးအစား ကင်မရာနဲ့ aperture f/2.0 ရှိတဲ့ 8MP အမျိုးအစား ရှေ့ဘက် selfie ကင်မရာတွေ ပါ၀င်ပါတယ်။ ကင်မရာစနစ်တွေအတွက် AI နည်းပညာထောက်ပံ့ပါ၀င်ပြီး တစ်ရက်ခွဲခန့် အသုံးပြုနိုင်တဲ့ 3000mAh အမျိုးအစား ဘက်ထရီတွေ ထည့်သွင်းအသုံးပြုထားတယ်လို့သိရပါတယ်။ CPU အနေနဲ့ Bphone 3 မှာ Qualcomm Snapdragon 636 Octa-core processor တပ်ဆင်ထားပြီး Bphone 3 Pro မှာတော့ Qualcomm Snapdragon 660 Octa-core processor ကို အသုံးပြုထားပါတယ်။ မှတ်ဉာဏ်အနေနဲ့ Bphone 3 မှာ 3GB RAM နဲ့ 32GB သိုလှောင်မှုရှိမှာဖြစ်ပြီး Bphone 3 Pro ကတော့ 4GB RAM နဲ့ 64GB သိုလှောင်မှုပါရှိမှာ ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ Bphone 3 ကို ၄၉၉,၀၀၀ ကျပ်၊ Bphone 3 Pro ကို ၆၉၉,ဝဝဝ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အရောင်ကတော့ အနက်နဲ့ အဖြူ အရောင်နှစ်မျိုး ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ၎င်း Bphone မော်ဒယ်နှစ်မျိုးကို ဇူလိုင်လ ၄ ရက်မှစတင်ကာ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ MyTel ဆိုင် ၁ဝဝ ခန့်မှာ ၀ယ်ယူရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

စတင်မိတ်ဆက်ခြင်း အထူးအစီအစဉ်အဖြစ် Bphone 3 ပထမဆုံး ၀ယ်ယူသူ အယောက် ရဝဝ ကို ငွေကျပ် ၄ဝ,ဝဝဝ လျှော့စျေးနဲ့ Bphone 3 Pro ပထမဆုံးဝယ်ယူသူအယောက် ၃ဝဝ အတွက်ကိုတော့ ငွေကျပ် ရဝ,ဝဝဝ လျှော့စျေးနဲ့ ရောင်းချပေးသွားမယ်လို့သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင် အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ Bphone ရဲ့ တရားဝင် Facebook စာမျက်နှာဖြစ်တဲ့ http://www.facebook.com/bphonemyanmar/ မှာ စိတ်လှုပ်ရှားဖွယ် အစီအစဉ်တစ်ခုကို ပြုလုပ်ပေးသွားမှာဖြစ်ပြီး ၎င်းအစီအစဉ်အရ တစ်ရက်လျှင် Bphone 3 စမတ်ဖုန်း ၂ လုံးကို ပရိုမိုးရှင်းအနေနဲ့ ရက်ပေါင်း ၃ဝ ဆက်တိုက် ပြုလုပ်ပေးသွားမယ်လို့သိရပါတယ်။

Credit : www.internetjournal.media

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img