fb_icon

bnr_tob_1

2019.07.09LIFE&TREND

သင့် ဦးနှောက် အတွက် အစားအစာ ( ၉) မျိုး

ကျွန်တော်တို့ တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများစွာဟာ သူ့တာဝန်နဲ့သူ အမြဲမပြတ်လှုံဆော်ဆောင်ရွက် နေပါတယ် ။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကတော့ အိပ်စက်ချိန်မှာတောင် အနားယူခြင်း မရှိပဲ အလုပ်လုပ်နေသူတွေပါ။ ဒီလိုဆိုတော့ အာဟာရနဲ့ စွမ်းအင်တွေဟာ ဦးနှောက်အတွက် အများအပြားလိုအပ်လှပါတယ်။ ကျွန်တော်တို့စားသုံးလိုက်တဲ့ အစားအသောက်တွေထဲကမှ အာဟာရဓာတ်တွေကို တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ မျှဝေယူရပါတယ်။ ဒီလိုဆိုတော့ကာ ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာမှ ဦးနှောက် မှတ်ဉာဏ် ကိုပိုမိုစွမ်းဆောင်ရည်မြင့်မားစေမယ့် အစားအသောက်တွေ အကြောင်းကို ပြောပြပေးလိုက်ပါတယ် ။

၁။ ဆဲလ်မွန်ငါး

Omega-3 fatty acid ပါဝင်မှုလွန်စွာမြင့်မားတဲ့ ဆဲလ်မွန်ငါးတွေကတော့ ဦးနှောက်စွမ်းဆောင်ရည်အတွက် အင်မတန်အရေးပါသလို မှတ်ဉာဏ်အားနည်း ချို့တည့်ခြင်းကို အထူးကာကွယ်ပေးပါတယ် ။

၂။ ထောပတ်သီး

လူကြိုက်များပြီး အရသာရှိလှတဲ့ ထောပတ်သီးကို တစ်နေ့တစ်ခြမ်း စားသုံးပေးခြင်းဖြင့် အရွယ်တင်နုပျိုစေရုံသာမက ဦးနှောက်အတွက်လည်း အင်မတန်အထောက်အကူပြုပါတယ်။ အာရုံကြော ဆဲလ်များကိုကူညီစောင့်ရှောက်ပေးပြီး သွေးဖိအားကိုလည်းထိန်းညှိမျှတစေတဲ့ အာနိသင်ရှိပါတယ်။ မျက်စိအားကောင်းစေရန်လည်း ကူညီပေးပါတယ်။ ဗီတာမင် အမျိုးအစားပေါင်း ၂၀ ကျော်ပါဝင်ပြီး ကယ်လိုရီမြင့်မားတဲ့ အသီးလည်းဖြစ်ပါတယ်။

၃။ အခွံမာသီးများ

ဦးနှောက်နဲ့ အာရုံကြော တုန့်ပြန်မှု ကောင်းမွန် အောင် ကူညီထောက်ပံ့ပေးပါတယ်။ ဗီတာမင် အီး ကြွယ်ဝစွာပါဝင်တာမို့ အရွယ်မတိုင်ခင်အိုမင်းရင်ရော်မှု နဲ့ မှတ်ဉာဏ် ပျောက်ဆုံးမူကို လျော့ချပေးနိုင် ပါတယ်။

၄။ ဟင်းနုနွယ် ပန်းဂေါ်ဖီစိမ်း နှင့် အစိမ်းရောင် ဟင်းသီး ဟင်းရွက်များ

ဟင်းနုနွယ်နဲ့ ပန်းဂေါ်ဖီစိမ်းတို့ဟာ အစိမ်းရောင် အာဟာရအုပ်စုမှာဆိုရင် ဇာတ်လိုက်ကျော်တွေပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အောက်ဆီဂျင်သယ်ယူပို့ဆောင်ရေးမှာ လိုအပ်သော မရှိမဖြစ် သတ္တုကြွယ်ဝပစ္စည်းများ ပါဝင်ပါတယ်။ ဒါ့ကြောင့် ပင်ပန်းနွမ်းနယ် မောပန်းမှုတွေကို ကာကွယ်ပေးတာလည်းဖြစ်ပါတယ်။

၅။ ဘယ်ရီသီးများ

၂၀၁၂ ခုနှစ် လေ့လာတွေ့ရှိမှု တစ်ရပ်အရ ဘယ်လူးဘယ်ရီ နဲ့ စတော်ဘယ်ရီသီးများကို ပိုမိုစားသုံးတဲ့ လူတွေဟာ မှတ်ဉာဏ်ကျဆင်းမှု နှေးကွေးပြီး မြင့်မားသော အာရုံစူးစိုက်မှုကို ရရှိစေပါတယ်။ Antioxidant ကိုတိုးမြင့်စေပြီး ကယ်လိုရီပါဝင်မှု လွန်စွာနည်းပါးပါတယ်။

၆။ စပျစ်ဝိုင်

အသက်ရှည်ရှည်နေနိုင်ဖို့ နှလုံးကျန်းမာရေးကောင်းမွန်စေဖို့ ဦးနှောက်စွမ်းဆောင်ရည် နှေးကွေးမှုကို ထိန်းချုပ်နိုင်စေဖို့နှင့် ဦးနှောက်နဲ့ ခန္ဓာကိုယ် ဆက်သွယ်တုန့်ပြန်မှုတွေအတွက် သံတမန်ကောင်းဖြစ်ပါတယ်။ တစ်နေ့ကို သင့်လျော်မျှတစွာ တစ်ခွက်နှုန်းဖြင့် သုံးဆောင်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။

၇။ ငရုတ်ကောင်း

သဘာဝအကိုက်အခဲပျောက်ဆေးလို့နာမည်ကျော်တဲ့ ပူစပ်တဲ့ ငရုတ်ကောင်းတွေဟာလည်း ကယ်လိုရီချေဖျက်မှုနဲ့ ခန္ဓာကိုယ်ခုခံအားအတွက် အထောက်အပံ့ပေးသလို ဦးနှောက်အတွက်လည်း လိုအပ်ပါတယ် ။

၈။ ချောကလက်

လူတိုင်း ကြိုက်နှစ်သက်တဲ့ ချောကလက်ကတော့ ပျော်ရွှင်စေခြင်း စိတ်အားတက်ကြွစေခြင်း အစရှိတဲ့ စိတ်ဓာတ်ခွန်အားများကို မြှင့်တင်နိုင်ပါသည်တဲ့ ။

၉။ ပဲအမျိုးမျိုး

စျေးနှုန်သက်သာသော ပေါများစွာဝယ်ယူနိုင်သော ပဲအမျိုးမျိုးမှာတော့ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေနိုင်ပြီး ခွန်အားဖြစ်စေတာမို့ နေ့စဉ်စားသုံးသောအစားတစ်နပ်မှာတော့ ပါဝင်စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။

အခုပြောပြပေးခဲ့တဲ့ အစားအစာ (၉) မျိုးဟာဆိုရင် နေ့စဉ်စားသောက်နေတဲ့ အစားအစာတစ်နပ်စီတိုင်းမှာ ဖြည့် စွက်စားသောက်ရတာ လွယ်ကူတာပါ မို့ သင့်ဦးနှောက်ကိုလည်း အစာကျွေးဖို့ မမေ့ပါနဲ့နော် …

By : Thinn Thiri San

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img