fb_icon

bnr_tob_1

2019.07.22FEATURE

သမိုင်းပုံရိပ်များကို ထမ်းပိုးထားသည့် ဝန်ကြီးများရုံး

ရန်ကုန်မြို့ သိမ်ဖြူလမ်းမ ပေါ်ရောက်ရင် အုတ်အနီရောင် တွေ၊ အဝါရောင်တွေ ရောယှက် ဆောက်လုပ်ထားတဲ့ ဗိသုကာ လက်ရာမြောက်လွန်းတဲ့ အ ဆောက်အအုံကြီးကို လူတိုင်း သတိထားမိမှာပါ။ ယခင် ဗြိတိသျှ ကိုလိုနီအစိုးရလက်ထက်မှာအုပ် ချုပ်ရေးဗဟိုချက်အဖြစ် အရေး ပါခဲ့တဲ့ အတွင်းဝန်ရုံးလို့လည်းခေါ် တဲ့ ဝန်ကြီးများရုံးဖြစ်ပါတယ်။

ဝန်ကြီးများရုံးဟာ ရန်ကုန် မြို့ရဲ့ သမိုင်းဝင်အထင်ကရ အဆောက်အအုံဖြစ်ပြီး ဗစ်တိုး ရီးယန်း-ကိုလိုနီဗိသုကာပုံစံရဲ့ စံပြလက်ရာတစ်ခုလည်း ဖြစ်ပါ တယ်။ ဗြိတိသျှအစိုးရရဲ့ အစိုးရရုံးစိုက်ရာနေရာတစ်ခုလည်းဖြစ် ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော်သက် တမ်းရှိ အဆောက်အအုံတစ်ခုဖြစ် ပါတယ်။

ဒါပေမဲ့ ဒီအဆောက်အအုံ ကြီးထဲမှာပဲ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီး များ လုပ်ကြံခံခဲ့ရတာကြောင့် မြန် မာပြည်သူတွေရဲ့ နှလုံးသားမှာ ဒီ အဆောက်အအုံကြီးဟာ ဝမ်း နည်းစရာ သမိုင်းပုံရိပ်အဖြစ် ပိုပြီး အမှတ်တရရှိနေပါတယ်။

ဒီအဆောက်အအုံကြီးထဲကို ပြည်သူတွေကို ဝင်ခွင့်မပေးဘဲ လုံခြုံရေး အစောင့်အကြပ်တွေနဲ့ ပိတ်ထားခဲ့တာ ၂၀ဝ၅ လောက် ကတည်းကပါ။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ အာဇာနည် နေ့တစ်ရက်မှာ ပြည်သူတွေလေ့ လာနိုင်ဖို့ စတင်ခွင့်ပြုပေးခဲ့ပါ တယ်။

အာဇာနည်နေ့ တစ်ရက် တည်းသာ ဖွင့်လှစ်ပေးတာမို့ စတင်လေ့လာခွင့်ပြုစ နှစ်တွေမှာ ဝန်ကြီးများရုံး ခြံဝင်းပတ်ပတ် လည်မှာ တန်းစီနေတဲ့လူတန်း ရှည်ကြီးကို မနက်အစောပိုင်းက နေ ညနေအထိ တွေ့ရတတ်ပါ တယ်။ ဝန်ကြီးများရုံးထဲ ဝင်လေ့ လာချင်တာကြောင့် တန်းစီစောင့် ဆိုင်းသူတွေမှာ အသက် (၇၀) အရွယ်လောက်ကနေ မူလတန်း ကလေးအရွယ်ထိ ပါဝင်ခဲ့ပါ တယ်။ လူများလွန်းတာကြောင့် မူးမေ့လဲကျတဲ့သူတွေတောင် ရှိခဲ့ ဖူးပါတယ်။

ဗိုလ်ချုပ်တို့လုပ်ကြံခံရချိန် ၁၀ နာရီ ၃၇ မိနစ်မှာ လမ်းမပေါ် သွားနေတဲ့ကားတွေဟာ ဟွန်း တီးပြီး ဝမ်းနည်းကြောင်းဖော်ပြ သလို တန်းစီနေတဲ့ လူတန်းရှည် ကြီးဟာ အဲဒီအချိန်မှာ ငြိမ်သက် ပြီး အလေးပြုကြတာဟာလည်း ကြက်သီးထဖွယ် မြင်ကွင်းတစ်ခု ပါပဲ။ ဝန်ကြီးများရုံးဝင်းထဲကို ဝင် လိုက်ရင်တော့ ဗိုလ်ချုပ်အောင် ဆန်းနဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေရဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို ပထမဆုံးမြင် တွေ့ရပါလိမ့်မယ်။ ဝန်ကြီးများရုံး အဆောက်အအုံအစည်းအဝေး ခန်းမကြီးမှာတော့ လုပ်ကြံခံခဲ့ရ တဲ့ အာဇာနည်ခေါင်းဆောင်ကြီး တွေ တာဝန်ယူခဲ့ကြတဲ့အပိုင်းနဲ့ တာဝန်ယူခဲ့ကြတဲ့ခုနှစ်တွေကို ပြ သထားတဲ့အပြင် ဝန်ကြီးများရုံး အတွင်းက အဆောက်အအုံ တွေနဲ့ပတ်သက်တဲ့ အချက်အ လက်တွေကိုလည်း ပြသထားပါ တယ်။ အစည်းအဝေးခန်းမရဲ့ ဘေးအခန်းတစ်ခုမှာတော့ ဗိုလ် ချုပ်အောင်ဆန်း လွတ်လပ်ရေး ရဖို့ကြိုးပမ်းခဲ့စဉ်က မှတ်တမ်း ဗီဒီယိုတွေကို ပရိုဂျက်တာနဲ့ပြသ ထားပါတယ်။

လှေကားကနေတစ်ဆင့် အ ပေါ်ထပ်ကိုရောက်တဲ့အခါအာဇာ နည်ခေါင်းဆောင်ကြီးတွေ လုပ် ကြံခံခဲ့ရတဲ့ အစည်းအဝေးခန်းကို တွေ့ရမှာပါ။ ဗိုလ်ချုပ်တို့လုပ်ကြံ ခံရတဲ့အချိန်ကရှိခဲ့တဲ့ စားပွဲတွေ၊ ထိုင်ခုံတွေကို ခင်းကျင်းပြသထား ပြီး လုပ်ကြံခံရစဉ်မှာ ထိမှန်ခဲ့တဲ့ ကျည်ဆန်ရာတွေကို မြားအနီတွေ နဲ့ အမှတ်အသားပြုလုပ်ပြသထား ပါတယ်။

အရင်က ဒီအခန်းကိုပြည်သူ တွေ လေ့လာခွင့်ပြုခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ဒီအခန်းဆီကို တက်ရမယ့်လှေကားက ကြံ့ခိုင်မှု အားနည်းနေတာကြောင့် တက် ကြည့်ခွင့်မပြုတော့ပါဘူး။ ဒါပေ မဲ့ အာဇာနည်နေ့မှာ ဒီအခန်း တွင်းမြင်ကွင်းတွေကို စီစီတီဗီ မှတ်တမ်းတင်ပြီး ပြည်သူကို ပရို ဂျက်တာနဲ့ ပြသပေးဖို့ စီစဉ်ထား တယ်လို့ ဝန်ကြီးများရုံးပြုပြင်ထိန်း သိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ဆိုပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က အသုံးအဆောင်ပစ္စည်းတွေဖြစ် တဲ့ လက်ကိုင်ပဝါ၊ မျက်မှန်၊ ဖောင်တိန်၊ မီးခြစ်၊ စာရွက်စာ တမ်းတချို့ကိုလည်း ပရိုဂျက်တာ နဲ့ ပြသမယ်လို့ဆိုပါတယ်။

ဝန်ကြီးများရုံးကို အာဇာ နည်ခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့ရာနေရာလို့ ပြည်သူတွေ နှလုံး သားမှာ စွဲထင်နေပေမယ့် ဝန်ကြီး များရုံးအဆောက်အအုံမှာ မြန်မာ နိုင်ငံရဲ့ အရေးပါတဲ့ တခြားသမိုင်း ပုံရိပ်တွေလည်း ရှိနေပါတယ်။

လွတ်လပ်ရေးရပြီး ပထမ ဆုံး မြန်မာနိုင်ငံတော်အလံကို ဒီဝန်ကြီးများရုံးအဆောက်အအုံ မှာ လွှင့်တင်ခဲ့ပါတယ်။ ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပထမဆုံး မြန် မာနိုင်ငံတော်အလံကို ဒီအ ဆောက်အအုံမှာ လွှင့်တင်ခဲ့တာ ပါ။

ဒါ့အပြင် ၁၉၅၁ ရွေး ကောက်ပွဲမှာ ဦးနုဟာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာပြီးတော့ ဝန် ကြီးများရုံးအဆောက်အအုံဟာ လည်း မြန်မာနိုင်ငံရဲ့ပထမဆုံး ပါလီမန်ဖြစ်ခဲ့ပါတယ်။ ဦးနုလက် ထက်က အသုံးပြုခဲ့တဲ့ပါလီမန် ကို ဝန်ကြီးများရုံးထဲမှာ အများ ပြည်သူလေ့လာနိုင်ဖို့ ဖွင့်လှစ်ပြ သထားပါတယ်။

ဝန်ကြီးများရုံးအဆောက်အ အုံကို ၁၈၉၆ က စတင်ဆောက် လုပ်ခဲ့တာဖြစ်ပြီး အနီရောင်နဲ့ အဝါရောင်အုတ်ခဲတွေကို အသုံး ပြုကာ ယူ (U) ပုံသဏ္ဌာန်ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။ ဝန်ကြီး များရုံးသစ်ကို မဆောက်လုပ်ခင် ယခင်အဟောင်းဟာ ကမ်းနား လမ်းမှာတည်ရှိခဲ့ပါတယ်။ ၁၈၈၆ မှာ အင်္ဂလိပ်တွေက အထက် မြန်မာပြည်ကို သိမ်းပိုက်လိုက်ပြီး နောက်မှာတော့ ကိုလိုနီအစိုးရရဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေဟာ ဆ တိုးများပြားလာခဲ့ပြီး ဝန်ကြီးများ ရုံးကိုတိုးချဲ့ဖို့ အရေးတကြီး လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ ကိုလိုနီအစိုးရဟာရုံးအသစ်တစ်ခု ကို တည်ဆောက်ဖို့ ဆုံးဖြတ်လိုက် ပြီး ဆောက်လုပ်ဖို့တာဝန်ကိုတော့ အစိုးရရဲ့ အများပြည်သူဆိုင်ရာအ ဆောက်အအုံတွေကို တာဝန်ယူ လုပ်ဆောင်တဲ့ အမှုဆောင် အင် ဂျင်နီယာ ဟင်နရီဟွိုင်းဖောက်စ် ကို ပေးခဲ့ပါတယ်။ ဟွိုင်းဖောက်စ် ဟာ သမ္မတအိမ်တော်၊ ရန်ကုန် ဆေးရုံကြီး၊ မူလတရားရုံးချုပ်တို့ အပါအဝင် အစိုးရအဆောက် အအုံများစွာကို ဒီဇိုင်းရေးဆွဲသူ ဖြစ်ပါတယ်။ ဝန်ကြီးများရုံးရဲ့ ပင်မအဆောက်အအုံကို ၁၉၀၂ မှာ အပြီးသတ်ခဲ့ပြီး အရှေ့နဲ့အ နောက်ဘက်အပိုင်းတွေကတော့ ၁၉၀၅ မှာ ပြီးဆုံးခဲ့ကာ မြန်မာ ငွေကျပ် ၂ ဒသမ ၅ သန်း ကုန်ကျ ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ဒီအဆောက်အအုံကို အမျိုးမျိုး သော ဝန်ကြီးဌာနများနဲ့ အစိုးရ ဌာနများအဖြစ် အသုံးပြုခဲ့ပါ တယ်။ ၂၀ဝ၅ က နေပြည်တော် ကို အစိုးရဌာနများ ပြောင်းရွှေ့ သွားတဲ့အခါ ဒီအဆောက်အအုံ ဟာ လုံးဝစွန့်ပစ်ခံရသလို ဖြစ်ခဲ့ပါ တယ်။ အစိုးရဌာနတွေဟာပြင်ပ ကတခြားအဆေ ာက်အအုံတွေဆီ ပြောင်းရွှေ့သွားခဲ့ပြီး ဝန်ကြီးများ ရုံးဟာလည်း အသုံးမပြုတော့တာ ကြောင့် ယိုယွင်းလာပါတယ်။

၂၀ဝ၈ က နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ခေါင်မိုးပိုင်း ဟာ ပျက်စီးသွားပြီး ယာယီပြင် ဆင်မှုတွေပဲ ပြုလုပ်ခဲ့ပါတယ်။ပြန် လည်ပြင်ဆင်တဲ့အခါမှာတော့ အမိုးပိုင်းရဲ့အများစုဟာ ကျွန်း သားအကောင်းစားတွေနဲ့ တည် ဆောက်ထားတာမို့ အကောင်း တိုင်းရှိနေသေးပေမယ့် တောင် ဘက်ပိုင်းဟာ ၂၁ လက်မနိမ့် သွားပါတယ်။

၂၀၁၂ မှာ မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်းမှာရှိ တဲ့ နိုင်ငံပိုင်အဆောက်အအုံတချို့ ကို ပြတိုက်၊ ဟိုတယ်စသဖြင့် ပြောင်းလဲဖွင့်လှစ်နိုင်ဖို့ နှစ်ရှည် ငှားရမ်းခွင့် လေလံတင်ရာမှာအ တွင်းဝန်ရုံးလည်း ပါဝင်ပြီးတော့ အနော်မာကုမ္ပဏီက လေလံ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၄ မှာ အနော်မာကုမ္ပဏီဟာ ဝန်ကြီး များရုံးအဆောက်အအုံကို ပြင် ဆင်ခွင့်ရပြီး ရန်ကုန်မြို့ပြအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT)ကလည်း မူလလက် ရာအတိုင်း စနစ်တကျ ပြန်လည် ပြင်ဆင်နိုင်ဖို့ ပညာရပ်ဆိုင်ရာ အ ကြံပြုချက်တွေကို ကူညီပေးနေ ပါတယ်။

ပြုပြင်မှုတွေ ပြီးစီးသွားရင် တော့ ဝန်ကြီးများရုံးဟောင်းကို အများပြည်သူ လေ့လာနိုင်တဲ့ ပြတိုက်အဖြစ် ဖွင့်လှစ်မှာဖြစ်ပြီး တချို့အစိတ်အပိုင်းတွေကို ရုံး ခန်းတွေ၊ စားသောက်ဆိုင်တွေ ဖွင့်ဖို့ငှားရမ်းမယ်လို့ အနော်မာ ကုမ္ပဏီက ရည်ရွယ်ထားပါတယ်။ ရုံးခန်း၊ ဆိုင်ခန်းဖွင့်လိုသူတွေ ကိုလည်း အခုစတင်ဖိတ်ခေါ် နေပါတယ်။

သမိုင်းဝင်အဆောက်အအုံ ကြီး ပြန်လည်ပြင်ဆင်နေတာကို ပြည်သူတွေအနေနဲ့ ကိုယ်တိုင် လေ့လာနိုင်ဖို့ Renovation Tour ကိုလည်း ၂ဝ၁၈ အောက်တိုဘာ ၂၆ ရက်ကစပြီး နေ့စဉ် ပိတ်ရက် မရှိ ဖွင့်လှစ်ထားပါတယ်။ ဝင် ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် လူကြီး ကျပ် ၃,ဝ၀ဝ၊ (၁၂) နှစ် အောက် ကလေး/ကျောင်းသား ကျပ် ၁,ဝ၀ဝ နှုန်းပေးရပြီးတော့ သွားရောက်လည်ပတ်ချင်တယ် ဆိုရင် Asia Tours Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေဖြစ် ဖြစ် ဒါမှမဟုတ် ဖုန်း ဝ၉၄၂၇၂၇ ၃၀၁၈၊ ဝ၁၈၃၉၈၄၂၀ တို့ကိုဖြစ် ဖြစ် ဖုန်းကြိုဆက်ပြီး စာရင်းပေး သွင်းနိုင်ပါတယ်။

(၇၂)နှစ်မြောက် အာဇာနည် နေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီး များရုံးကို ဇူလိုင် ၁၉ ရက်(အာဇာ နည်နေ့)ကနေ ၂၁ ရက်အထိ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အခမဲ့ဝင်ရောက်လေ့ လာခွင့်ပြုမယ်လို့ ဝန်ကြီးများရုံး က ကြေညာထားပါတယ်။

၂၀၁၈ မတိုင်ခင်လောက်အ ထိ ဒီအဆောက်အအုံရှေ့က ဖြတ်သွားတိုင်း တိတ်ဆိတ် ခြောက်ကပ်မှုကိုသာ ခံစားခဲ့ရပါ တယ်။ အရင် ချုံနွယ်တွေပေါက် နေတဲ့ ဝင်းထဲက အဆောက်အအုံ ဟောင်းကြီးဟာ ၂၀၁၈ နှစ်ဆန်း ပိုင်းလောက်မှာတော့ အရောင်အ သွေး ပြန်လည်သစ်လွင်လာပြီး အခုဆိုရင်ဗိသုကာလက်ရာတွေ ဟာ လည်း မူလဆောက်လုပ်ခဲ့စဉ် ကအတိုင်း ရုပ်လုံးပြန်ပေါ်စပြု လာနေပါပြီ။ သမိုင်းရဲ့ပုံရိပ်တွေ၊ အငွေ့အသက်တွေ ရှင်သန်နေဆဲ ဝန်ကြီးများရုံးအဆောက်အအုံကို သွားဖြစ်အောင် သွားပြီးလေ့လာ သင့်တယ်လို့ တိုက်တွန်းလိုပါ တယ်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img