2019.09.09LIFE&TREND
Cities : Skylines – Campus (PC)
ယခုတစ်ပတ်မှာ ထွက်ရှိလာတဲ့ ဂိမ်းကတော့ Cities : Skylines – Campus ဆိုတဲ့ အခွေလေးပါ။ ဒီဂိမ်းလေးကတော့ သာမန်အပစ်အခတ်၊ အထိုးအခုတ်ဂိမ်းတွေကို မူးနောက်ငြီးငွေ့တတ်တဲ့ ပရိသတ်တွေအတွက် ကြည်ကြည်လင်လင်နဲ့ အကြိုက်တွေ့စေမယ့် City-building, Construction and Management Simulation ဂိမ်းအမျိုးအစားလေးပါ။ နာမည်ကျော် Cities : Skylines စီးရီးအတွက် 8 ခုမြောက် Expansion Pack ဖြစ်ပြီး ဖန်တီးပေးတဲ့ Developer(s) ကတော့ Colossal Order အုပ်စုပါ။ Publisher ကတော့ simulation ဂိမ်းတော်တော်များများကို တင်ဆက်ပေးတဲ့ Paradox Interactive ကနေ ဖြန့်ချိပေးထားတာ ဖြစ်ပါတယ်။ ပလက်ဖောင်းတွေအနေနဲ့ကတော့ Microsoft Windows, macOS, Linux, Xbox One, PlayStation 4, Nintendo Switch တို့မှာပါ တစ်ပြိုင်တည်း ကစားနိုင်မှာပါ။

ဂိမ်းပလေးပုံစံကတော့ SimCity တို့လို ဆင်မြူလေးရှင်းဂိမ်းတွေရဲ့ထုံးစံအတိုင်း စိတ်ကူးဉာဏ်ရှိသလို အတွဲအစပ်တွေနဲ့ တီထွင်မှုတွေနဲ့ ခေတ်သစ်မြို့ပြတစ်ခုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လူနေဇုန်၊ စက်မှုဇုန် အစရှိတဲ့ အကွက်ချဇုန်တွေ ထုတ်ဖော်ရမှာဖြစ်သလို မြို့တွင်းမြို့ပြလမ်းတွေအပါအဝင် အဝေးပြေးလမ်းမကြီးတွေကိုလည်း ဖောက်လုပ်ရပါမယ်။ လမ်းပိုင်းဆိုင်ရာတွေကိုတော့ ဂရစ်ကွက်နဲ့ ကိုယ်လိုချင်တဲ့ အကျယ်အရှည် လမ်းဘေးအလှပင်တွေအပါ စကေးကိုက်လမ်းမတွေဖောက်နိုင်သလို ဖရီးဟန်းပုံစံနဲ့ လက်တန်းတီထွင်နိုင်အောင်လည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ အဆောက်အဦးတည်ဆောက်မှုအတွက်လည်း အဆင်သင့်တည်ဆောက်နိုင်တာတွေ ထည့်သွင်းထားသလို မိုးမျှော်တိုက်တွေလို ပုံစံသစ်တွေလည်း တီထွင်နိုင်ဦးမှာပါ။ လူနေမှုပတ်ဝန်းကျင်အတွက် ရှော့ပင်းစင်တာတွေ၊ ပန်းခြံတွေ၊ အများပြည်သူသုံး Public Service တွေလည်းပါ၀င်ပြီး ၀င်ကြေးတွေ၊ အခွန်အခကောက်ခံတာတွေ၊ မြို့ပြလူထုအတွက် ပေါ်လစီချမှတ်တာတွေပြုလုပ်ရင်း ၀င်ငွေလည်း ရှာဖွေရပါမယ်။ အများပြည်သူနဲ့ဆိုင်တဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးကဏ္ဍတွေလည်း ပါ၀င်မှာဖြစ်ပြီး ခေတ်သစ်မြို့ပြရဲ့ပြယုဂ်ဖြစ်တဲ့ မိုးပျံရထားလမ်း၊ ကားလမ်းအထပ်လိုက်တွေ၊ ကုန်းကျော်တံတားတွေလည်း တည်ဆောက်ခွင့်ရမှာ ဖြစ်ပါတယ်။

အခု Campus မှာတော့ ပညာရေးဝန်ဆောင်မှုပုံစံမျိုးဖန်တီးရမှာဖြစ်ပြီး အခြေခံကျောင်းတွေ၊ ကောလိပ်၊ တက္ကသိုလ်တွေ တည်ထောင်ရမှာပါ။ ကျောင်းသားတွေ ကျောင်းနေပျော်ရေးပါ လုပ်ဆောင်ပေးရမှာဖြစ်တာကြောင့် ကျောင်းနဲ့ပတ်သတ်တဲ့ စာကြည့်တိုက်လိုမျိုး၊ ပြတိုက်၊ သုတေသနလက်တွေ့ခန်းတွေလိုမျိုး ရှိရမယ့်အင်္ဂါရပ်တွေ၊ ဖြည့်ဆည်းပေးရမယ့် Facilities တွေကိုပါ ပြည့်စုံအောင်ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ မြေပုံပိုင်းမှာတော့ တက္ကသိုလ်အဆောင်တွေအလိုက် Murky Coast, Wolf Creek, Northwood Hills, Marin Bay, Roslyn Peninsula ဆိုပြီး 5 မျိုး ပါ၀င်မှာ ဖြစ်ပါတယ်။ ဋ္ဌာနကြီးတွေအနေနဲ့ 9 ခု ဖွဲ့စည်းပေးထားပြီး အားကစားကဏ္ဍတွေမှာ ရေကူး၊ ဘက်စကက်ဘော၊ ဘေ့စ်ဘော၊ ဘောလုံး စတဲ့ မိမိစိတ်ပါ၀င်စားရာလိုက်စားနိုင်ဖို့ Aquatics Center, Basketball Arena, Track and Field Stadium, Baseball Park, American Football Stadium ဆိုပြီး Arena 5 မျိုး ထည့်သွင်းပေးထားမှာပါ။ ပေါ်လစီသစ်တွေအနေနဲ့ မြို့ပြတည်ဆောက်ရေးပိုင်းမှာ 2 မျိုး၊ စာသင်ဆောင်ကဏ္ဍမှာ 4 မျိုး၊ အားကစားပေါ်လစီပိုင်း 3 မျိုး ထပ်မံပါ၀င်လာမှာ ဖြစ်ပါတယ်။ ကျောင်းတွင်းအားကစားပြိုင်ပွဲတွေ၊ သုတေသနပြိုင်ပွဲတွေပြုလုပ်ပြီး ဆုချီးမြှင့်ပွဲတွေ၊ နှစ်ပတ်လည်စုံညီပွဲတော်တွေ၊ ဘွဲ့နှင်းသဘင်တွေ စတဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ ပါတီပွဲတွေ၊ Ceremony တွေကိုလည်း အလျဉ်းသင့်သလိုကျင်းပရင်း ပညာရေးစျေးကွက်ကို ဆွဲဆောင်ရမှာပါ။

ဒီဂိမ်းလေးရဲ့ အဓိကဂရပ်ဖစ်ကို နာမည်ကျော် Unity ဂိမ်းအင်ဂျင်ကို အသုံးပြုထားပြီး ဆော့ကစားမယ်ဆိုရင်တော့ OS : Microsoft Windows XP/Vista/7/8/8.1 (64-bit), Processor : Intel Core 2 Duo, 3.0GHz or AMD Athlon 64 X2 6400+, 3.2GHz, Memory : 4GB RAM, Graphics : nVIDIA GeForce GTX 260, 512 MB or ATI Radeon HD 5670, 512 MB), Storage : 4GB အနည်းဆုံးလိုအပ်မှာ ဖြစ်ပါတယ်။ ၀ယ်ယူကစားမယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်တိုင်းက Excellent Softwares & Games ဆိုင်တိုင်းမှာ Cities : Skylines – Campus ခွေလေးကို ရရှိနိုင်ပါပြီ။
စာရေးသူ : GT (Excellent)
Credit : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

