2019.06.21SOCIAL
ဘာသာစကား မျိုးကွဲပေါင်း ၂ဝ ပါဝင်သော COMET Language Learning tablet ပြည်တွင်းဈေးကွက် ဝင်ရောက်
ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ ဘာသာစကား လေ့လာနေသူများ၊ Tourist Guide များအတွက် အသုံးဝင်ဆုံးသော မြန်မာဘာသာ သင်ကြားရေး အပါအဝင် ဘာသာစကားမျိုးကွဲပေါင်း ၂ဝ ပါဝင်သည့် ဘာသာစကားနှင့် ကျောင်းသင်ပညာသင်ကြားရေး အထောက်အကူပြု COMET အမှတ်တံဆိပ် Language Learning tablet တစ်မျိုး ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာကြောင်း သိရသည်။
COMET Language Learning tablet သည် အခြေခံပညာမူလတန်းမှ တက္ကသိုလ်အဆင့်အထိ ကျောင်းသင်ပညာရေးကို ကူညီပံ့ပိုးပေးနိုင်သည့်အပြင် အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့် အရာရှိများအတွက် Reference ပြုလုပ်နိုင်သည့် professional အဘိဓာန်မျိုးစုံ ပါဝင်ကြောင်း သိရသည်။
COMET Language Learning tablet သည် မြန်မာ၊ အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဂျာမန်၊ ပြင်သစ်၊ မလေး စသည့် ဘာသာစကားများ အပါအဝင် ဘာသာ စကား အမျိုး ၂ဝ နှင့် ပတ်သက်သော သင်ကြားရေးဆိုင်ရာ သင်ခန်းစာများ၊ ဘာသာစကားသင် ပရိုဂရမ်များ၊ အသံထွက် အဘိဓာန်များ ပါဝင်သည်။ အထူးသဖြင့် ဘာသာစကားတစ်ခုမှ အခြားဘာသာစကား တစ်ခုသို့ ဘာသာပြန်ဆို ပေးနိုင်သော စွမ်းဆောင်ရည်များ ပါရှိသည်။
နိုင်ငံတကာအဆင့်မီ ပညာရေးကို လေ့လာသင်ကြားနေသူများအတွက် အင်္ဂလိပ်ဘာသာစကား သင်ကြားမှု ဆိုင်ရာ text book များကို ထည့်သွင်းပေးထားရာ Grade 7 မှ 12 အထိ အစအဆုံး ပါဝင်သည်။ Text book များကို အသံထွက်မှန်စွာ ဖတ်ပြခြင်း၊ မိမိကိုယ်တိုင်လည်း လိုက်လံရွတ်ဆိုခြင်း၊ မိမိလိုက်ဆိုသော အသံထွက် မှန်၊ မမှန်ကို ပြန်လည် စစ်ဆေးနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များကိုပါ ဖော်ပြပေးထားသည်။ Text book ကို ဖတ်ရင်း မိမိမသိသည့် စကားလုံးများကိုပါ တစ်ပါတည်း ရှာဖွေနိုင်အောင်လည်း အဘိဓာန်များနှင့် ချိတ်ဆက် ပေးထားသည်။ ဘာသာရပ်ဆိုင်ရာ အဘိဓာန်များကိုလည်း ထည့်သွင်းပေး ထားရာ စုစုပေါင်း ၁၁၅ အုပ် ပါဝင်သည်။ စိုက်ပျိုးရေးဆိုင်ရာ၊ အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ၊ ဓာတုဗေဒ၊ ရူပဗေဒ အပါအဝင် အသုံးချ ပရော်ဖက်ရှင်နယ် အဘိဓာန်များစွာကို တစ်ထိုင်တည်း အသုံးချနိုင်ရန် စီမံပေးထားသည်။
မျက်နှာပြင် အရွယ်အစား ၇ လက်မရှိပြီး Resolution အနေဖြင့် 1280 x 800 high resolution ရှိသည့် အတွက် သုံးစွဲရလွယ်ကူသည်။ Processor အနေဖြင့် Dual Core 1.2 GHz သုံးထားပြီး အဘိဓာန် ရှာဖွေရာတွင်လည်းကောင်း၊ ဘာသာပြန်ဆိုရာတွင်လည်းကောင်း မြန်ဆန်စေသည်။ မှတ်ဉာဏ်ပမာဏမှာ 1GB ထားရှိပြီး Storage မှာ 32GB အထိ ရှိသဖြင့် application များစွာကို တစ်ပြိုင်တည်း ဖွင့်ထားပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ နောက်ထပ် ထည့်သွင်းလိုသည့် application များကိုလည်းစိတ်တိုင်းကျ ထည့်သွင်းနိုင်သည်။ ဓာတ်ပုံရိုက်ခြင်း၊ အသံသွင်းခြင်း၊ သီချင်းနားထောင်ခြင်းအပြင် Wi-Fi စနစ်ပါဝင်ပြီး အင်တာနက်ပါ အသုံးပြုနိုင်သည်။
COMET Language Tablet ကို တန်ဖိုး ၁၆၅,ဝ၀ဝ ကျပ်ဖြင့် အမြို့မြို့အနယ်နယ်ရှိ KMD Sales Centre များတွင် ဝယ်ယူရရှိနိုင်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း-ဝ၁-၃၈၁၁၂၉၊ ၃၈၁၀၃၅ (လိုင်းခွဲ-၁၂၄) သို့ဆက် သွယ် မေးမြန်းနိုင်သည်။
Credit : www.internetjournal.media
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

