2019.11.06SOCIAL
အသံတိတ် လူသတ်သမား (Depression)
၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းမှာရော တခြားနိုင်ငံများမှာပါ “ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ( Suicide )” လုပ်သွားပါတယ်ဆိုတဲ့ သတင်းမျိုးတော်တော်များလှပါတယ်။ အဲဒီသတင်းတွေကြားနေရတာ တကယ်ကိုကြွေလွင့်သွားသူတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ Depression (စိတ်ကျရောဂါ) က ဘယ်လိုလူတွေဖြစ်တတ်တာလဲ။ Depression (စိတ်ကျရောဂါ) က ဘယ်လိုအခြေအနေတွေမှာ ဖြစ်တတ်တာလဲ ဆိုတာကို သိချင်တဲ့သူတွေရှိလာနိုင်ပါတယ်။ အဲဒီမေးခွန်း (၂)မျိုးကို လေ့လာမိသလောက်နားလည်လွယ်အောင် အတိုချုံးပြီးပြန်လည်ရေးသားပေးပါမယ်။ Depression (စိတ်ကျရောဂါ) ဆိုတာအရမ်းကျယ်ပြန့်တယ်၊ ရှုထောင့်မျိုးစုံကနေလည်း ပါဝင်ပတ်သက်နေတော့ အခုတစ်ထိုင်တည်းရေးရုံနဲ့တော့ အကုန်နားလည်သွားမှာမဟုတ်ပါဘူး။ အဲတော့ နားလည်လွယ်နိုင်တဲ့အချက်တွေကိုပဲ လိုတိုရှင်းသဘောမျိုးပဲ ရေးသားထားသည့်အတွက် မပြည့်စုံမှုဖြစ်သွားနိုင်ပါတယ်။ အထက်ကပြောထားတဲ့ မေးခွန်း (၂)မျိုးကို ပြန်လည်ဖြေကြားချက်ကို ဆက်လက်ဖတ်ရှုလိုက်ပါ။
၁။ Depression (စိတ်ကျရောဂါ) က ဘယ်လိုလူတွေ ဖြစ်တတ်တာလဲ။
အတတ်ပညာရှင်၊ အသိပညာရှင်၊ ပညာမတတ်သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ အောင်မြင်သူ၊ ရှုံးနှိမ့်သူ စသည့် အလွှာပေါင်းစုံ ဖြစ်တတ်ပါတယ်။ တိကျတဲ့အဖြေပေးရရင်တော့ လူသားဖြစ်သော လူသားတိုင်းဖြစ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အစကတည်းက လူသားတိုင်းဖြစ်နိုင်တယ်လို့ ပြောလိုက်ရင်ရပါတယ်။ ဒါပေမဲ့ လူတွေက ကိုယ်ကိုကိုယ်သတ်သေပြီဆိုတာနဲ့ ပညာတတ်ခြင်းမတတ်ခြင်း၊ ချမ်းသာခြင်း၊ဆင်းရဲခြင်း စသည့်ဖြင့် နစ်နာသူနဲ့ကျန်ရစ်သူတို့အပေါ် မျိုးစုံထိုးနှက်ကြတာကို မြင်တွေ့နေရလို့ ရှင်းလင်းအောင်ရေးသားထားခြင်း ဖြစ်ပါတယ်။ အရွယ်မျိုးစုံဖြစ်ပွားနိုင်ပါတယ်။ လူငယ် နှင့် လူလတ်ပိုင်းကတော့ ဖြစ်ပွားမှုရာခိုင်နှုန်းပိုများပါတယ်။ သက်ကြီးပိုင်းကတော့ ဖြစ်ပွားတတ်ပေမဲ့ အဖြစ်နည်းပါတယ်။
၂။ Depression (စိတ်ကျရောဂါ) က ဘယ်လိုအခြေအနေတွေမှာ ဖြစ်တတ်တာလဲ။
ဆင်းရဲတဲ့သူကလည်းဆင်းရဲနေလို့၊ ချမ်းသာပေမဲ့လည်း ပျော်ရွှင်စရာမရှိလို့၊ ကျန်းမာရေးမကောင်းလို့၊ မိမိရဲ့လိင်စိတ်တိမ်းညွတ်မှုကြောင့် အရှက်ရနေလို့၊ ထိန်းချုပ်နေရလို့၊ ချစ်သူနဲ့အဆင်မပြေလို့၊ မိသားစုရေးစိတ်ဖိစီးနေလို့၊ အိမ်ထောင်ရေးပြသာနာရှိနေလို့ စသည့် ဝမ်းနည်းသောကရောက်မှု (grief)၊ မျိုးရိုးဗီဇအရ (genetic)၊ ဟော်မုန်းအပြောင်းအလဲ (changes in hormones levels)၊ စိတ်ဖိစီးမှု (Stress)၊ နာတာရှည်ရောဂါ (chronic illnesses)၊ မူးယစ်ဆေးသုံးစွဲမှု (substance abuse) စသည့်ဖြင့် အမျိုးမျိုးသော အခက်အခဲကိစ္စတွေကြောင့်၊ တစ်ခုထက်ပိုသော အခက်အခဲတွေကြောင့် ဖြစ်ပါလာခြင်း ဖြစ်ပါတယ်။ အခုလို Social Media ခေတ်မှာတော့ Cyber Bullying၊ Body Shaming တွေကလည်း အဓိကပါဝင်နေပါတယ်။ ကိုယ်၊နှုတ်၊အမူအရာ မစောင့်ထိန်းနိုင်တဲ့လူစုကြောင့်လည်း လူဘယ်နှစ်ယောက်လောက် သေဆုံးနေတယ်ဆိုတာ သင်တို့သတိထားမိပါရဲ့လား။
Depression (စိတ်ကျရောဂါ) ရနေတဲ့ သူတွေကိုအပေါ်ယံကြည့်ရုံအားဖြင့် မသိနိုင်ပါဘူး။ မိမိပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ်၊ မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် Depression (စိတ်ကျရောဂါ) ဖြစ်မဖြစ်သိနိုင်မဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Depression (စိတ်ကျရောဂါ) ပထမအဆင့်
၁။ ဒေါသဖြစ်လွယ်ခြင်း
၂။ တက်ကြွလန်းဆန်းမှုမရှိတော့ဘဲ အလုပ်မှာစိတ်အာရုံစုစည်းမရခြင်း နှင့် မိမိဝါသနာပါရာ လုပ်လေ့လုပ်ထအရာများကို စိတ်မဝင်စားတော့ခြင်း
၃။ ပင်ပန်းနွမ်းလျပြီး တစ်ကိုယ်လုံးညောင်းညာနေတတ်ခြင်း
၄။ အစာစားခြင်း နှင့် အိပ်စက်မှုပုံစံပြောင်းလဲသွားခြင်း
၅။ မိမိကိုယ်ကို မျှော်လင့်ချက်မဲ့လာပြီး ကိုယ့်ကိုကိုယ်အပြစ်တင်နေတတ်ခြင်း
၆။ ဘယ်မှမသွားချင်မလာချင်၊ မတွေ့ချင်ဘဲ တစ်ယောက်ထဲနေချင်လာခြင်း
Depression (စိတ်ကျရောဂါ) ဒုတိယအဆင့်
ပထမဆင့် ဖြစ်ပေါ်ခြင်းအပြင် မိမိကိုယ်ကိုအဆိုးမြင်စိတ်ပြင်းထန်လာပြီး အလုပ်နှင့်မိမိဘဝနေထိုင်မှုတွေမှာ ထိခိုက်တာပြီဆိုလျှင်တော့ စိတ်ရောဂါ အထူးကု ဆရာဝန် Psychiatrist သို့မဟုတ် စိတ်ရောဂါကုသခွင့်လိုင်စင်ရထားတဲ့ စိတ်ပညာရှင် Psychologist တို့နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ဆေးပုံမှန်သောက်ခြင်း နှင့် ဆွေးနွေးတိုင်ပင်ခြင်းတို့ကြောင့် သက်သာလာနိုင်ပါတယ်။
Depression (စိတ်ကျရောဂါ) နောက်ဆုံးအဆင့်
ပထမအဆင့် နှင့် ဒုတိယအဆင့်တွေအပြင် သွေး၊ လေ ခြောက်ခြားပြီး ထင်ယောင်ထင်မှားတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ တစ်ယောက်ထဲနေချင်စိတ်ဖြစ်လာပြီး တစ်ယောက်ထဲနေချိန်များတွင်လည်း သေချင်စိတ်တွေအမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါလိမ့်မယ်။ နောက်ဆုံး ကိုယ့်ကိုကိုယ်သတ်သေသွားသည့်အထိ ဆိုးဝါးသွားနိုင်ပါတယ်။
စိတ်ညစ်၊ စိတ်ဖိစီးတိုင်းတော့ Depression (စိတ်ကျရောဂါ) မဟုတ်နိုင်ပါဘူး။ အထက်ပါ လက္ခဏာမျိုးတွေကို နှစ်ပတ်လောက်အကြာထိ ဖြစ်ပေါ်နေလျှင်၊ ထိုလက္ခဏာတွေက ပျောက်သွားပြီး ပြန်ပေါ်လာလျှင် ဆရာဝန်များဖြင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဆရာဝန်လည်းပြသဖို့လိုသလို မိမိကိုယ်တိုင်ကလည်း တရားထိုင်ခြင်း၊ အားကစားလှုပ်ရှားမှုလုပ်ခြင်း၊ မြူးကြွသောတေးဂီတများနားထောင်ခြင်း၊ ခရီးထွက်ခြင်းများ ပြုလုပ်ပြီး စိတ်ကိုအနားပေးလိုက်ပါ။ ထိုရောဂါသည် စိတ်ကြောင့်ဖြစ်ပွားသည့်အတွက် မိမိစိတ်ကိုမိမိအနိုင်ယူခြင်းဖြင့်သာ ပျောက်ကင်းနိုင်ပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ဖြစ်နေမှန်းမသိခြင်း၊ သိပြီးတိုင်ပင်ဆွေးနွေးခြင်းမရှိလျှင် ထိုရောဂါလက္ခဏာများကို လချီပြီးခံစားရတဲ့အခါမှာတော့ ကိုယ့်ကိုကိုယ်သတ်သေခြင်းမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။
Depression (စိတ်ကျရောဂါ) ဖြစ်နေသူများသည် သူတို့ခံစားချက်တွေကို သွယ်ဝှက်သောနည်းတွေဖြင့် တခြားသူတွေယုံကြည်မလားဆိုတဲ့စိတ်ဖြင့် ပြောဆိုတတ်ကြပါတယ်။ သူတို့ပြောကြည့်တဲ့သူက အရေးမပါသလိုပြောဆိုခြင်း၊ ပျက်ရယ်ပြုခြင်းများလုပ်လိုက်ခြင်းကြောင့် သူတို့ကဘယ်သူ့ကိုမှ ရင်ဖွင့်ပြောဆိုခြင်းမရှိတော့ဘဲ တစ်ယောက်ထဲ တစ်အုံနွေးနွေးနဲ့ခံစားပြီး အဆိုးဆုံးတွေဖြစ်သွားကြခြင်း ဖြစ်ပါတယ်။ အဓိကကတော့ ယုံကြည်ရတဲ့ရင်ဖွင့်ဖော်မရှိခြင်းက အစပြုခြင်းဖြစ်ပါတယ်။ ဆေးကုသမှုခံယူနေချိန်မှာလည်း မိသားစုနှင့်မိမိပတ်ဝန်းကျင်က နားလည်အားပေးဖေးမပေးဖို့က အဓိကကျပါတယ်။ တခြားသူအတွက် ကိစ္စသေးသေးလေးက စိတ်ကျရောဂါဖြစ်နေသူအတွက် အရမ်းခံစားရတဲ့ကိစ္စအကြီးကြီး ဖြစ်နေတတ်ပါတယ်။ အားပေးဖေးမရမယ် ဆိုသည့်မှာလည်း “ ဘာမှမဖြစ်ဘူး အေးဆေးပါစိတ်ညစ်စရာမလိုဘူး၊ ပြန်ကြိုးစားလိုက်၊ အဲဒါတွေကစိတ်ညစ်စရာမလိုဘူး” စသည့်ဖြင့် အလေးမထားသလိုပေါ့ပေါ့လေးပြောခြင်းကလည်း ထိုသူတွေကို စိတ်ဖိစီးစေပါတယ်။ စိတ်ကျရောဂါဖြစ်နေသူတို့ရဲ့ စကားကိုသေချာလေးလေးနက်နက်နားထောင်ပေးပြီး ဆွေးနွေးသလိုလေး အေးအေးဆေးဆေးပြောပေးပါ။ ကိုယ်ကချည်ပဲ တရားဟောသလို ဆုံးမသလိုပုံစံမျိုးတွေ ရှောင်စေချင်ပါတယ်။
တစ်ကမ္ဘာလုံးမှာလည်း Depression (စိတ်ကျရောဂါ) ကြောင့်သေဆုံးသူဦးရေများပြားလာမှုကြောင့် လူသားတိုင်းကစိတ်ကျရောဂါနဲ့ပတ်သက်ပြီး သိရှိနားလည်အောင်လေ့လာမှုများ ပြုလုပ်ပြီး “ စိတ်ကျရောဂါ : ကမ္ဘာလုံးဆိုင်ရာ အရေးကြီးဆုံးအချိန် ( Depression : A Global Crisis ) ” ဆောင်ပုဒ်လေး အတိုင်း လူသားများအားလုံး ပူးပေါင်းပါဝင်ပြီး “ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ( Suicide )” ဦးရေ လျော့ကျအောင်လုပ်ခြင်းဖြင့် ကမ္ဘာကြီးကိုအကျိုးပြုစေကြောင်း ပြောကြရင်း အဆုံးသတ်လိုက်ပါတယ်။
By : Yathaw
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

