fb_icon

bnr_tob_1

2019.08.26FEATURE

ဒူဘိုင်း သွားမယ်ဆို ဒါတွေရှောင် 🙅

၁။ လက်ဝဲ ဘက်မသုံးနဲ့
လက်ဆွဲနှုတ်ဆက်ရင်ပဲဖြစ်ဖြစ် တစ်ခုခု လက်ကမ်း လက်လှမ်းရင်ပဲဖြစ်စေ လက်ဝဲဘက် ကို လုံးဝအသုံးမပြုပါနဲ့နော်။ အစားအသောက် ပေးကမ်းတာ ယူလှမ်းတာဆိုရင် ပိုသတိထားရပါမယ်။ ဒေသခံတွေက လက်ဝဲဘက်သုံးခြင်းကို အလွန်ရိုင်းတယ်လို့သတ်မှတ်ပါတယ်။

၂။ ခေတ်ဆန်စွာဝတ်စားခြင်းကို ရှောင်

ဂါဝန်တိုဝတ်တာ လည်ပင်းအဟိုက်ဝတ်တာ အတိုအပြတ်ဝတ်တာမျိုးတွေဟာ အထူးအဆန်းမဟုတ်တော့ပါဖူး။ ဒူဘိုင်းကရာသီဥတုအပူနဲ့ စိတ်ထင်တိုင်းသက်သာအောင်ဝတ်လိုက်မယ် စဉ်းစားတိုင်း ဒေသခံအမျိုးသမီးတွေကို တစ်ချက်ကြည့်ပေးပါနော်။ ဒူဘိုင်းမှာတော့ Public Area များဖြစ်တဲ့ ဈေးဝယ်စင်တာတွေ ဗလီတွေ ပန်းခြံတွေ ကမ်းခြေတွေမှာတောင် မလုံမခြုံဝတ်စားမယ်ဆိုရင် အမြင်မတင့်တယ်မှုနဲ့ ထောင်ထဲမှာသွားရနိုင်ပါတယ်။

၃။ Snap တွေလျှောက်မရိုက်နဲ့

ဒူဘိုင်းမှာ ဓါတ်ပုံရိုက်မယ်ဆို ခွင့်တောင်းပါ။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေကိုဆိုပိုသတိထားရပါယ်နော်။ Snap တွေလျှောက်ရိုက်ရင်း ဒူဘိုင်း ထောင်ထဲ အလည်သွားရနိုင်ပါတယ်နော်။

၄။ မနမ်းနဲ့
Public Area တွေမှာ လုံးဝလုံးဝ မနမ်းပါနဲ့နော်။

၅။ လူကြားထဲမှာ မကနဲ့

Public Area တွေမှာ ခွင့်ပြုချက်မယူပဲ ကမိမယ်ဆိုရင် အပြစ်ပေးခံရပါမယ်နော်။

၆။လူကြားထဲမှာ အစာမစားနဲ့

Public Area တွေမှာ အစာ စားခြင်းကိုတားမြစ်တာကတော့ မဆန်းတော့ပါဖူး။ ဒါပေမယ့် ဒူဘိုင်းမှာတော့ ဘာသာရေးအရ အစာရှောင်တာမျိုးတွေရှိတာမို့ ဧည့်သည်တွေကို ပိုမိုသတိထားရပါမယ်နော်။ ပီကေတောင် ဝါးလို့မရပါဖူး။ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုစားသောက်ခွင့်ပြုထားပေမယ့် ရှောင်တာအကောင်းဆုံးပါပဲ။

၇။ သောက်နေကျ ဆေးတွေယူရင် ဆေးညွှန်းမမေ့နဲ့

ဆေးဝါးသယ်ဆောင်ခွင့်ကို ပြင်းထန်းစွာ တားမြင့်ထားတဲ့ ဒူဘိုင်းကိုသွားမယ်ဆိုရင် ဆရာဝန်ဆေးစာပါဝင်တဲ့ ဆေးတွေကိုပဲယူသွားပါနော်။ ဆေးစာမပါရင်တော့ လေဆိပ်အဝင်မှာတင် စစ်ဆေးမေးမြန်းတာတွေ ခံရမှာပါ။

၈။ အရက်သေစာ နဲ့ မူးယစ်ဆေးဝါး

ဆေးလိပ်နဲ့ အရက်သေစာကိုလည်း သတ်မှတ်ထားတဲ့နေရာကလွဲရင် လူအများကြားမှာ သုံးစွဲခွင့်မရှိပါဖူး။ မူးယစ်ဆေးဝါးကတော့ လုံးဝကိုတားမြင့်ထားပါတယ်။

၉။ ဝက်သား နဲ့ အဖော်အချွတ် မဂ္ဂဇင်း

ခရီးသွားဖို့ ပြင်ဆင်တဲ့အခါ ဝက်ပေါင်ခြောက်အပါအဝင် ဝက်သားနဲ့ဆိုင်တဲ့ အစားအသောက်တွေ ယူဆောင်ခွင့်မရှိတာကို သိထားပါ။ အဖော်အချွတ် မဂ္ဂဇင်း နဲ့ အခွေတွေလည်း ဖမ်းမှာပါနော်

၁၀။ ရိုင်းဆိုင်းစွာ ပြောဆိုခြင်း နှင့်ပြုမူခြင်း

ဘန်းစကားပြောဆိုမှုတွေ ဆဲဆိုမှုတွေကို အင်မတန်သတိထားရပါမယ်။ ကိုယ်အမူအယာနဲ့လည်း ပြသခြင်းကို ရှောင်ကျရပါမယ်။ အစ္စလာမ်ဘာသာနဲ့ ပတ်သတ်ပြီး ဝေဖန်ပြောဆို စော်ကားခြင်းများ တော်ဝင်မျိုးနွယ် အကြီးအကဲများကို ဝေဖန်ခြင်းများကိုလည်းလုံးဝမလုပ်ရပါဖူး။ စိတ်မထိန်းနိုင်လို့ လုပ်မိပြီဆိုရင် သင့်အားလပ်ရက်တွေက ထောင်ထဲမှာ ကုန်ဆုံးသွားပါလိမ့်မယ်နော်။

၁၁။ အိမ်ထောင်သည်မဟုတ်ပဲ တစ်ခန်းတည်းမနေနဲ့

၂၀၁၉ရဲ့ ဒူဘိုင်းမှာ ရှောင်ရမယ့်အချက်တွေထဲမှာ ထိပ်ဆုံးက ပါဝင်နေတာကတော့ အိမ်ထောင်မပြုရသေးပဲ တစ်ခန်းတည်းမှ စုံတွဲတွေနေမယ်ဆိုရင်လည်း ထောင်ကျနိုင်ပါတယ်ခင်ဗျာ။

အခုပြောပြခဲ့တာလေးတွေကတော့ ထူးဆန်းခမ်းနားတဲ့ ဒူဘိုင်းကိုအလည်သွားမယ်ဆို သတိထားဆောင်ရန် အချက်လေးတွေပဲဖြစ်ပါတယ်ခင်ဗျ။

UAE #Dubai #Travels #Things_Not_to_Do_in_Dubai #ဒူဘိုင်းခရီးစဉ် #ဒူဘိုင်း

By : Thin Thiri San

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img