fb_icon

bnr_tob_1

2019.06.28LIFE&TREND

သင်သေသွားပြီးချိန်မှာ Facebook အကောင့်လည်း တစ်ပါတည်းဖျက်ပြီးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ

ဒါက Facebook ကို အဓိကဆိုရှယ်မီဒီယာအဖြစ် သုံးနေတဲ့ ကျွန်တော်တို့လို မြန်မာနိုင်ငံသားတွေအတွက် အားရကျေနပ်ဖို့ကောင်းတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင်သေဆုံးသွားတဲ့အချိန်မှာ သင့် Facebook အကောင့်က ဘယ်လိုဖြစ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး စိတ်မဝင်စားဘူးလား။

ဒါပေမယ့် သေခြင်းအတွက် ကျွန်တော်တို့ ပြင်ဆင်နေရသလိုမျိုးပဲ Facebook အကောင့်အတွက်လည်း ပြင်ဆင်ထားမယ်ဆိုရင် သိပ်အထူးအဆန်းကိစ္စ မဟုတ်တော့ပါဘူး။

ယခု Facebook မှာ စနစ်တွေ အများကြီး ပါ၀င်ပါတယ်။ သင့် Page ကို အမှတ်တရစာမျက်နှာတစ်ခုအဖြစ်သော်လည်းကောင်း၊ သင်သေဆုံးသွားပြီးချိန်မှာ အလိုအလျောက်ပျက်သွားအောင်လည်းကောင်း လုပ်ဆောင်ထားလို့ ရပါတယ်။

အရာအားလုံးက သင့်ရဲ့အစီအစဉ်အပေါ်မှာဘဲ မူတည်ပါတယ်။ သင်ဘယ်လို စီစဉ်မလဲ။

သင်ကွယ်လွန်သွားချိန်မှာ သင့်အကောင့်ပျက်သွားအောင် ဘယ်လိုလုပ်မလဲ။

သင်ကွယ်လွန်သွားပြီးချိန်မှာ သင့်အကောင့်ပျက်သွားအောင် လုပ်မယ်ဆိုရင် အောက်ပါအချက်အတိုင်း အလွယ်တကူလုပ်ရုံပါပဲ။

(1). Facebook အကောင့်ထဲသို့ဝင်ပါ။ ပြီးရင် Setting ထဲသို့ဝင်ပါ။

(2). Manage Account ကို ကလစ်လုပ်ပါ။

(3). ယင်းမှာ အောက်ဆုံးသို့ ဆွဲချလိုက်ပါ။ Request that your account be deleted after you pass away ကိုနှိပ်ပါ။

(4). နှိပ်ပြီးချိန်မှာ အောက်ပါစာ ပေါ်လာပါမယ်။ Please confirm that your want your account deleted after your death. Once someone lets us know that you passed away,all of your info,photos and posts will be permanently removed from Facebook and no one will be able to see your profile again. ဆိုတဲ့စာသား ပေးပို့ပေးပါလိမ့်မယ်။

(5). တကယ်လို့များ ဆက်လုပ်ချင်သေးတယ်ဆိုရင် Delete After Death ကို နှိပ်လိုက်ရုံပါပဲ။

သင့် Profile ကို အမှတ်တရစာမျက်နှာအဖြစ် ဘယ်လိုလုပ်မလဲ။

တကယ်လို့များ သင်သေဆုံးသွားပြီးချိန်မှာ သင့်အကောင့်ပျက်သွားတာမျိုး မလိုချင်ဘူးဆိုရင်လည်း သင့်အကောင့်ကို အမှတ်တရစာမျက်နှာအဖြစ် ချန်ထားခဲ့လို့ ရပါသေးတယ်။

(1). Facebook အကောင့်ထဲဝင်ပြီး Setting ထဲသို့ သွားပါ။

(2). ပြီးရင် Manage Account ကို နှိပ်ပါ။

(3). Search Box ရဲ့ Choose a Friend မှာ သူငယ်ချင်းများကိုရွေးပြီး Add လုပ်လိုက်ပါ။

(4). သင်ရွေးချယ်လိုက်တဲ့ Contact များဟာ အကြောင်းအရာနှင့်ပတ်သက်ပြီး ရှင်းလင်းထားတဲ့စာ ရရှိပါမယ်။ သူတို့ဟာ သင့်အကောင့်က အမှတ်တရစာမျက်နှာဖြစ်သွားချိန်မှာ Notification ရရှိပါမယ်။

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img