2019.08.26LIFE&TREND
FIFA 20 (PC)
စာရေးသူ: GT (Excellent)
ဒီကနေ့မှာ ဂိမ်းအမျိုးအစားတွေဘယ်လောက်ပဲများများ ခေတ်အဆက်ဆက်မှာရိုးအီမသွားဘဲ အမြဲတမ်း ဈေးကွက်ဝင်နေတာကတော့ ဘောလုံးဂိမ်းတွေပါ။ ဒီထဲမှာမှ Electronic Arts ကနေပွဲထုတ်ပေးတဲ့ FIFA စီးရီးကတော့ Top (10) စာရင်းမှာ ထိပ်ဆုံးကလိုဦးဆောင်နေပြီး ပရိသတ်အများစုအသည်းစွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ နာမည်ကျော် FIFA စီးရီး ရဲ့ (27)ခွေမြောက် တင်ဆက်မှုဖြစ်တဲ့ FIFA 20 ကိုလည်း အခုဆိုရင် အပြီးသတ်ပြင်ဆင်မှုတွေပြုလုပ်နေ ပြီဖြစ်ပြီး မကြာခင် စက်တင်ဘာလအတွင်းမှာ ပရိသတ်ရှေ့မှောက်ကို ဖြန့်ချိ ပေးတော့မှာဖြစ်ပါတယ်။ FIFA 20 ကို ဖန်တီးပေးထားတဲ့ Developer ကတော့ EA Vancouver နဲ့ EA Romania အုပ်စုဖြစ်ပြီး Publisher(s) ကတော့ မူပိုင် EA Sports ပါ။ ဂိမ်မာအားလုံးစိတ်ကျေနပ်စေဖို့ Microsoft Windows သမားတွေအပြင် Nintendo Switch, PlayStation 4, Xbox One ပလက်ဖောင်းစုံ အတွက် တစ်ပြိုင်တည်းပွဲထုတ်ပေးမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးရဲ့ Regular Edition ကို ရီးရဲလ်မက်ဒရစ်ရဲ့ ရှေ့တန်းတောင်ပံတိုက်စစ်မှူး Eden Hazard ရဲ့ပုံနဲ့ဖြန့်ချိမှာဖြစ်ပြီး Champions Edition မှာတော့ လစ်ဗာပူးလ် နောက်ခံတံတိုင်း Virgil van Dijk ကို ကာဗာအဖြစ်ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်၊ ရီးရဲလ် တို့ရဲ့ ကွင်းလယ်ဂန္တဝင်ကစားသမားဟောင်း Zinedine Zidane ကိုလည်း Ultimate Edition ရဲ့ ကာဗာရှင် အဖြစ် ထည့်သွင်းပေးသွားမှာပါ။

FIFA 20 မှာ ယခင် Features များအပြင် ထပ်မံပါဝင်လာတာကတော့ ဖန်တီးမှုအသစ်ဖြစ်တဲ့ Game Mode VOLTA Football ပါ။ ယခင်က FIFA Street series များလို ရပ်ကွက်တွေက လမ်းဘေးဝါသနာရှင် ဘောလုံး သမားလူငယ်များကို ကျား/မ၊ အဝတ်အစား၊ ဦးထုပ်၊ တက်တူး အစရှိတဲ့ဒီဇိုင်းစုံ စိတ်ကြိုက်ဖန်တီးနိုင်ပြီး တစ်ဖက် (3)ဦးစီပဲဖြစ်ဖြစ်၊ (4)ဦးချင်းဖြစ်ဖြစ်၊ (5)ဦးစီပဲကန်ကန် ဖူဆယ်ကွင်းသေးဘောလုံးဥပဒေနဲ့အညီ ဆော့ကစားခွင့် ရတော့မှာဖြစ်ပါတယ်။ မိမိဖန်တီးထားတဲ့ ဇာတ်ကောင်ကိုလည်း ယခင် FIFA 19 ရဲ့ The Journey လိုမျိုး storyline လည်း ဖန်တီးဆော့ကစားနိုင်မှာပါ။ ပုံမှန် လိဂ်ပွဲကြီးတွေအတွက် ပင်နယ်တီတွေ၊ ဖရီးကစ်ပိုင်းတွေရဲ့ ဂိမ်း Mechanics တွေကိုလည်း အဆင့်မြှင့်တင်ထားမှာဖြစ်ပြီး Passing, Shooting, Dribbling, Speed စတဲ့ တစ်ဦးချင်းစကေးတွေလည်း Live ပိုမိုဖြစ်လာမယ်လို့ဆိုပါတယ်။

Ultimate Team mode မှာတော့ Didier Drogba, Ian Wright, Ronald Koeman, Andrea Pirlo, Zinedine Zidane, Carlos Alberto Torres စတဲ့ နာမည်ကျော် (15)ဦးရဲ့ Icon တွေကို မြင်တွေ့ရမှာပါ။ ခြွင်းချက်အနေနဲ့ ဂျူဗင်တပ်စ် ဟာ PES 2020 နဲ့လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့အတွက် FIFA 20 ဗားရှင်းမှာ ပါဝင်ခွင့်မရတော့တာပဲဖြစ်ပါ တယ်။ ဒါ့အပြင် Xbox 360 နဲ့ PlayStation 3 အတွက်လည်း ထုတ်ဝေဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ Official League, Official Teams, Stadium တွေကို ထုတ်ပြန်ခြင်းမရှိသေးဘဲ အပြီးသတ်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ အစဉ်အလာကောင်းပြီး ရသသစ်တွေကို အမြဲပေးလေ့ရှိတဲ့ FIFA စီးရီးရဲ့ (2020)ဗားရှင်းကို လာမယ့် စက်တင်ဘာနောက်ဆုံးပတ်အတွင်းမှာ ကြိုတင်စောင့်မျှော်နိုင်ပြီ ဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

Creditb : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

