2019.05.28SPORTS
ဗိုလ်ချူပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်
2019 ရာသီ ဗိုလ်ချူပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်း ၊ ရခိုင်ယူနိုက်တက်အသင်း နှင့် Magwe FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း က ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
အောင်ဆန်းကွင်းမှာ ကျင်းပသည့်ပွဲစဉ်တစ်ပွဲအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီ ယူနိုက်တက်အသင်းကို နှစ် ဂိုး တစ် ဂိုးဆိုသော ရလဒ်ဖြင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
ခြေစွမ်းပိုင်းအရ မကွာခြားသော အသင်းနှစ်သင်းတွေ့ဆုံယှဉ်ပြိုင်ခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို နာကြဉ်အချိန်ပို လေးမိနစ်အတွင်း အသင်းခေါင်းဆောင် ဒေးဗစ်ထန်းရဲ့ ထောင့်ကန်ဘောမှ တစ်ဆင့် မက်ဆီမင် ရဲ့ ခေါင်းတိုက်သွင်းယူခဲ့သော ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း ယခုနှစ်တွင် ရှုံးကြွေးအား ပြန်ဆပ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ယခုယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက် နှစ်သင်းလုံးဟာ ပွဲစသည်နှင့် တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် လေးမိနစ်အတွင်းမှာ ရှမ်းယူနိုက်တက်အသင်းရဲ့ ပေါ့လျှော့မူကနေ ဟံသာဝတီယူနိုက်တက်အသင်းက အဝေးကန်ချက်ဖြင့် ရန်နိုင်အောင်က ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။
ယခုနှစ်ရာသီတွင် ရှမ်းယူနိုက်တက်အသင်းက ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ခေါ်ယူထားသည့် နိုင်ငံခြား ကစားသမားဖြစ်သော နောက်ခံလူ ဝီလျံ ၊ ကွင်းလယ်ကစားသမား မက်ဆီမင်၊ တိုက်စစ်မှူး အီမန်နျူ ရယ် တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့ပြီး ၎င်းနှင့် အပြိုင်ဖြစ်သော ဟံသာဝတီ ယူနိုက်တက် အသင်းမှာလည်း နိုင်ငံခြား ကစားသမား သုံးဦးနှင့် လူစုံပါဝင်ကစားခဲ့ကြသည်ကို တွေ့ရှိရပါတယ်။
ပထမပိုင်းမှာ ဟံသာဝတီယူနိုက်တက်အသင်းက ရန်နိုင်အောင် သွင်းယူခဲ့သော ဦးဆောင်ဂိုးဖြင့် ထိန်းကစားသော်လည်း ဒုတိယပိုင်းအစတွင် ရှမ်းယူနိုက်တက်အသင်းက ဇင်မင်းထွန်းအစား ဆွမ်လမန်ကို အစားထိုးကစားစေပြီး တိုက်စစ်ကိုမြှင့်ကစားခဲ့ရာ ပွဲချိန် ၅၃ မိနစ်တွင် ဆွမ်လမန်က ချေပဂိုးကို ပြန်လည်သွင်းယူခဲ့သည်။ ချေပဂိုး ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ပွဲကို ပိုဖိအားပေးကစားနိုင်ခဲ့ပြီး ဟံသာဝတီအသင်းအနေဖြင့် ဂိုးထပ်မံရရှိဖို့ ရုန်းကန်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ဟံသာဝတီယူနိုက်တက်အသင်းကို ပိုမိုဖိအားပေးကစားခဲ့ရာ ပွဲပြီးချိန် အချိန်ပို မိနစ်မှာပဲ အနိုင်ဂိုးသွင်းယူကာ ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သည်။
သုဝဏကွင်းတွင် ယှဉ်ပြိုင်ခဲ့သောပွဲစဉ်ဖြစ်တဲ့ ရခိုင်အသင်းနဲ့ မကွေးအသင်းမှာလည်း ရခိုင်အသင်းက မကွေးအသင်းကို လေးဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သည်။ ပထမပိုင်းတွင် မကွေးအသင်းက ပွဲကစားချိန် ၄၃ မိနစ်တွင် စိုးလွင်လွင်က ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဒုတိယပိုင်းတွင် စိုးမြတ်သူက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ရာမှ ရခိုင်အသင်းက ခြေပဂိုးပြန်လည်ရရှိခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် ရခိုင်အသင်းကစားပုံပိုမိုကောင်မွန်လာခဲ့ပြီး အနိုင်ဂိုးများကို ပွဲချိန် ၆၃ မိနစ်တွင် ဆင်မြုရယ်၊ ပွဲချိန် ၆၇ မိနစ်တွင် ဇော်သိန်းဝင်း၊ ပွဲချိန် ၈၄ မိနစ်တွင် ဇော်ဇော်နိုင်တို့က သွင်းယူခဲ့ကြသည်။ဆီမီးဖိုင်နယ်ပွဲစဉ်ကို ရှမ်းယူနိုက်တက်အိမ်ကွင်းဖြစ်သော တောင်ကြီးကွင်း၌ ပထမအကျော့ကို မေ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဇွန်လ ၁ ရက်နေ့တွင် ရခိုင်အိမ်ကွင်းဖြစ်သော ဝေသာလီကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။
By: Hlwan Moe / Wint Mu Mu Kyaw
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

