2019.08.09LIFE&TREND
Generation Zero (PC)
ယခုတစ်ပတ်မှာ ထွက်ရှိလာတာကတော့ Shooting ဂိမ်မာတွေ စိတ်ကြိုက်ဆော့ကစားရမယ့် Generation Zero ဆိုတဲ့အခွေလေးပါ။ ဒီခွေလေးကို ရေးဆွဲဖန်တီးသူရော ဖြန့်ချိသူပါ Avalanche Studios အုပ်စုဖြစ်ပြီး ပလက်ဖောင်းတွေအနေနဲ့ကတော့ Microsoft Windows မှာသာမက PS4 နဲ့ Xbox One တို့မှာပါ တစ်ပြိုင်တည်း ကစားနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းပလေးပုံစံအနေနဲ့ ဒုတိကမ္ဘာစစ်အပြီးမှာ 1980 ခုနှစ် ၀န်းကျင်ကာလ ဆွီဒင်နိုင်ငံကာကွယ်ရေးအတွက် ရည်ရွယ်တည်ဆောက်ဖန်တီးထားတဲ့ အနာဂတ်စက်ရုပ်တွေအပေါ်မှာ ထိန်းချုပ်ကွပ်ကဲနိုင်မှုတွေပျက်စီးပြီး လူသားတွေကို ပြန်လည်ရန်ပြု ကျူးကျော်စစ်တွေ ဆင်နွှဲလာတာကြောင့် တန်ပြန်စစ်ဆင်ရေးတွေ ပြုလုပ်ရမယ့်ဇာတ်လမ်းမျိုး ၀င်ရောက်ဆော့ကစားရမှာပါ။

ရန်သူ့စက်ရုပ်တွေအနေနဲ့ ကိုင်ဆောင်ထားတဲ့လက်နက်တွေ အဖျက်စွမ်းအားတွေ စတဲ့ Ability တွေပေါ်မူတည်ပြီး Tick, Seeker, Runner, Hunter, Harvester, Tank ဆိုပြီး အမျိုးအစား 6 မျိုး ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။ နောက်ခံမြေပုံပိုင်းမှာတော့ မြို့တွင်း၊ တောတွင်း၊ တောင်ပေါ်ဒေသ စတဲ့ နယ်မြေဒေသအခြေအနေ အမျိုးမျိုးကို ဖန်တီးပေးထားပြီး The Archipelago, The South Coast, The Farmlands, The Forest, The Mountains, The Marshlands, North Coast Region ဆိုပြီး Region အကြီးစား 7 ခု ပါ၀င်မှာပါ။ The Archipelago မြေပုံမှာ Main Mission 11 ခု ၊ Side Mission 8 ခု ဖြတ်ကျော်ရမှာဖြစ်ပြီး The South Coast မှာတော့ Main Mission 3 ခု ၊ Side Mission 9 ခု ဖြတ်ကျော်ရမှာပါ။

The Farmlands Region မှာလည်း Main Mission 3 ခု ၊ Side Mission 9 ခု ထည့်သွင်းပေးထားပြီး The Forest မှာ Main Mission 5 ခု ၊ Side Mission 4 ခု ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။ The Mountains အနေနဲ့ Main Mission 4 ခု ၊ Side Mission 6 ခု ကျော်ဖြတ်ရမှာဖြစ်ပြီး The Marshlands မြေပုံမှာတော့ Main Mission 5 ခု ၊ Side Mission 6 ခု ကျော်ဖြတ်ရမှာပါ။ နောက်ဆုံး North Coast Region မြေပုံမှာလည်း Main Mission 5 ခု ၊ Side Mission 6 ခု ကျော်ဖြတ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ လက်နက်ပိုင်းတွေမှာလည်း Handguns, Shotguns, Submachine Guns, Rifles, Assault Rifles, Recoilless Rifle စတဲ့ လက်နက်ကြီးငယ်တွေ အမျိုးအစားစုံလင်အောင်ပါ၀င်မှာဖြစ်ပြီး Utility ပိုင်းအနေနဲ့ မှန်ပြောင်း၊ ဓာတ်မီး၊ ရေဒီယို၊ ကျည်ဘောက်၊ မီးခိုးဗုံး အစရှိတာတွေနဲ့အတူ Adrenaline Shot, Simple First Aid Kit, Standard First Aid Kit, Advanced First Aid Kit, Paramedic Response Pack စတဲ့ ကျန်းမာရေးအထောက်အကူပြု Recover ပိုင်းတွေလည်း ပြည့်စုံအောင် ထည့်သွင်းဖန်တီးပေးထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မီးကျည်၊ မီးမွှေးတာ၊ တင့်ဖျက်မိုင်း၊ မြေမြှုပ်မိုင်း၊ အဆိပ်ငွေ့ဗုံး၊ လက်ပစ်ဗုံး အစရှိတဲ့ Explosive ပိုင်းဆိုင်ရာတွေနဲ့ ကားဘက်ထရီ EMP လိုမျိုး Accessories တွေလည်း စုံလင်အောင်ပါ၀င်မှာပါ။ Vehicle တွေအနေနဲ့ Cykel – Sky Blue, Green Bike, Cykel – Ruby Red ဆိုပြီး 3 မျိုး ဖန်တီးပေးထားမှာဖြစ်ပြီး ကန့်သတ်ချက်အနေနဲ့ကတော့ ယာဉ်စီးနေစဉ်အတွင်းမှာ လက်နက်တွေကို အသုံးချခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးကို Single Player အပြင် Co-Op Multiplayer အနေနဲ့လည်း 3 ဦးအထိ ပူးပေါင်းဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Generation Zero ကို ဆော့ကစားမယ်ဆိုရင်တော့ OS : 64bit OS – Windows 7 with Service Pack 1, Processor : Intel i5 Quad Core, Memory : 8GB RAM, Graphics : nVidia GTX 660 / ATI HD7870 – 2GB VRAM / Intel Iris Pro Graphics 580, Storage : 35GB အနည်းဆုံး လိုအပ်မှာပါ။ ၀ယ်ယူဆော့ကစားချင်တယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်တိုင်းမှာရှိတဲ့ Excellent Softwares & games ဆိုင်တိုင်းမှာ Generation Zero ကို မေးမြန်းဝယ်ယူရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။
စာရေးသူ : GT (Excellent)
Credit : NetGuide Journal (Every Wednesday)
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

