2019.11.01FOOD
မြန်မာ့ရေချိုငါးများကို ပြည်ပသို့အဓိက တင်ပို့ရောင်းချနေသော Grand Wynn Co.,Ltd
မြန်မာနိုင်ငံ၏ အကြီးကျယ်အခမ်းနားဆုံးသော MYANFOOD / MYANHOTEL 2019 နိုင်ငံတကာအဆင့်မီ စားသောက်ကုန်နှင့် ဟိုတယ်ပိုင်းဆိုင်ရာကုန်ပစ္စည်းပြပွဲကြီးကို သာကေမြို့နယ်၊ မင်းနန္ဒာလမ်းမ Fortune Plaza Compound, Myanmar Expo Hall ခန်းမတွင် ယနေ့ အောက်တိုဘာလ (၃၁) ရက်နေ့တွင် စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ပြပွဲကို အောက်တိုဘာလ (၃၁) ရက်နေ့မှ နို၀င်ဘာလ(၂)နေ့အထိ (၃)ရက်တိုင်တိုင် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်နေသူများ၊ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူများအတွက် လိုအပ်သော ကုန်ပစ္စည်း/နည်းပညာများကို တစ်နေရာတည်းမှာ လေ့လာဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပြပွဲကြီး၏ အထူးအစီအစဉ်အနေဖြင့် ပြပွဲတက်ရောက်လာသူများအား Lucky Draw အစီအစဉ်များအပြင် ပြပွဲကာလ အထူးလျှော့ဈေးများဖြင့် ရောင်းချပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
Yangon Style မှ ပြပွဲတွင် လာရောက်ပြသသော Grand Wynn Manufacturing Limited မှ တာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အရင်ဆုံး ကုမ္ပဏီနာမည်ကို မိတ်ဆက်ပေးပါဦး အမ။
ဟုတ်ကဲ့ အမတို့ ကုမ္ပဏီနာမည်က Grand Wynn Manufacturing Limited ဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အမ။ အမရဲ့နာမည်နဲ့ တာဝန်ယူထားတဲ့အပိုင်းလေးကိုလည်း ပြောပေးပါဦး ရှင့်။
အမ နာမည်က မယမင်းသူပါ။ အမက Export Manager ပါ ညီမ။
အမတို့ ကုမ္ပဏီက ဘယ်လိုလုပ်ငန်းမျိုးတွေ လုပ်ဆောင်နေပါသလဲရှင့်။
အမတို့က Seafood (ပင်လယ်စာ) တွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့ရောင်းချနေပါတယ်။ အခု ပြည်တွင်းမှာပါ ဖြန့်ဖြူးပေးနေပါပြီ ညီမ။
အမတို့ ကုမ္ပဏီအနေနဲ့ ဘယ်နိုင်ငံတွေကို တင်ပို့ပေးနေပါသလဲ ရှင့်။
အဓိကကတော့ UK (United Kingdom) ကို တင်သွင်းနေပါတယ်။ ပြီးတော့ အမတို့က ဒူဘိုင်း (Dubai)၊ ကာတာ (Qatar)၊ ဆော်ဒီအာရေဗျ (Saudi Arabia)၊ မလေးရှား (Malaysia) စသည်ဖြင့် နိုင်ငံတော်တော်များများကို တင်ပို့နေပါတယ် ညီမ။

ပြည်ပကိုတင်ပို့တဲ့အခါမှာ အဓိကအနေဖြင့် အများဆုံးတင်ပို့နေရတဲ့ ထုတ်ကုန်က ဘာများလဲရှင့်။
အမတို့ အဓိကတင်ပို့နေတာကတော့ မွေးမြူရေးရေချိုငါးတွေပါ ညီမ။ အမတို့ရဲ့ ၈၀% လောက်က ရေချိုငါးတွေဖြစ်တဲ့ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးသလောက်တွေကို အေးခဲပြီးတော့ Frozen Container တွေနဲ့တင်ပို့ပေးနေပါတယ် ညီမ။

အသင့်စား စားသောက်ကုန်ရော ထုတ်ပါသလား အမ။
အမတို့က အသင့်စားအနေနဲ့ Fish Finger ၊ Fish Square ဆိုပြီးထုတ်ထားပါတယ်။ ငါးအသားလွှာကို ထိုင်းကနေမှာထားတဲ့ coding အမှုန့်ကပ်ထားပြီး Process တစ်ခုအဖြစ် ပြည်တွင်းမှာရော ပြည်ပမှာပါ ဖြန့်ဖြူးရောင်းချနေပါတယ်။ ပြည်တွင်းမှာဆို Citymart ၊ Supermarket ၊ Captial တွေမှာ အကုန်ရှိပါတယ် ညီမ။

ပြည်တွင်းမှာ အရောင်းရဆုံးက ဘာဖြစ်မလဲအမ။
Fish Finger က အရောင်းရဆုံးပဲ ညီမ။ သူကလေ အအေးခန်းထဲကထုတ်ပြီး ကြော်လိုက်ရုံပဲဆိုတော့ စားရတာလွယ်ကူပြီး အရသာအနေနဲ့ ကောင်းမွန်တော့ လူကြိုက်များတယ် ညီမ။
အမတို့ရဲ့ Grand Wynn ကုမ္ပဏီက ပြည်ပကိုတင်ပို့နေတာ ကြာပြီလားအမ။
ဟုတ်ကဲ့ အမတို့တင်ပို့နေတာ နှစ် (၃၀) ရှိပြီ။ အမတို့စက်ရုံက EU အသိအမှတ်ပြုလည်းရထားတယ်။ ပြီးတော့ ISO လည်းရရှိထားတဲ့စက်ရုံပါ ညီမ။
ဟုတ်ကဲ့ အမ။ အမတို့ ကုမ္ပဏီကအရည်အသွေးကောင်းမွန် မှန်ကန်လို့လည်း နှစ် (၃၀) ကြာ အောင်မြင်ရပ်တည်နိုင်ခဲ့တာပေါ့နော် အမ။ အခုပွဲကို လာရောက်ကြည့်ရှုလေ့လာကြတဲ့ ဧည့်သည်တွေကို အမတို့ ကုမ္ပဏီအနေနဲ့ တစ်ခုခုပြောပေးပါဦး အမ။
ဟုတ်ကဲ့ပါ ညီမ။ အမတို့ ကုမ္ပဏီက ပြည်တွင်းမှာရှိတဲ့ Restaurants တွေ Hotels တွေသာမက စားသုံးသူတွေဆီ တိုက်ရိုက်ရောက်စေတဲ့ Citymart ၊ Supermarket ၊ Captial စသည့် နေရာတွေကနေတစ်ဆင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး ကမ္ဘာ့အဆင့်မှီတဲ့ စားသောက်ကုန်တွေကို ဖြန့်ဖြူးရောင်းချဖို့ အမတို့ကုမ္ပဏီက လုပ်ဆောင်နေပါတယ်လို့ ပြောကြားလိုပါတယ် ညီမ။
ဟုတ်ကဲ့ပါ အမ။ အခုလိုအချိန်ပေးပြီးဖြေကြားပေးတဲ့ Grand Wynn Manufacturing Limited မှ Export Manager မယမင်းသူကိုလည်း ညီမတို့ Yangon Style Media မှ အထူးကျေးဇူးတင်ပါတယ်အမ။
နေရာ : Myanmar Expo Hall @ Fortune Plaza ၀န်း၊ မင်းနန္ဒာလမ်းမ၊ သာကေတမြို့နယ်၊ ရန်ကုန်
Date : 31st Oct – 2nd Nov 2019
Time : 10:00 AM – 5:30 PM
(ထိခိုက်ကျကွဲနိုင်သော စက်နှင့်ပစ္စည်းများ ခင်းကျင်းပြသထားမည်ဖြစ်သောကြောင့် (၁၄) နှစ်ပြည့်ပြီးသူများသာ ပြပွဲခန်းမအတွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။)
By : Laimar & Yathaw
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

