fb_icon

bnr_tob_1

2019.05.31LIFE&TREND

Happy Death Day 2U Movie Review

အားလုံးပဲမင်္ဂလာပါရှင်။
ဒီတစ်ခေါက်ပြောပြချင်တဲ့ ဇာတ်ကားလေးကတော့ Happy Death Day 2U ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ February 2019 မှာ officially released လုပ်ခဲ့တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဒါရိုက်တာကတော့ Paranormal Activity ဇာတ်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့ Christopher Landon ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ 2017 မှာ ထုတ်ခဲ့တဲ့ Happy Death Day ရဲ့အဆက်အဖြစ် ထွက်ခဲ့တာဆိုလည်း မမှားပါဘူး။ အရင်ကားမှာတော့ Tree Gelbman ဆိုတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဟာ သူ့မွေးနေ့မနက်မှာ နိုးထခဲ့တယ်။ ပုံမှန်နေ့တွေလို တစ်ရက်တာ ကုန်ဆုံးခဲ့ပေမဲ့ အဲဒီညမှာတော့ babyface မျက်နှာဖုံးတပ်ထားတဲ့ လူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ Happy Birthday မဟုတ်ဘဲ Happy Death Day ဖြစ်သွားတယ်ပေါ့နော်။ :3
ထူးဆန်းတာက သူဟာ သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာခဲ့ပြီး ညရောက်တိုင်း အသတ်ခံနေရတော့တာပဲ ဖြစ်ပါတယ်။ ပထမဇာတ်ကားမှာတော့ သူဟာ သတ်တဲ့လူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အခုဒုတိယကားမှာတော့ Tree ရဲ့ချစ်သူကောင်လေးရဲ့ သူငယ်ချင်း Ryan ဟာဆိုရင် Tree လိုပဲ အသတ်ခံရပြီး အဲဒီနေ့တစ်နေ့ထဲကိုပဲ looping ပတ်နေတဲ့အဖြစ်ကို ရောက်နေခဲ့ပါတယ်။ ဒါကို Tree နဲ့ သူ့ချစ်သူတို့ဟာ ကူညီဖို့ဆုံးဖြတ်ရင်း Tree တစ်ယောက် အရင်က အဖြစ်အတိုင်း ပြန်လည်ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ Tree ဟာ သာမာန်တစ်ရက်တည်းကိုပဲ နိုးထလာတာမျိုးမဟုတ်ဘဲ အခြားသော Dimension တစ်ခုကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ Multiverse Theory တွေ ပါလာတာဖြစ်တဲ့အတွက် ပထမဇာတ်ကားနဲ့မတူတဲ့ အရသာကို ခံစားရမှာ ဖြစ်ပြီး နောက်အဆက်ပိုင်းအတွက် ရင်ခုန်နေရမှာလည်း ဖြစ်ပါတယ်။
ပထမကားကို ကြည့်ခဲ့တဲ့သူတွေ ပိုပြီးကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဆက်ဆက်ကြည့်ဖို့ ညွှန်ပေးလိုက်ပါတယ်နော်။

By: KST

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img