fb_icon

bnr_tob_1

2019.09.06FEATURE

လှိုင်သာယာအတွက် အပြောင်းအလဲ

By ဗညားလှိုင်ဦး

ယခုလှိုင်သာယာမြို့နယ် ကို မြို့ နယ်နှစ်ခုခွဲရန် လှိုင်သာယာမြို့နေ ပြည်သူများထံ ဆန္ဒတောင်းခံနေ မှုများ ပြုလုပ်နေပြီဖြစ်သည်။ ပြည်သူတွေ ဘယ်လိုဆန္ဒရှိသလဲ၊ မြို့နှစ်မြို့ ခွဲခြင်းကြောင့် အကောင်း၊အဆိုး ရလဒ်တွေ ဘယ်လိုဖြစ်ပေါ်နိုင်သလဲ၊ အားသာချက်၊ အားနည်းချက် ဘယ်လိုရှိသလဲစသည့် အကြောင်းအရာများကို ယနေ့ဆွေးနွေးလိုပါသည်။

လှိုင်သာယာမြို့နယ် နှစ်ခုခွဲ ရန် ကိစ္စသည် ဇွန်လကုန်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုမှ အစပျိုးလာခြင်းဖြစ်သည်။ လှိုင်သာယာမြို့နယ်သည် ကြီးမားပြီး လူဦးရေများပြားသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသာ စီမံအုပ်ချုပ်နေရခြင်း၊ မြို့နယ်တစ်ခု စာသာ ဘတ်ဂျက်ရရှိခြင်းစသည့် မနိုင် ဝန်ထမ်းနေရသည့် အခြေအနေတွင် ရှိသဖြင့် အပြောင်းအလဲပြုလုပ်ရန် ပြန်လည်သုံးသပ်နေရ သည်ဟု သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုခဲ့သည်။

လူဦးရေများပြားမှုကြောင့် အုပ်ချုပ်ရေးပိုင်းမှ မနိုင်ဝန်ထမ်း နေရသည့် ပြဿနာသည် တရား ဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာ ခဲ့သည့် လှိုင်သာယာတွင် ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုဆိုသည်မှာ နေ့စဉ်လိုလို ဖြစ်ပွားနေသည့် ထမင်းစားရေသောက်ကိစ္စများပင် ဖြစ်၏။တချို့အမှုများမှာ ရဲစခန်းရောက်သည်။ တချို့အမှုများကတော့ ရဲစခန်းရောက်လည်း ထူးမှာ မဟုတ်ပါဘူးဟူ၍ ပြီးသွားကြ၏။

မကြာမီက (၇)ရပ်ကွက်အ တွင်းရှိ မိတ်ဆွေတစ်ဦး၏ အိမ် ဖောက်ထွင်းခံခဲ့ရသည်။ သူ့အိမ် တွင် တယ်လီဖုန်းအရောင်းဆိုင် နှင့် ကွန်ပျူတာ သင်တန်းကျောင်း ဖွင့်ထားသည်။ လက်ကိုင်ဖုန်းအ လုံး ၅၀ ခန့်ပါသွားသည်ဟု ပြော သည်။ စိတ်ဝင်စားစရာကောင်း သည်မှာ သူ့အိမ်တွင် စီစီတီဗီများ တပ်ထားပြီး ဖောက်ထွင်းသူ၏ ရုပ်ပုံပေါ်ပါလျက် ယခုအချိန်ထိ ဖမ်းမမိသေးခြင်းပင် ဖြစ်၏။ စီစီ တီဗီတွင် ပေါ်သောရုပ်ပုံတွင် ဖောက်ထွင်းသူသည် ဓားကိုခါးကြားထိုးထားပြီး ဖောက်ထွင်းချိန်၌ အိမ်ရှင်များ အိပ်ရာကနိုးပြီး ဖောက်ထွင်းသူနှင့် ပက်ပင်းမတိုးသည်ကပင် ကံကောင်းသည်ဟု ယူဆရမည်ဖြစ်သည်။

စာရေးသူကိုယ်တိုင်လည်း မကြာမီက လှိုင်သာယာဘတ်စ် ကားပေါ်တွင် ခါးပိုက်နှိုက်များနှင့် ကြုံတွေ့ခဲ့ရသည်။ ဈေးလေးမှတ် တိုင်မှ ရုံးရှေ့မှတ်တိုင်ကြား (၅၃ )မီနီဘတ်စ်ပေါ်တွင် ဖြစ်၏။ လွယ် အိတ်ထဲတွင် ရုံးသုံးစာရွက်၊ စာ တမ်းများသာ ရှိသဖြင့် ပေါ့ပေါ့ပဲ နေလိုက်သည်။ မှတ်တိုင်ဝက် လောက် အရောက်တွင် နောက်မှ ထိုင်ခုံရသည့် အမျိုးသမီးတစ်ဦး က လက်ကုတ်ခါ မေးငေါ့ပြသဖြင့် လှည့်ကြည့်မိသည်။ ကိုယ့်နောက် တွင် လူလတ်ပိုင်း အမျိုးသားနှစ် ဦးရှိနေသည်။ လွယ်အိတ်ဇစ်က တစ်ခြမ်းပွင့်နေသည်။ သည်အ ချိန် ဒရိုင်ဘာကို တံခါးပိတ်ပြီး ရဲ စခန်းမောင်းခိုင်းရလျှင် ကောင်း မည်လား၊ ရဲစခန်းကလည်း နှစ် မှတ်တိုင်အလိုတွင်ရှိ၏။ သို့သော် သူတို့က သုံးဦးရှိသည်။ ကိုယ့်ကို သတိပေးသော အမျိုးသမီး၏ လုံ ခြုံရေးကလည်း ရှိသေးသည်။ ကိုယ့်မှာလည်း ဘာမှဆုံးရှုံးလိုက် တာ မဟုတ်ပါဘူးလေဟုဆိုပြီး ရှေ့မှတ်တိုင်တွင် ဆင်းလိုက်ရ သည်။ ကိုယ်က ခါးပိုက်နှိုက်ဟု အော်လိုက်၍ နံကြားဝင်လာမည့် ဓားကိုကြောက်နေရသည့်အဖြစ် ပင် ဖြစ်၏။ ကိုယ့်ဆုံးဖြတ်ချက်မှန် သည်ဟု ပြောရမည်။ နောက်ရက် များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်းရှိ ဆိုင်ကယ်တစ်စီး ကို နေ့ခင်းကြောင်တောင် သူခိုး ဝင်ခိုးသွားသည်။

လှိုင်သာယာမြို့နယ်သည် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် တည်ရှိပြီး မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ မိနစ်နှင့် ၂၀ ဒီဂရီ ၁၂ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၂ မိနစ်နှစ်နှင့် ၁၀ဝ ဒီဂရီ၁၃ မိနစ်ကြားတွင် တည်ရှိသည်။ မြို့ နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၂၆ ဒသမ ၈၀ စတုရန်းမိုင်ဖြစ်ပြီး မြို့၏ဧရိယာမှာ ၂၂ ဒသမ ၆၄ စတုရန်းမိုင် ဖြစ်သည်။ လှိုင်သာ ယာမြို့နယ်ကို ၁၉၈၉ ဇူလိုင် ၁၃ ရက်တွင် စတင်တည်ထောင်ခဲ့ ပြီး မြို့နယ်အတွင်း လူနေထိုင်မှု တစ် စတစ်စ များပြားလာသဖြင့် နယ် မြေအကျယ်အဝန်းနှင့် လူနေထိုင် မှုအရ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းများ လက်လှမ်းမီစေရန် အတွက် မြို့နယ်ကို ရပ်ကွက် ၂၀၊ကျေးရွာ ကိုးအုပ်စုတို့ဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာနက ၁၉၉၅ မတ်လ ၃၀ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ သည်။

၂၀၁၅ လဝကစာရင်းအရ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ခုနစ်သိန်း ငါးသောင်းခန့် နေထိုင် သည်ဟု သိရှိရသည်။ ယခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့သော စည်ပင်ဒေသန္တရရွေးကောက်ပွဲ တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ လေးသိန်း တစ်သောင်းကိုးထောင် ခန့် ရှိခဲ့သည်။ ယခု လူဦးရေစာ ရင်းကောက်ယူမှု လုပ်ငန်းတွင်မူ လှိုင်သာယာလူဦးရေအား ကိုး သိန်းခန့်ရှိမည်ဟု ခန့်မှန်းကောက် ခံလျက် ရှိ၏။

လှိုင်သာယာမြို့နယ်ကို အ ရှေ့နှင့် အနောက်၊ တောင်နှင့် မြောက်မည်သို့ပင် နှစ်ခုခွဲသည် ဖြစ်စေ ထိုသို့ခွဲ၍ မြို့နယ်နှစ်ခု အုပ်ချုပ်ခြင်းကြောင့် တရားဥပ ဒေစိုးမိုးရေး ပိုမိုအားကောင်းလာ မည်ဟု မြို့နေပြည်သူအများစုက ယုံကြည်နေကြသည်။ လှိုင်သာ ယာမြို့နယ်အတွင်းရှိ လူဦးရေအ များဆုံးနေထိုင်သော ရပ်ကွက် များမှာ (၅)ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၇)ရပ်ကွက်နှင့် ၂၀ ရပ်ကွက်များ ဖြစ်သည်။ တစ်ရပ်ကွက်တွင် လူဦးရေ လေးသောင်းခန့် နေထိုင်ကြသည်။ ထိုလူဦးရေသည် ရန်ကုန်မြို့ထဲမှ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ် လူ ဦးရေတို့နှင့် မတိမ်းမယိမ်းဖြစ်နေ သည်။ သည်ကရပ်ကွက်တွေမှာ က ရဲကင်းတစ်ခုနှင့် ရဲသားနှစ် ယောက်လောက်သာ ရှိသည်။ ဟို မှာက မြို့နယ်မှူး၊ စခန်းမှူးတွေ ရုံးထိုင်ကြသည်။ လှိုင်သာယာကို မြို့နယ်ခွဲပြီးနောက် လူဦးရေများ ပြားသော ရပ်ကွက်များကိုလည်း ရပ်ကွက်နှစ်ခုခွဲသင့်သည်ဟု ထင် မိသည်။

လှိုင်သာယာမြို့နယ်တွင် လူဦးရေ များပြားရခြင်း အ ကြောင်းရင်းမှာ မြို့နယ်ဧရိယာ ကျယ်ဝန်းပြီး စက်မှုဇုန်များ ဝိုင်းရံ နေ၍လည်း ဖြစ်သည်။ ဓားမဦးချ နေထိုင်သူထက် ယာယီအိမ် ထောင်စု စာရင်းဖြင့် နေထိုင်သူ၊ ရွှေ့ပြောင်းနေထိုင်သူများ များ ပြား၏။ သင်္ကြန်တွင်း စက်ရုံပိတ် ရက်များကို ရန်ကုန်သားတွေက တောသားကင်းစင် ရန်ကုန်တစ် ခွင်ဟု ခေါ်ဆိုကြသည်။ ဧရာဝတီ တိုင်း၊ ရခိုင်ပြည်နယ်နှင့် အညာ တစ်ခွင်က ရန်ကုန်သို့လာ၍ အ သက်မွေးဝမ်းကျောင်းသူများ အားလုံး ဇာတိမြေသို့ ပြန်ကြ သည်။ ရွာပြန်ရောက်၍ အမျိုး၊ အဆွေများနှင့် တွေ့၊ ရပ်ဆွေရပ် မျိုးများနှင့်တွေ့ပြီး ရွာမှ ရန်ကုန် သို့ အပြန်တွင်နောက်မှ အလုပ် လုပ်ကိုင်လိုသူတွေ လိုက်ပါလာ ကြသည်။ တစ်ယောက်ပြန်လျှင် ငါးယောက်ပြန်လာတယ်ဟုဆို ကြ၏။ ထို့ကြောင့် လှိုင်သာယာ တွင် အဆောင်ပေါင်း ၆,ဝ၀ဝ ကျော်လောက် ရှိနေသည်။ ဆိုလို ချင်သည်က လူဦးရေက ဆက် လက်တိုးပွားနေဦးမည်ဆိုသည့် သဘောဖြစ်သည်။

ထိုသို့ တိုးပွားနေသည့် လူဦး ရေကို တရားဥပဒေစိုးမိုးရေးအ တွက် အုပ်ချုပ်ရေးပိုင်းကလည်း ဇောက်ချမလုပ်နိုင်သေးပါ။ လူဦး ရေများပြားမှုနှင့်အညီ အခြား သော ပြဿနာများက ယှဉ်တွဲ လိုက်ပါနေသည်။ ဥပမာ အလုပ် သမားပြဿနာ၊ ကျူးကျော်ပြဿ နာ၊ မြေယာပြဿနာများသည် လှိုင်သာယာကိုနေ့စဉ် စိန်ခေါ်နေ သော ပြဿနာများ ဖြစ်သည်။

လှိုင်သာယာကို နှစ်မြို့နယ် ခွဲခြင်းအတွက် စိုးရိမ်ပူပန်မှုရှိနေ သော ကိစ္စရပ်များလည်း ရှိနေပါ သည်။ အကယ်၍ လှိုင်မြစ်ကိုမူ တည်ပြီး အရှေ့ခြမ်း၊ အနောက် ခြမ်းခွဲမည်ဆိုပါက အရှေ့ခြမ်း တွင် လှိုင်သာယာ၏ ဖွံ့ဖြိုးတိုး တက်မှုများစွာ ပါသွားမည်ကို စိုး ရိမ်ကြခြင်း ဖြစ်သည်။ ဆေးရုံ၊ အုပ်ချုပ်ရေးရုံးများ၊ ဘဏ်ခွဲများ၊ စူပါမားကက်များ၊ အဆင့်မြင့် အိမ်ရာများ၊ စက်မှုဇုန်များက အရှေ့ပိုင်းတွင် တည်ရှိနေကြ သည်။ ထို့အတွက် ပူစရာမရှိပါ။ မြို့နယ်အသစ်တစ်ခု ပေါ်ပေါက် လာသည်နှင့် မြို့အင်္ဂါနှင့်ညီမည့် အရာအားလုံးကို လုံလောက် အောင် လုပ်ဆောင်ပေးရန် အစိုး ရတွင် တာဝန်ရှိပြီး ဖြစ်ပါသည်။ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး၊ ရဲစခန်းတစ်ခု၊ ဆေးရုံတစ်ရုံစသည် ဖြင့် ဌာနဆိုင်ရာရုံးများ လာရောက် အခြေစိုက်ကြမည်ဖြစ်၏။ ဌာန ဆိုင်ရာများနှင့် ဆက်ဆံရသော ပြည်သူများအနေနှင့် ယခုလက် ရှိ နှောင့်နှေးကြန့်ကြာနေသော ကိစ္စရပ်များလည်း ပိုမိုမြန်ဆန် လာမည်ဟု ထင်မိပါသည်။ ထို့ အပြင် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ယန္တရားများ နှစ်ဆတိုးလာသကဲ့ သို့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ လည်း နှစ်ဆတိုးလာပါလိမ့်မည်။

လှိုင်သာယာမြို့နယ်ကို မြို့ နယ် နှစ်ခုခွဲခြင်းနှင့် ပတ်သက်ပြီး မြေပုံအမှုတွဲများ ပြုစုခြင်း၊ အ ပိုင်းအလိုက် လူဦးရေ၊ ဈေး၊ စာ သင်ကျောင်း၊ ဘာသာရေးဆိုင် ရာ အဆောက်အအုံစသည့် အ ချက်အလက်များကို စာရင်းပြုစု ပြီး တိုင်းအစိုးရဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြပါ လိမ့်မည်။ မြို့နှစ်ခြမ်းကွဲသွား ခြင်းသည် စိတ်ဓာတ်များ နှစ်ခြမ်း ကွဲသွားစေလို၍ မဟုတ်ပါ။ပို၍ ဖွံ့ဖြိုးတိုးတက်စေလိုသော သဘောသာ ဖြစ်ပါလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ အထက်တွင် ဆိုခဲ့သည့်အတိုင်း လှိုင်သာယာ၏ ဂုဏ်သတင်းကောင်းမွန်စေရန် လှိုင်သာယာတွင် နေထိုင်သူများထံတွင်သာ တာဝန်ရှိပါကြောင်း….။

(ဆောင်းပါးရှင် ဗညားလှိုင်ဦး သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မျက်မှောက်ရေးရာဆောင်း ပါးများ ရေးသားနေသူဖြစ်သည်)

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img