fb_icon

bnr_tob_1

2019.09.20FEATURE

Ice cream စားသုံးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူး ၆ မျိုး

Ice Cream စားသုံးခြင်းက သင့်ကို ပျော်ရွှင်စေတယ် ဆိုတာသိပြီးပြီလား !!!

အတည်ပြောတာပါ။ Ice Cream စားပေးခြင်းက သင့်ဦးနှောက်ကို ပျော်ရွှင်စေပါတယ်တဲ့။ “ ဟုတ်ရဲ့လား” လို့ ပြန်မေးခွန်းထုတ်ချင်စရာပါပဲ။ ဒါပေမဲ့ သင်အကြိုက်ဆုံး သီချင်းနားထောင်နေချိန်၊ ဒါမှမဟုတ် ထီပေါက်တဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ ပျော်ရွှင်မှုမျိုးကို Ice Cream စားချိန်မှာ သင့်ဦးနှောက်က ထုတ်ပေးပါတယ်တဲ့။ ချိုပြီးအေးမြတဲ့ အရသာက သင့်ကို ပျော်ရွှင်စေတာပါတဲ့။

ဒါ့အပြင် ကျန်းမာရေးအတွက် အခြားသော ကောင်းကျိုးများစွာကိုလည်း Ice Cream စားသုံးခြင်းဖြင့် ရနိုင်ပါသေးတယ်တဲ့။

၁။ ဝိတ်ကျစေတယ်

အံသြသွားလား!!!
အဆီဓာတ်နည်းတဲ့ Ice Cream တစ်ခွက် ပုံမှန်စားသုံးပေးတဲ့ အမျိုးသမီးတွေဟာ Ice Cream မစားတဲ့သူတွေထက် ၂၆% လောက်ပိုပြီး ဝိတ်ကျစေနိုင်ပါတယ်။ လက်တွေ့ကျကျ ပြောရရင်တော့ Ice Cream စားလို့ ဝိတ်ကျတာတော့ မဟုတ်ပါဘူး။ Ice Cream ပါဝင်နေတဲ့ Calcium ဓာတ်ကြောင့်ပါတဲ့။

၂။ ဗီတာမင် နဲ့ သတ္တုဓာတ် အပြည့်အဝ ရရှိစေတယ်

Ice cream စားတာနဲ့ သင့်ခန္ဓာကိုယ်က နို့ နဲ့ ခရင်ကို ရရှိလိုက်ပါတယ်။ အဲ့ဒီပါဝင်ပစ္စည်းတွေက calcium, vitamin A, vitamin D နဲ့ phosphorus ဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေလို့ vitamin ဆေးလုံးတွေကို တကူးတက သောက်နေဖို့ မလိုတော့ဘူးပေါ့။

၃။ ဦးနှောက် တက်ကြွနေဖို့ လှုံဆော်ပေးတယ်

လေ့လာမှုအရ Ice Cream ကို နံနက်ပိုင်းမှာ စားသုံးပေးတာဟာ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။ နံနက်စာမှာ Ice Cream စားသုံးတဲ့ လူတစ်စုနဲ့ မစားသုံးတဲ့ လူတစ်စုကို နှိုင်းယှဉ်ပြီး လေ့လာတဲ့အခါ စားသုံးသူအုပ်စုက ပိုပြီး ဖျတ်လက်နိုးကြားနေတာကို တွေ့ရှိခဲ့ရပါတယ်။

၄။ သက်လုံကောင်းစေတယ်

Ice cream မှာ ပါဝင်တဲ့ သကြားဓာတ်က သင့်တော်သလောက်စားသုံးပေးရင် သူ့မှာပါဝင်တဲ့ glucose ဓာတ်က တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်ကို လုံလုံလောက်လောက် ပေးစွမ်းတာကြောင့် သက်လုံကောင်းစေပါတယ်။

၅။ အရိုးတွေကိုသန်မာစေတယ်

ငယ်ငယ်ထဲက Calcium က သွားနဲ့အရိုးအဆစ်တွေကို သန်မာစေတယ်လို့ သိခဲ့တယ်နော်။ Ice Cream မှာ အရိုးကို သန်မာစေတဲ့ Calcium ဓာတ်တွေ အပြည့်အဝပါဝင်နေပြန်လို့ သင့်သွားနဲ့အရိုးတွေကို အသက်ကြီးတဲ့အထိ သန်မာနေစေမှာပါ။

၆။ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပြန်တယ်

အမျိုးသမီးအများစုဟာ ကယ်လစီယမ်ချို့တဲ့မှုကြောင့် ရင်သားကင်ဆာ ဖြစ်ကြတယ်လို့ သိရပါတယ်။ Ice Cream ဟာ နို့နဲ့ ပြုလုပ်တာမို့လို့ ကယ်လစီယမ်ဓာတ်တွေက ပေါပေါများများ ပါဝင်တော့ ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပြန်တယ်လေ။

Ice cream ကိုယ်တိုင်လုပ်စားကြည့်ပါ။

Ice Cream က ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေ သိပြီးပြီဆိုတော့ အဆီနည်းတဲ့ Ice cream လေး ကိုယ်တိုင် လုပ်စားကြည့်ဖို့ တိုက်တွန်းပါတယ်။ ရိုးရှင်းတဲ့ Ice Cream လုပ်နည်းလေး အခွင့်သင့်ရင် ပြောပြပေးပါအုံးမယ်။

သင့်တင့်သလောက်သာ စားသုံးဖို့ သတိပြုပါ။

Ice Cream က ကျန်းမာစေတယ်ဆိုပေမဲ့ စိတ်အလိုလိုက်ပြီး အများကြီး မစားမိဖို့တော့ သတိပြုပါ။ အစားများသွားရင် အဝလွန်တာ၊ ဆီးချိုတက်တာတွေ ဖြစ်နိုင်ပါတယ်။ Ice Cream စားပေးဖို့ မမေ့သင့်သလို အခြားကျန်းမာစေတဲ့ အစားအစာတွေကိုလည်း သင့်တင့်သလို မှီဝဲစားသုံးပါလို့ အကြံပြုပါတယ်။

Ice Cream ကပေးတဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးလေးတွေ အားလုံးသိနိုင်ဖို့ post လေးကို share ပေးပါနော်။

Sharing is Caring. Please don’t forget to like and share the post.

Photo Credit: pixabay.com

By: Laimar

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img