2019.10.17TRAVEL
မနောအလှတို့တည်ရာ မြောက်ဖျားရဲ့မြို့တော်ဆီသို့
မနောကွင်းမှာခုန်ပေါက်
ကချင်မြေဆိုတာနဲ့လူတိုင်းကဆီးနှင်းတွေဖုံးလွှမ်းတဲ့ရေခဲတောင်တွေကိုမြင်ယောင်ကြတယ် အဲဒါရဲ့အခြားတစ်ဖက်ကကချင်တွေရဲ့မြို့တော်မြစ်ကြီးနားကိုလည်းတောင်ပေါ်မြို့တစ်မြို့လို့ထင်မှတ်မှားကြတယ် ကိုယ်အပါအဝင်ပေါ့။သို့သော်မြစ်ကြီးနားသည်မြေပြန့်မြို့တော်တစ်ခုနဲ့ပိုတူပီး မြို့ပတ်ဝန်းကျင်မှာတောင်တွေကိုသိပ်မတွေ့ရပါဘူး။ဧရာဝတီမြစ်စတင်မွေးဖွားရာအရပ်မို့အနယ်နယ်အရပ်ရပ်ကခရီးသွားတွေကမြစ်ဆုံကိုအဓိကလာကြသလို ကချင်ရိုးရာမနောပွဲတော်ကိုလည်းလူတိုင်းလာကြည့်ချင်ကြတာအမှန်ပါပဲ။မြန်မာပြည်တောင်ဘက်စွန်းမှာနေတဲ့သူမို့ငယ်ငယ်ကတော့မြောက်ဖျားကကချင်မြေသည်ကိုယ့်အတွက်ဝေးလံလွန်းသည်ဟုထင်ခဲ့မိသည်။တကယ့်တကယ်ရောက်ခဲ့တော့မြစ်ကြီးနားသည်သွားလာရအရမ်းအဆင်ပြေပီးလမ်းအရမ်းသာသောမြို့ဖြစ်လို့နေသည်။
ဘယ်လိုသွားလဲ
ကား ရထား လေယာဉ် အဆင်ပြေရာနဲ့သွားလို့ရပါတယ်။ကိုယ်သွားခဲ့တာကတော့ကားနဲ့ပါ နာရီများစွာကားစီးတာနဲ့ကျင့်သားရနေတဲ့သူဆိုရင်တော့ကားနဲ့သွားပါ ခရီးမဖင့်သလို ရန်ကုန်-မြစ်ကြီးနားတိုက်ရိုက်ရောက်တဲ့ကားတွေရှိပါတယ် High class တို့ မိုးကောင်းကင်တို့အစီးများကြပါတယ်။အခုနောက်ပိုင်း မန္တလေး-မြစ်ကြီးနားရထားခရီးစဉ်ကအရမ်းနာမည်ကြီးလာပီး စီးရတာအရင်ကထက်သက်တောင့်သက်သာပိုဖြစ်လာတယ်လို့ပြောတယ်။အဲကြောင့်ရထားစီးပီးထပ်သွားကြည့်ချင်နေတယ်။အချိန်လည်းသိပ်မရှိ မြစ်ကြီးနားလည်းသွားလည်ချင်တဲ့သူတွေကတော့လေယာဉ်ပဲစီးစေချင်ပါတယ်။
ဘာတွေလည်စရာရှိလဲ
ကချင်မြေဆိုတာကတော့လည်လို့မကုန်တဲ့နေရာကြီးပါ။တစ်ခုပဲ မြစ်ကြီးနားကနေသွားရတဲ့လည်စရာနေရာတွေကနဲနဲတော့ဝေးပါတယ်။အဲကြောင့်မြစ်ကြီးနားကိုsolo travelling လုပ်ဖို့သိပ်အားမပေးပါဘူး။မြစ်ကြီးနားကအဓိကလည်စရာနေရာတွေကိုတော့ သီချင်းတွေစာတွေထဲရင်းနှီးပီးသားဖြစ်မှာပါ။ထပ်လည်လို့ရတဲ့နေရာလေးတွေကော အဓိကလည်လို့ရတဲ့နေရာလေးတွေကောပြောပြချင်ပါတယ်။
မြစ်ဆုံ

မြစ်ကြီးနားသွားတဲ့သူတိုင်းမရောက်မဖြစ်နေရာပါ။ခုနောက်ပိုင်းမြစ်ဆုံရောက်ရင်ကချင်မျိုးနွယ်စုဝတ်စုံလေးတွေနဲ့ဓာတ်ပုံရိုက်တာအရမ်းခေတ်စားပါတယ်။ရိုးရာဝတ်စုံလေးတွေနဲ့မြစ်ဆုံရဲ့ကျောက်ခဲလှလှလေးတွေပေါ်မှာဓာတ်ပုံရိုက်ခဲ့ပါ။မြစ်ကြီးနားမြို့ထဲကနေဆိုရင်တစ်နာရီကျော်လောက်သွားရပါတယ်။မြစ်ဆုံကစားသောက်ဆိုင်မှာကချင်အစားအသောက်တွေမှာစားလို့ရပါတယ်။ငါးကင်ကတော့နာမည်ကြီးပဲ။


အောင်မြေသာစံပြကျေးရွာ

မြစ်ဆုံသွားတဲ့လမ်းနဲ့တစ်ကြောထဲပါပဲ။ကျောက်တုံးတွေနဲ့စမ်းချောင်းလှလှလေးပေါ်မှာဝါးတဲလေးတွေဆောက်ထားတာ။အဓိကကတော့ရှုခင်းကြည့်ရင်းစားသောက်ဖို့အတွက်လုပ်ထားတဲ့နေရာလေးပါပဲ။ရေလည်းဆော့လို့ရတယ် ဝါးတောလေးနဲ့ကြိုးတံတားနဲ့အရမ်းကိုသာယာတာပဲ။


မနောကွင်း

မနောတိုင်တွေက ကချင်လူမျိုးတွေရဲ့အမှတ်အသားတစ်ခုဆိုတော့ သွားလေ့လာသင့်ပါတယ်။ကွင်းထဲမှာတော့ပွဲတော်ရာသီမဟုတ်ရင်ဘာမှတော့မရှိပေမယ့် မနောတိုင်တွေနဲ့ကချင်ပြည်နယ်ရောက်အမှတ်တရဓာတ်ပုံကတော့မရိုက်မဖြစ်ပေါ့။


ကရိန်နော်အပန်းဖြေဥယျာဉ်
မြစ်ကြီးနားကလူတွေအပန်းဖြေဖို့အဓိကလာကြတဲ့နေရာပါ။ဧရာဝတီမြစ်ကမ်းဘေးမှာဆောက်ထားတဲ့မြစ်ကြီးနားကအထင်ကရအပန်းဖြေစခန်းမို့သွားကြည့်သင့်ပါတယ်။
ဟိန္ဒူရွှေဘုရားကျောင်းကြီး

မြစ်ကြီးနားဈေးကြီးနား ဧရာဝတီမြစ်ကမ်းဘေးကပန်းခြံ နံဘေးမှာရှိတဲ့ဘုရားကျောင်းပါ။ညဘက်ဖြတ်သွားတော့မီးတွေနဲ့အရမ်းခမ်းနားလို့မနက်ဘက်ပြန်သွားပီးဓာတ်ပုံရိုက်ခဲ့တာ။

G.E.I.S memorial church

ကျောက်တုံးတွေနဲ့ဆောက်ထားတဲ့ဘုရားကျောင်းပါ။မြစ်ကြီးနားမှာကျောက်တုံးတွေနဲ့ဆောက်ထားတဲ့အခြားဘုရားကျောင်းတွေရှိပေမယ့်သူကတော့အထင်ကရပါ။သက်တမ်းရင့်ဘုရားကျောင်းတစ်ခုဖြစ်တယ်။

ဂျော်ဘွန်ဆုတောင်းတောင်
ခရစ်ယာန်ဘာသာဝင်တို့ရဲ့ဘာသာရေးဆိုင်ရာဆုတောင်းတောင်ပါ။အဲမှာမျှော်စင်ရှိတယ် မျှော်စင်ပေါ်ကနေမြစ်ကြီးနားတခွင်ရှုခင်းကြည့်လို့ရတယ်။
ဆဒုံးရေတံခွန်
မြစ်ကြီးနားကနေမိုင်၄၀အကျော်မှာရှိတာပါ။ခြောက်ထပ်ရေတံခွန် အဆင့်ဆင့်နဲ့အရမ်းလှတယ်ပြောတယ် မရောက်ခဲ့ဘူး။အပြန်လမ်းမှာဝါရှောင်ဆည်လည်းဝင်ခဲ့လို့ရတယ်။
ကချင်မြေမှစားစရာများ

မြစ်ကြီးနားကပြန်လာပီးကတည်းကရန်ကုန်မှာခေါပုတ်တို့ဟူးနွေးလိုက်ရှာဝယ်စားတာကိုယ်ပါ။ခေါက်ဆွဲနဲ့ပတ်သက်ရင်ရှမ်းပြည်ပဲမျက်စိထဲပြေးမြင်တာ မြစ်ကြီးနားရောက်မှ များလိုက်တဲ့ခေါက်ဆွဲစားနည်းမျိုးစုံဆိုတာ လိုက်မမှီဘူး။တို့ဟူးကိုလည်းအမျိုးစုံကြိုးခုန်လုပ်စားကြသေးတာ။မြစ်ကြီးနားမှာဟိုနေရာဒီနေရာလျှောက်မသွားပဲအစားချည်းတကားသွားရိုက်ရင်ကိုတန်တယ်။ညဈေးကကြက်ဥကဇော်ဆိုတာကတော့နာမည်ကြားလိုက်တာနဲ့မစားချင်ဘူး ဘယ်လိုကြီးလဲလို့။မြည်းကြည့်လိုက်မှကောင်းလိုက်တာဆိုတာလေ တကယ့်ကိုမြစ်ကြီးနားမှာမစားမဖြစ်စားခဲ့ရမယ့်ဟာပဲ။ထမင်းတွေဟင်းတွေဆိုလည်းသစ်ရွက်ကလေးတွေနဲ့ထုပ်ထားတာ။ကြက်ကချင်ချက် ငါးကချင်ချက်တို့ဆိုလည်းဖက်ရွက်ကလေးနဲ့ထုပ်ထားတဲ့အထုပ်လေးတွေစားရတာ။နောက်နာမည်ကြီးတာကစကောထမင်းပါ။

လက်ဆောင်ပစ္စည်းဝယ်စရာလေးတွေ
မြစ်ကြီးနားမှာဆားမုန့်ကတော့နာမည်ကြီးတယ်။နောက် ပယင်းပုတီးလေးတွေ လက်ကောက်လေးတွေလည်းဝယ်လို့ရတယ်။ကချင်အထည်တွေကတော့မဝယ်မဖြစ်ပေါ့။
ခုနောက်ပိုင်းဇလုံတောင်-အင်းတော်ကြီးအိုင်-မြစ်ကြီးနား အဲလမ်းကြောင်းကအရမ်းကိုသွားလာကြတော့ မြစ်ကြီးနားရောက်ရင်သွားလည်နိုင်အောင်ရေးပေးလိုက်ပါတယ်
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

